ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၃၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မသန်စွမ်းသူများ ဆောင်းရာသီအားကစားပွဲတော် ဒေါ်စုတက်ရောက် တောင်ကိုရီးယားမှာ ဒေါ်စုက မသန်စွမ်းသူများ အားကစားပြိုင်ပွဲ အဖွင့်မိန့်ခွန်းပြောခဲ့ပါတယ်။ အပြည့်အစုံ Myanmar Times အင်္ဂလိပ်အယ်ဒီတာချုပ် ဒန်ကလေ တရားစွဲခံရ Myanmar Times ဂျာနယ် အင်္ဂလိပ်ပိုင်းအယ်ဒီတာချုပ်ကို ကုမ္ပဏီဒါရိုက်တာက ကိုယ်ထိလက်ရောက်ကျူးလွန်မှုအပါအဝင် ပုဒ်မ ၂ ခုနဲ့ တရားစွဲလိုက်ပါတယ်။ အပြည့်အစုံ လက်ပံတောင်းသပိတ် ဖြိုခွဲခံရမှု ၂ လပြည့် ဆန္ဒပြ “အကောင်းဆုံးအဖြေ ထွက်မလာဘူးဆိုရင်လည်း ကျမတို့အနေနဲ့ လုံးဝ ရပ်တန့်တဲ့အထိ တောင်းဆိုဆန္ဒပြသွားမှာပါ” အပြည့်အစုံ နိုင်ငံရေးပြဿနာရဲ့ အန္တရာယ် အီဂျစ်စစ်တပ် သတိပေး "အီဂျစ်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဓိကရုဏ်းတွေကြောင့် နိုင်ငံပြုကွဲသွား နိုင်တယ်လို့ အီဂျစ်စစ်တပ် အကြီးအကဲ က သတိပေးလိုက်ပါတယ်။" အပြည့်အစုံ ဒေါ်စု တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့တွေ့ဆုံ "ကျမတို့ရဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်ပုဂ္ဂိုလ်ကို မဆို ကူညီနိုင်တဲ့ အနေအထားမျိုး ရောက်ရှိလာမယ့် အဆင့်အထိ တိုးမြင့်သွားဖို့ မျှော်လင့်ပါတယ်။" - ဒေါ်အောင်ဆန်းစုကြည် အပြည့်အစုံ ကချင်ပဋိပက္ခ UWSA ကြားဝင်စေ့စပ် "KIO အဖွဲ့အနေနဲ့ နိုင်ငံတော်အစိုးရနဲ့ ၀ ပြည်နယ် ပန်ဆန်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ သူတို့ လက်ခံတယ်လို့ ပြောပါတယ်။" အပြည့်အစုံ နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် John Kerry ကို လွှတ်တော်အတည်ပြု မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ဦးဆောင်ရေးဆွဲခဲ့သူ ဂျွန်ကယ်ရီ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတာကြောင့် မြန်မာပြည်အတွက် အကောင်းမြင်နေကြပါတယ်။ အပြည့်အစုံ တရုတ်မျက်မမြင် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ တရုတ်နိုင်ငံ မျက်မမြင် လူ့ခွင့်အရေးလှုပ်ရှားသူ Chen Guangcheng ကို အမေရိကန် လူ့အခွင့် အရေးဆု မနေ့က ချီးမြှင့်လိုက်ပါတယ်။ အပြည့်အစုံ Aleppo မြစ်တစင်းထဲ အနည်းဆုံး ၆၅ လောင်းတွေ့ရှိ ခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ ကြိုးတုပ်ခံထားရတဲ့ အလောင်း ၆၅ လောင်းကို အာလက်ပိုမြစ်ထဲမှာ တွေ့ရကြောင်း ဆီးရီးယားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုးရီးယား ခရီးစဉ်၊ ကချင်သူပုန်နဲ့ မြန်မာ အစိုးရ ဆွေးနွေးတော့မယ် ဆိုတာနဲ့ အတူ ထူးခြားတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းစုံလင် အပြည့်အစုံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဟာဝိုင်အီခရီးစဉ်အပြီး၊ တနင်္လာနေ့မှာ တောင်ကိုရီးယားနိုင်ငံ ၅ ရက် တာခရီးစဉ်ကို စတင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ ဒေါ်အောင် ဆန်းစုကြည်ဟာ မကြာခင်မှာပဲ တောင်ကိုရီးယား သမ္မတတာဝန် ကို ထမ်းဆောင်တော့မယ့် မစ္စစ် ပတ်ဂွန်ဟဲ၊ တောင်ကိုရီးယား လက်ရှိသမ္မတ အီမြောင်ဘတ်တို့ နဲ့ သီးခြားစီတွေ့ဆုံပြီး၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေး နွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုရီးယားခရီး စဉ်အကြောင်း အသေးစိတ်ကိုတော့ ကိုကျော်သိင်္ခက စုစည်းတင် ပြပေးထားပါတယ်။ အပြည့်အစုံ တရုတ်နိုင်ငံဟာ မြောက်အမေရိကတိုက်ပြီးရင် ကမ္ဘာ့ပေါ်မှာ ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက် ဖြစ်လာနေပြီး၊ တရုတ်နိုင်ငံမှာ ရုပ်ရှင်လက်မှတ်ကရတဲ့ ၀င်ငွေဟာ တနှစ်ကို ၃၀ ရာခိုင်နှုန်း တိုးလာနေပါတယ်။ ဒါ့အပြင် ဖျော်ဖြေရေးလုပ်ငန်းတွေမှာလုပ်နေတဲ့ တရုတ်နိုင်ငံရဲ့ ဖက်စပ်လုပ်နေတာတွေဟာလည်း ကျယ်ပြန့်လာနေပြီး၊ ဟော်လီဝုဒ်မှာ လုပ်နေတဲ့ ပုံစံတွေအတိုင်း ပြောင်းလဲလုပ်ဆောင်လာနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဗီအိုအေသတင်းထောက် Mike O’Sullivan သတင်းပေးပို့ထားတာ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးဝါးဝါး ဖြစ်တာကြောင့် မြို့နေ လူထုဟာ အငှားစက်ဘီးတွေကို အသုံးပြုနေကြပါတယ်။ လက်ရှိ ဂျာကာတာရဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကိုလည်း စက်ဘီးတွေက လိုက်နာစရာ မလိုဘဲ လွတ်လွတ်လပ်လပ် အသုံးပြုနေနိုင်တာကြောင့် အငှားစက်ဘီးတွေလည်း သိသိသာသာ များလာပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့နဲ့ များပြားလာတဲ့ အငှားလိုက်တဲ့ စက်ဘီးတွေကို အာဏာပိုင်တွေကတော့ ထိန်းသိမ်း လုပ်ဆောင်နိုင်ရေး ကြိုးစားနေတဲ့ အကြောင်း မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မသန်စွမ်းသူများ ဆောင်းရာသီအားကစားပွဲတော် ဒေါ်စုတက်ရောက်
Myanmar Times အင်္ဂလိပ်အယ်ဒီတာချုပ် ဒန်ကလေ တရားစွဲခံရ
လက်ပံတောင်းသပိတ် ဖြိုခွဲခံရမှု ၂ လပြည့် ဆန္ဒပြ
နိုင်ငံရေးပြဿနာရဲ့ အန္တရာယ် အီဂျစ်စစ်တပ် သတိပေး
ဒေါ်စု တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့တွေ့ဆုံ
ကချင်ပဋိပက္ခ UWSA ကြားဝင်စေ့စပ်
နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် John Kerry ကို လွှတ်တော်အတည်ပြု
တရုတ်မျက်မမြင် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ
Aleppo မြစ်တစင်းထဲ အနည်းဆုံး ၆၅ လောင်းတွေ့ရှိ
No comments:
Post a Comment