ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၀၂၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ စာနယ်ဇင်းကောင်စီ သက်တမ်းတိုးဖို့ သမ္မတအာမခံ သမ္မတနဲ့ မီဒီယာကောင်စီတို့ တွေ့ဆုံချိန်မှာ သက်တမ်းကုန်တော့မယ့် စာနယ်ဇင်းကောင်စီကို သက်တမ်းတိုးဖို့ သမ္မတက ကတိပေးလိုက်သလို အစိုးရယန္တရားကိုစောင့်ကြည့်ဖို့ တာဝန်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ မြန်မာတပ်တွေ နယ်စပ်မှာတပ်စွဲဖို့ ကြိုးစားလို့ အိန္ဒိယဘက်ကစိုးရိမ် အိန္ဒိယ-မြန်မာနယ်စပ်ဟာ ၁၄၇ မိုင်ရှည်လျားထိစပ်နေပြီး အိန္ဒိယဘက်ခြမ်း မဏိပူရ်နဲ့ နယ်ခြင်းထိစပ်နေတဲ့ မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်က ယာယီစစ်စခန်းဆောက်နေတဲ့အပေါ် နယ်စပ်ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ အပြည့်အစုံ အစိုးရနဲ့ လွှတ်တော်သဘောထားကွဲမှု သမ္မတဦးသိန်းစိန် အသိအမှတ်ပြု အုပ်ချုပ်ရေးနဲ့ ဥပဒေပြုလွှတ်တော်ကြားက သဘောထားကွဲလွဲမှုတွေကို သမ္မတက အသိအမှတ်ပြုပြောကြားခဲ့ပေမဲ့ ၈ လေးလုံးအရေးတော်ပုံကနေ နိုင်ငံ့သမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေ ရခဲ့ကြောင်းကိုလည်း သမ္မတရဲ့ လစဉ်မိန့်ခွန်းအတွင်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အပြည့်အစုံ တောင်အာဖရိက သမ္မတဟောင်းမန်ဒဲလား ဆေးရုံကဆင်း တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားဟာ ဆေးရုံက ဆင်းပြီး နေအိမ်မှာ အနားယူနေပေမဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်ရဆဲဖြစ်ပြီး တခါတရံမှာ တည်ငြိမ်မှုမရှိတာတွေ့ရကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံ ဆီးရီးယားအရေး ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာဖို့ ပုပ်ရဟန်းမင်းတိုက်တွန်း ဆီးရီးယားမှာ ဓာတုလက်နက်သုံးတာကို ပုပ်ရဟန်းမင်းက ပြစ်တင်ရှုတ်ချသလို အင်အားသုံးဖြေရှင်းမှာကိုလည်း ဆန့်ကျင်ကြောင်း ပြောလိုက်ပါတယ်။ အပြည့်အစုံ ဆီးရီးယားမှာ အဆိပ်ဓာတ်ငွေ့သုံးကြောင်း ဝန်ကြီး Kerry အခိုင်အမာပြော အခင်းဖြစ်ရာက ပေးပို့ခဲ့တဲ့ နမူနာနဲ့သွေးတွေကို လွတ်လပ်တဲ့စမ်းသပ်မှုတွေအရ အဆိပ်ဓာတ်ငွေ့ အသုံးပြု တိုက်ခိုက်တာကို ဆီးရီးယားအရပ်သားတွေ ခံခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက CNN သတင်းဌာနကို ပြောပါတယ်။ အပြည့်အစုံ Fukushima စက်ရုံ ရေဒီယိုသတ္တိကြွအဆင့် စိုးရိမ်ရအောင်မြင့် ဖူကူရှီးမားစက်ရုံ သိုလှောင်ကန်ထဲကရေရဲ့ ဓာတ်ရောင်ခြည်သင့်တဲ့ ပမာဏဟာ millisieverts 1800 ရှိတဲ့အတွက် ထိမိသူကို ၄ နာရီအတွင်း သေစေနိုင်ကြောင်း Tepco က ပြောပါတယ်။ အပြည့်အစုံ အစိမ်းရောင်လွင်ပြင် အပြည့်အစုံ တန်းတူအခွင့်အရေးရဖို့ အမေရိကန်အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှုများ "မတရားတဲ့ဥပဒေတွေ၊ ဘာသာရေးနဲ့ လူမှုရေး ဖိနှိပ်ခံဘ၀ကို မကျေနပ်ကြတဲ့ နိုင်ငံ့ရဲ့ လူဦးရေတ၀က်ရှိတဲ့ အမျိုးသမီးတွေအနေနဲ့ မွေးရာပါ အခွင့်အရေး ငြင်းပယ်ခံကြရတယ်လို့ ယူဆကြတဲ့အတွက် အမေရိကန်နိုင်ငံသားတွေအားလုံး ရပိုင်ခွင့်တွေ ခံစားခွင့်တွေကို ချက်ခြင်းပေးကြဖို့ တောင်းဆိုတဲ့အကြောင်း စသဖြင့်တို့...." အပြည့်အစုံ အသိမ်းခံ လယ်မြေအရေး ပြည်သူ့လွှတ်တော် ဖြေရှင်း စက်တင်ဘာ ၁၊ ၂၀၁၃ - မတရားအသိမ်းခံ လယ်ယာမြေများကို ဥပဒေနဲ့အညီ ဖြေရှင်းနိုင်ဖို့ ပြည်သူ့လွှတ်တော် ကြိုးပမ်းလုပ်ကိုင်နေပုံကို ဆွေးနွေးတင်ပြထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
စာနယ်ဇင်းကောင်စီ သက်တမ်းတိုးဖို့ သမ္မတအာမခံ
မြန်မာတပ်တွေ နယ်စပ်မှာတပ်စွဲဖို့ ကြိုးစားလို့ အိန္ဒိယဘက်ကစိုးရိမ်
အစိုးရနဲ့ လွှတ်တော်သဘောထားကွဲမှု သမ္မတဦးသိန်းစိန် အသိအမှတ်ပြု
တောင်အာဖရိက သမ္မတဟောင်းမန်ဒဲလား ဆေးရုံကဆင်း
ဆီးရီးယားအရေး ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာဖို့ ပုပ်ရဟန်းမင်းတိုက်တွန်း
ဆီးရီးယားမှာ အဆိပ်ဓာတ်ငွေ့သုံးကြောင်း ဝန်ကြီး Kerry အခိုင်အမာပြော
Fukushima စက်ရုံ ရေဒီယိုသတ္တိကြွအဆင့် စိုးရိမ်ရအောင်မြင့်
အစိမ်းရောင်လွင်ပြင်
တန်းတူအခွင့်အရေးရဖို့ အမေရိကန်အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှုများ
အသိမ်းခံ လယ်မြေအရေး ပြည်သူ့လွှတ်တော် ဖြေရှင်း
No comments:
Post a Comment