ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၀၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မလေးရှား လူဝင်မှု စိစစ်ရေးကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက် "အခုက တရားမ၀င်တာရော၊ တရားဝင်တာရော မသိဘူး။ သူတို့က ဖမ်းတာပေါ့။ ဖမ်းပြီးတဲ့အခါကျတော့ စခန်းရောက်မှ သူတို့က ရှင်းကြတာ။ မနေ့က ကျနော်တို့ ဘယ်မှာလဲဆိုတော့ နေ့ပိုင်းမှာ ဖမ်းသွားတဲ့သူတွေကျတော့ ပါမစ်လည်းရှိတယ်။ အားလုံးမှန်တယ်။ ဒါပေမဲ့ လုပ်တဲ့ ဆိုင်လိပ်စာ မတူတဲ့အတွက် ဖမ်းခံရတယ်။ မနေ့ကတော့ ချင်းလူမျိုး ၁၀၀ ပေါ့။" အပြည့်အစုံ ဒေါ်စု ဥရောပ ၃ နိုင်ငံခရီး ထွက်မည် "ထွက်ဖြစ်မှာကတော့ စက်တင်ဘာ ၁၀ ရက်နေ့ ထွက်ဖြစ်ပါမယ်။ ရန်ကုန်ကို ပြန်ရောက် တာကတော့ စက်တင်ဘာ ၁၈ ညနေပိုင်းလောက်တော့ ပြန်ရောက်ပါမယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှာ သွားမယ့် ရည်ရွယ်ချက်ကတော့ ပထမဦးဆုံး သွားမှာတော့ ပိုလန်နိုင်ငံ ကိုပါ" အပြည့်အစုံ ကုလအကြံပေး Nambiar မြန်မာခရီးစဉ် အဆုံးသတ် "ပြင်ပကမ္ဘာတွေမှာကျတော့ အစိုးရကတွေက ဂရုမစိုက်ဘဲထားတယ်၊ နောက် ဟို ဒုက္ခသည်တွေရဲ့ နေရေး၊ ထိုင်ရေး၊ သွားရေး၊ လာရေး စောင့်ရှောက်မှုတွေမှာ လိုအပ်တယ်ဆိုပြီးတော့ အဲ့လိုဖြစ်နေတယ်တဲ့။ တကယ်လက်တွေ့မှာတော့ လုပ်ထားတာ တော်တော်များများ လုပ်ထားပါတယ်ပေါ့နော်။ ဒါကို ကမ္ဘာကသိအောင် လုပ်ဖို့ လိုပါတယ်လို့ အဲ့လိုပဲ သုံးသပ်ပါတယ် မစ္စတာ နမ်ဘီယားကလေ။" အပြည့်အစုံ အိုဘားမားနဲ့ John McCain ဆီးရီးယားကိစ္စဆွေးနွေး "ဆီးရီးယားနိုင်ငံမှာ အတိုက်အခံတွေကို ထောက်ပံ့မှုဖြစ်စေပြီး ဆီးရီးယားသမ္မတ Bashar al-Assad အာဏာကနေ ပြုတ်ကျသွားဖို့ အမေရိကန် သမ္မတ Barack Obama အစိုးရအဖွဲ့က ခိုင်မာတဲ့ အစီအစဉ်တရပ် ရေးဆွဲနေတယ်လို့ အမေရိကန်ထိပ်တန်း အထက်လွှတ်တော်အမတ် ၂ ဦးက ပြောကြားသွားပါတယ်" အပြည့်အစုံ ကျူးဘား-အမေရိကန် မိုင် ၁၀၀ ကျော်လက်ပစ်ကူး "အမေရိကန် ရေကူးသမား Diana Nyad ဟာ ကျူးဘားနဲ့ အမေရိကန်ကြားက အန္တရာယ်များလှတဲ့ ရေပြင်ကို ငါးမန်းတွေရန်က အကာအကွယ်ပေးတဲ့ သံလှောင်အိမ် အကူအညီမပါဘဲ ပထမဆုံးအကြိမ်အဖြစ် အောင်အောင်မြင်မြင် ကူးဖြတ်နိုင်ခဲ့ပါတယ်" အပြည့်အစုံ မူဆလင် ညီအစ်ကိုတော်များအဖွဲ့ ဖျက်သိမ်းဖို့ အီဂျစ်တရားရုံး အကြံပေး "အီဂျစ်နိုင်ငံမှာ အကြီးဆုံး နိုင်ငံရေး အဖွဲ့အစည်းတခုဖြစ်တဲ့ မူဆလင် ညီအကိုတော်များ အဖွဲ့ကို ဖျက်သိမ်းပြီး၊ အဖွဲ့ရဲ့ ဌာနချုပ်ကို ပိတ်ပစ်လိုက်ဖို့ တနင်္လာနေ့မှာပဲ တရားသူကြီးတွေ က အကြံပြုလိုက်ပါတယ်" အပြည့်အစုံ ၀ါရင့် ဗြိတိသျှ အသံလွှင့် သတင်းထောက် David Frost (၇၄) ကွယ်လွန် "Frost ဟာ အပန်းဖြေ အပျော်စီးသင်္ဘော Queen Elizabeth ပေါ်မှာ ရုတ်တရက် နှလုံးရောဂါ ဖောက်ပြီး စနေနေ့က ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၁၀ ရက်ကြာ အပျော်စီး သင်္ဘောပေါ်မှာ သူက မိန့်ခွန်းတစ်ခုပြောဖို့ စီစဉ်ထားတာပါ" အပြည့်အစုံ Kaesong စက်မှုဇုန် ပြန်ဖွင့်ရေး တောင်နဲ့ မြောက် ဆွေးနွေး "တောင်နဲ့ မြောက် ကိုရီးယား ပူးတွဲစက်မှုဇုန် ပြန်ပြီးဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ပူးတွဲကော်မတီရဲ့ ပထမအကြိမ် ဆွေးနွေးပွဲကို တနင်္လာနေ့က ကျင်းပပါတယ်။ ကိုရီးယား နှစ်နိုင်ငံကြား စစ်ရေးနဲ့ သံတမန်ရေး တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဒီစက်မှုဇုန်ရဲ့ လုပ်ငန်းတွေကို ၅ လကြာ ရပ်ထားခဲ့ရတာပါ။" အပြည့်အစုံ ဆီးရီးယားအပေါ် အရေးယူနိုင်ရေး အိုဘားမား လွှတ်တော်ကို တိုက်တွန်း "ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ရာမှာ ကွန်ဂရက်လွှတ်တော်ရဲ့ ထောက်ခံမှုရဖို့ အတွက် အမေရိကန်သမ္မတ Barack Obama က ဆက်ပြီး တွန်းအားပေးနေပါတယ်" အပြည့်အစုံ တောင်အာဖရိက သမ္မတဟောင်းမန်ဒဲလား ဆေးရုံကဆင်း တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားဟာ ဆေးရုံက ဆင်းပြီး နေအိမ်မှာ အနားယူနေပေမဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်ရဆဲဖြစ်ပြီး တခါတရံမှာ တည်ငြိမ်မှုမရှိတာတွေ့ရကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံ ဆီးရီးယားအရေး ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာဖို့ ပုပ်ရဟန်းမင်းတိုက်တွန်း ဆီးရီးယားမှာ ဓာတုလက်နက်သုံးတာကို ပုပ်ရဟန်းမင်းက ပြစ်တင်ရှုတ်ချသလို အင်အားသုံးဖြေရှင်းမှာကိုလည်း ဆန့်ကျင်ကြောင်း ပြောလိုက်ပါတယ်။ အပြည့်အစုံ မြန်မာ့ သယံဇာတ တူးဖေါ်ရေး လုပ်ငန်းတွေက အခွန်ဘဏ္ဍာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရေး တိုက်တွန်းလိုက်တဲ့ အကြောင်း၊ မပြောင်းလဲသေးတဲ့ မြန်မာ့ အခြေခံ လူတန်းစားတွေ အရေး သတင်းဆောင်းပါး၊ ထိပ်တန်းရောက် ဆီးရီးယား သတင်းစုစည်းချက်နဲ့ အတူ ဒီသတင်းပတ် အမေရိကန် နိုင်ငံရေး စသည် ... အပြည့်အစုံ မြန်မာနိုင်ငံအတွင်း သယံဇာတ တွင်းထွက်ပစ္စည်းတူးဖေါ်ရေး လုပ်ငန်းတွေက ရတဲ့ အခွန်ဘဏ္ဍာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရေး အစိုးရအပါအ၀င်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ကုမဏ္ဍီတွေ ပါဝင်တဲ့ ညွှန်းပေါင်းအဖွဲ့ ဖွဲ့စည်း လုပ်ဆောင်ဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက တွန်းအားပေးနေပါတယ်။ အပြည့်အစုံ ဒီတပတ်အတွင်း အမေရိကန် နိုင်ငံရေးအခြေအနေ၊ ဆီးယီယားကို စစ်ရေးအရ တုန့်ပြန်ဖို့စဉ်းစားချက်တွေအပေါ် လွှတ်တော်အမတ်တွေရဲ့သထောထားတွေနဲ့ ပတ်သက်လို့ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ကွန်ပြူတာ နည်းပညာတွေ ပိုမိုထွန်းကားလာတာနဲ့အမျှ အင်တာနက်ပေါ်မှာ ထိုးဖောက် ၀င်ရောက်ကြတဲ့ Hackers တွေရဲ့ အခန်းကဏ္ဍဟာလည်း တနေ့တခြား ပိုမိုအရေးပါလာနေရာမှာ ခေတ်သစ် စစ်ပွဲတွေအတွက် လိုအပ်ချက်တခုလည်း ဖြစ်လာနေပါတယ်။ နည်းပညာ တိုက်ပွဲတွေအတွက် ပြင်ဆင်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံမှာ ဆိုရင်လည်း ကွန်ပြူတာ ကျွမ်းကျင်သူ လူငယ်တွေကို မွေးထုတ်နိုင်ဖို့ ကြိုးစားနေကြတာပါ။ Hackers တွေကိုတော့ ယေဘုယျအားဖြင့် အင်တာနက် စာမျက်နှာတွေကို ထိုးဖောက် ၀င်ရောက်သူတွေအဖြစ် သိကြပေမဲ့လည်း နည်းပညာ ကျွမ်းကျင်သူတွေအဖြစ် အကျိုးရှိတဲ့ဖက်မှာ အသုံးချဖို့ ကြိုးပမ်းလာနေတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့တော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်း သယံဇာတ တူးဖေါ်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိရေးအတွက် လူမှုအခြေပြုအဖွဲ့အစည်းတွေက တိုက်တွန်းလိုက်တဲ့သတင်း၊ ကချင်ပြည်နယ်က ဒေါ်ဆိုင်းရော်လဖိုင် ၂၀၁၃ ခုနှစ် Magsaysay ဆု ရရှိတဲ့သတင်းနဲ့ တရုပ်နိုင်ငံမှာ ကျင်းပမယ့် အာစီယံ တရုပ် ကုန်စည်ပြပွဲအကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်လာပေမယ့်လည်း အများပြည်သူ သွားလာနေတဲ့ ခရီးသွားပုံစံ၊ အခြေခံ လမ်းပန်းဆက်သွယ်ရေး အနေအထားတွေ ပြောင်းလဲမှု မရှိသေးတဲ့အကြောင်း ရန်ကုန်မြို့ပတ်ရထားနဲ့ ခရီးသွားတဲ့သူတွေကို တွေ့ဆုံ မေးမြန်းပြီး AP သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။ ကိုဥာဏ်ဝင်းအောင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မလေးရှား လူဝင်မှု စိစစ်ရေးကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်
ဒေါ်စု ဥရောပ ၃ နိုင်ငံခရီး ထွက်မည်
ကုလအကြံပေး Nambiar မြန်မာခရီးစဉ် အဆုံးသတ်
အိုဘားမားနဲ့ John McCain ဆီးရီးယားကိစ္စဆွေးနွေး
ကျူးဘား-အမေရိကန် မိုင် ၁၀၀ ကျော်လက်ပစ်ကူး
မူဆလင် ညီအစ်ကိုတော်များအဖွဲ့ ဖျက်သိမ်းဖို့ အီဂျစ်တရားရုံး အကြံပေး
ဝါရင့် ဗြိတိသျှ အသံလွှင့် သတင်းထောက် David Frost (၇၄) ကွယ်လွန်
Kaesong စက်မှုဇုန် ပြန်ဖွင့်ရေး တောင်နဲ့ မြောက် ဆွေးနွေး
ဆီးရီးယားအပေါ် အရေးယူနိုင်ရေး အိုဘားမား လွှတ်တော်ကို တိုက်တွန်း
တောင်အာဖရိက သမ္မတဟောင်းမန်ဒဲလား ဆေးရုံကဆင်း
ဆီးရီးယားအရေး ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာဖို့ ပုပ်ရဟန်းမင်းတိုက်တွန်း
VOA60 World
No comments:
Post a Comment