ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၀၄၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကရင်ပြည်နယ်တွင်း ရေဘေးသင့်သူတွေ ကုလထောက်ပံ့ “အဲဒီကိုသွားတဲ့ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောစကားအရ တချို့နေရာတွေမှာ ရေတွေ တော်တော်ကျသွားပြီးတော့ အခြေအနေတွေ ပြန်ကောင်းလာပြီလို့ သိရပါတယ်။ ဒါပေမဲ့ ကော့ကရိတ် ဒေသမှာတော့ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လမ်းတွေတချို့ ပိတ်ထားတဲ့အတွက် ကျမတို့ ၀န်ထမ်းတွေက ဒေသခံတွေရှိရာကို လှေတွေနဲ့ သွားရောက်ကြတယ်လို့ သိရပါတယ်။” အပြည့်အစုံ TNLA ပလောင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ် “ဖြစ်စဉ်ကတော့ အဲ့ဒီမှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့က အဲ့ဒီရွာကို ၀င်နားတဲ့အချိန်မှာ ဒီအစိုးရဘက်က စစ်တပ်တွေက သူတို့ လိုက်လာတယ်လေ။ လိုက်လာတော့ ကျနော်တို့ဘက်ကလည်း ရွာကနေ အမြန်ပြန်ထွက်၊ အမြန်ထွက်တဲ့အချိန်မှာ ရွာအပြင်ဘက်မှာ ဒီ အစိုးရတပ်နဲ့ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတာပါ" အပြည့်အစုံ မူးယစ်ဆေးထိန်းချုပ်ရေးဆိုင်ရာ အမေရိကန် ထိပ်တန်းအရာရှိ မြန်မာနိုင်ငံသွားမည် "အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး William R. Brownfield ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးမှု ပြုပြင်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်..." အပြည့်အစုံ လယ်သမားရေးလှုပ်ရှားသူ ၃ ဦးကို တရားမ၀င် သင်းပင်းဖွဲ့စည်းမှုနဲ့ရုံးတင် "ကျနော်တို့ တရားလိုကို ပြန်ခေါ်စစ်ဆေးတာပေါ့။ တရားလို လာရောက်အစစ်ခံတယ်။ လာရောက်အစစ်ခံတဲ့ အခါမှာ ကျနော်တို့ဘက်က သင်းဖွဲ့ဥပဒေပုဒ်မ (၆) ဟာ ၆/၈၈ ဆိုတာ န၀တဥပဒေအရ ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်းမှာ..." အပြည့်အစုံ ဆီးရီးယားအရေး အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ "ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူတဲ့ကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအ တွက် အသေအချာပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။ ဆီးရီးယားသမ္မတ အာဆတ်အစိုးရဟာ အရပ်သားတွေကို ဓာတုလက်နက် အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာ လုံးဝ သံသယမရှိအောင်ကို ကျိန်းသေတယ်လို့ မစ္စတာ ကယ်ရီ က အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲမှာ...." အပြည့်အစုံ အဂတိလိုက်စားမှုကြောင့် တရုတ်ထိပ်တန်းအရာရှိ ရာထူးမှ ထုတ်ပယ်ခံရ "နိုင်ငံပိုင်လုပ်ငန်းတွေအပေါ် ကြီးကြပ်အုပ်ချုပ်ရေးကော်မရှင် အကြီးအကဲဖြစ်တဲ့ Jiang Jiemin ကို စည်းကမ်းချိုးဖောက်မှု သံသယရှိတာမို့ ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းက အင်္ဂါနေ့မှာ ကြေညာသွားပါတယ်" အပြည့်အစုံ အီဂျစ်တရားရုံး အမိန့်အရ ရုပ်သံလွှင့်ဌာန ၄ ခု ပိတ် "Aljazeera ရုပ်သံဌာနခွဲ Mubasher Misr ရုပ်သံလိုင်းဟာ လွန်ခဲ့တဲ့ နှစ်လတုန်းက စစ်တပ်ကနေ ရာထူးက ဖယ်ခဲ့တဲ့ သမ္မတ မိုဟာမက် မော်စီ ဘက်ကို ဘက်လိုက် ထုတ်လွှင့်ခဲ့တယ်လို့ အီဂျစ်အာဏာပိုင်တွေက စွပ်စွဲပါတယ်" အပြည့်အစုံ ဆီးရီးယားအပေါ် အရေးယူနိုင်ရေး အိုဘားမား လွှတ်တော်နဲ့ ညှိနှိုင်း "ဆီးရီးယား ပြည်တွင်းစစ်မှာ ဆီးရီးယားအစိုးရဘက်ကနေ ဓာတုလက်နက် အသုံးပြုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အောက်လွှတ်တော်ဥက္ကဌ အပါအ၀င် လွှတ်တော် ခေါင်းဆောင်းပိုင်းတွေနဲ့ အခု အင်္ဂါနေ့ မနက်ပိုင်း ဆွေးနွေးပွဲအစမှာ သမ္မတ အိုဘားမားက အခုလို မှတ်ချက်စကား ပြောသွားတာပါ" အပြည့်အစုံ နိုင်ငံရေးပါတီများ ရံပုံငွေကြေး ရပ်တည်မှု နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်ပအထောက်အပံ့တွေ ယူရာမှာ စည်းမျဉ်းဥပဒေအတိုင်းလိုက်နာဆောင်ရွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေသတိပေးထားပါတယ်။ အပြည့်အစုံ ထိုင်းငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာ အလုပ်သမားတွေရဲ့ အခွင့်အရေး ဆိုးဆိုးရွားရွား နိမ့်ကျနေတဲ့ အကြောင်း ILO က သတိပေးလိုက်တဲ့ အကြောင်း၊ ကချင် လွှတ်တော်အမတ် ဒေါ်ဒွဲဘူရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် သဘောထားအမြင်၊ ကရင် လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ငြိမ်းအေးရေး ကြိုးပမ်းချက်နဲ့ ထိပ်တန်းရောက် ဆီးရီးယား အရေး စသည် ..... အပြည့်အစုံ္ဒ. အပြည့်အစုံ ဒီတပတ် အမေရိကန် နိုင်ငံရေးမူအကြောင်း တင်ပြချက်မှာ ဗီယက်နမ်နိုင်ငံနဲ့ ဆက်ဆံရေးဆိုင်ရာ မူဝါဒတွေကို အဓိက တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံက ငါးဖမ်းစက်လှေတွေမှာ လုပ်ငန်းခွင် အခြေအနေတွေဟာ ဆိုးဆိုးရွားရွား နိမ့်ကျနေတဲ့အကြောင်း နိုင်ငံတကာအလုပ်သမားရေး လှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။ အန္တာရာယ်များလှတဲ့ လုပ်ငန်းခွင်မှာ အလုပ်သမား အခွင့်အရေးတွေလည်း အပြည့်အ၀ မရနိုင်ပဲ ဖြစ်နေရတဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နဲ့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်တို့ရဲ့ ပူးတွဲလေ့လာချက်က ဖော်ပြခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ ကရင်ပြည်နယ်အတွင်း ကရင်လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း အောက်ခြေပိုင်း မကျေနပ်မှုတွေကို အခြေပြုပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒီပြသနာကို ဖြေရှင်းရေး တွေ့ဆုံဆွေးနွေးနေကြပါတယ်။ မြန်မာအစိုးရနဲ့ ကေနန်ယူ ကရင်အမျိုးသား အစည်းအရုံးအကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးနေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်း လက်နက်ကိုင် ပဠိပက္ခတွေ ကျန်နေသေးတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အခြေအနေ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ မြန်မာအစိုးရက လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေ အခုအရှိန်အတိုင်း ဆက်သွားနေမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြီးဆုံးဖို့ မလွယ်ဘူးလို့ ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မီတီဝင် တဦးလည်းဖြစ်တဲ့ ဒေါ်ဒွဲဘူက ပြောပါတယ်။ လက်ရှိသွားနေတဲ့ တဆင့်ခြင်း လုပ်ဆောင်မှုထက် လွှတ်တော်၊ စစ်တပ် စတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ပါ တပြိုင်ထဲ လုပ်ဆောင်သင့်တယ်လို့ ဗွီအိုအေနဲ့ သီးခြားပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ဒေါ်ဒွဲဘူက အဲဒီလို ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကရင်ပြည်နယ်တွင်း ရေဘေးသင့်သူတွေ ကုလထောက်ပံ့
TNLA ပလောင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်
မူးယစ်ဆေးထိန်းချုပ်ရေးဆိုင်ရာ အမေရိကန် ထိပ်တန်းအရာရှိ မြန်မာနိုင်ငံသွားမည်
လယ်သမားရေးလှုပ်ရှားသူ ၃ ဦးကို တရားမ၀င် သင်းပင်းဖွဲ့စည်းမှုနဲ့ရုံးတင်
ဆီးရီးယားအရေး အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ
အဂတိလိုက်စားမှုကြောင့် တရုတ်ထိပ်တန်းအရာရှိ ရာထူးမှ ထုတ်ပယ်ခံရ
အီဂျစ်တရားရုံး အမိန့်အရ ရုပ်သံလွှင့်ဌာန ၄ ခု ပိတ်
ဆီးရီးယားအပေါ် အရေးယူနိုင်ရေး အိုဘားမား လွှတ်တော်နဲ့ ညှိနှိုင်း
နိုင်ငံရေးပါတီများ ရံပုံငွေကြေး ရပ်တည်မှု
VOA60 World
VOA60 USA
No comments:
Post a Comment