Saturday, April 21, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

သမ္မတဦးသိန်းစိန် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ကြိုဆို

မြန်မာမှာ စီးပွားရေးအထူးဇုန်တွေ ရှိနေပြီဖြစ်လို့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေကို လာရောက်ရင်းနှီးကြဖို့ ဦးသိန်းစိန်က ဖိတ်ခေါ်လိုက်ပါတယ်

ထိုင်းမှာ ရောင်းစားခံရတဲ့ မြန်မာတချို့ လွတ်မြောက်

ထိုင်းနိုင်ငံမှာ လူပွဲစားတွေရဲ့ ရောင်းစားခံရမှုကနေ ထွက်ပြေးလာသူတစ်ဦးက ကျန်ခဲ့တဲ့ လူနှစ်ဆယ်လောက်ကို မြန်မာအဖွဲ့နဲ့ပေါင်းပြီး ကယ်တင်ခဲ့

Georgia jellyfish are dried, preserved and packaged before being sold to a seafood distributor that ships them to Japan, China and Thailand.

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၊ ဖိလစ်ပိုင် ဆက်လက်တင်းမာ

ရေပိုင်နက်ပြဿနာ ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲကို တရုတ်စစ်သင်္ဘောတစင်း ဝင်ရောက်လာတဲ့အကြောင်းကို ဖိလစ်ပိုင်က မေးမြန်းဖို့ စီစဉ်နေပါတယ်။

Photo taken by Japanese Coast Guard shows Chinese fisheries patrol ship "Yuzheng 310" sailing near the disputed islands (Nov 2010 file photo)

ပါကစ္စတန်လေယာဉ်ပျက်ကျ ၁၂၀ ကျော် သေဆုံး

ခရီးသည်တင် ဘိုးရင်းဂျက် ၇၃၇ မုန်တိုင်းသင့်ပြီး ပျက်ကျခဲ့ရာမှာ လိုက်ပါသွားတဲ့ ခရီးသည်အားလုံး သေဆုံးခဲ့ရပါတယ်။

ဂျပန် ဧကရာဇ်လက်ဘက်ရည်ပွဲ သမ္မတဦးသိန်းစိန်တက်ရောက်

၂၈ နှစ်အတွင်း မြန်မာသမ္မတရဲ့ ဂျပန်ခရီးစဉ်မှာ အကြွေးမြီ၊ ဖွံ့ဖြိုးရေးချေးငွေနဲ့ အထောက်အပံ့တွေရဖို့ ဆွေးဆွေ့းမယ်လို့ သတင်းတွေမှာဖော်ပြနေကြ

NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖို့ မသေချာသေး

သစ္စာစောင့်သိအစား၊ လေးစားလိုက်နာလို့ ကျန်းသစ္စာဆိုရေး ညှိနှိုင်းနေဆဲဖြစ်လို့ ၂၃ ရက်လွှတ်တော် NLD တက်ဖို့ မသေချာသေးပါ။

မူဆယ် ၁၀၅ မိုင်ဂိတ် ဗုံးကွဲမှု လူဝင်မှုအရာရှိ သေဆုံး

တရုတ်၊ မြန်မာ နယ်စပ်ကုန်သွယ်ရေးဌာန ၁၀၅ မိုင်ဂိတ်မှာ ဗုံးပေါက်ကွဲပြီး လ.ဝ.က အရာရှိတဦး သေဆုံးခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှု နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်များ ချီးကျူး

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်မယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်မျာတွေက ချီးကျူးသလို ဒီမိုကရေစီရဲ့ ပထမခြေလှမ်းအဖြစ်မျှော်လင့်ကြပါတယ်

ငြိမ်းချမ်းရေး အစီအစဉ်သစ် ဆီးရီးယားနဲ့ကုလ သဘောတူ

ဆီးရီးယားနဲ့ကုလရဲ့ သဘောတူညီချက်ရပြီဖြစ်သလို အတိုက်အခံတွေနဲ့လည်း အလားတူ သဘောတူညီချက်ရဖို့ ညှိနှိုင်းနေကြပါတယ်။

Syria's Deputy Foreign Minister Faisal al-Miqdad (R) and General Abhijit Guha, the Deputy Military Adviser in the U.N. Department of Peacekeeping Operations, sign an agreement between Syria and the U.N. in Damascus April 19, 2012.

အငြင်းပွားရေနံမြေ တောင်ဆူဒန်သိမ်းယူမှု ကုလကန့်ကွက်

ရေနံတွင်းကြွယ်ဝရာနယ်စပ်ဒေသက တောင်ဆူဒန်ကို ဆုတ်ခွာပေးဖို့နဲ့ ဆူဒန်ကလည်း လက်နက်ကြီးတွေနဲ့ပစ်နေတာရပ်ဖို့ ဘန်ကီမွန်းက တောင်းဆိုခဲ့ပါတယ်။

Supporters wave Sudanese flags as Sudanese President Omar al-Bashir addresses supporters during a rally at the ruling National Congress Party  headquarters in Khartoum, Sudan, April 18, 2012.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment