Tuesday, April 17, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

နျူကလီးယား အရေး စိုးရိမ်မှု အီရန် ဖြေရှင်းရန် အသင့်

အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေးမယ်ဆိုရင် နျူကလီးယား ကိစ္စကို ဖြေရှင်းသွားဖို့ အသင့် ရှိတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး က ပြောလိုက်ပါတယ်။

ဂျင်(မ်)ယုံကင်(မ်) ကို ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်

အာရှနွယ်ဖွား အမေရိကန် နိုင်ငံသား ဂျင်(မ်)ယုံကင်(မ်) Jim Yong Kim ကို ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌသစ် အဖြစ် ရွေးလိုက်ပါတယ်။

မြန်မာအပေါ် ဒဏ်ခတ်မှု တချို့ သြစတြေးလျ ရုပ်သိမ်း

သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ ပေးလိုက်ပါပြီ။

မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု နော်ဝေ ရုပ်သိမ်း

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်း လိုက်ပြီလို့ နော်ဝေနိုင်ငံခြားရေး ၀န်ကြီးဌာန က ကြေငြာချက် ထုတ်ပြန်ပါတယ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တည်ထောင်

ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို စတင် တည်ထောင်လိုက်တာပါ။

လူသတ်ကြောင်း ဝန်ခံသူ နော်ဝေ နိုင်ငံသား အပြစ်မရှိကြောင်း လျှောက်လဲ

လက်ယာယိမ်း စစ်သွေးကြွ နော်ဝေးနိုင်ငံသားက လူ ၇၇ ယောက်ကို သတ်ခဲ့တယ်လို့ ၀န်ခံလိုက်ပေမဲ့ အပြစ်မရှိကြောင်း တရားခွင်မှာ ထွက်ဆိုပါတယ်

Norwegian Anders Behring Breivik appears in court to face terrorism and premeditated murder charges, Oslo, Norway. Breivik, who confessed to killing 77 people in a bomb-and-shooting massacre went on trial in Norway's capital Monday, defiantly rejecting th

မြောက်ကိုးရီးယား ဒုံးကျည် လွှတ်တင်မှု လုံခြုံရေးကောင်စီ ရှုတ်ချ

မြောက်ကိုရီယားက တာဝေးပစ် ဒုံးပျံလွှတ်တင်ခဲ့တာ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြစ်တင် ရှုတ်ချတဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်

မြစ်ကြီးနားမှာ ဗုံးကွဲမှုဖြစ်

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့မှာ ဒီနေ့ သင်္ကြန်အကြတ်နေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ဆီးရီးယား တိုက်ခိုက်မှုသစ် ကုလသတိပေး

ဆီးရီးယားနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်မှုဖြစ်ရတဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

In this image made from amateur video, smoke billows an impact following purported shelling in Homs, Syria.

Titanic နှစ် (၁၀၀) ပြည့် အခမ်းအနားများ ကျင်းပ

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ ပင်လယ်ကူးသင်္ဘောကြီး TITANIC အတ္တလန္တိတ် သမုဒ္ဒရာထဲ ရေခဲတောင်နဲ့တိုက်မိပြီး နစ်မြှုပ်ခဲ့တာ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။

Titanic
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment