ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၀၅၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ချင်းပြည်နယ်သတ္ထုတွင်းစီမံကိန်း စိုးရိမ်မကင်းဖြစ်မှု နိုင်ငံရေးပါတီတွေ စုံစမ်း "ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှ မသိဘဲနဲ့ လာပြီးမှ ကုမ္ပဏီတွေနဲ့၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့က သဘောတူညီချက်တွေ ယူပြီးတော့မှ တအားကြီးပေါ့နော် ဘယ်လိုပြောမလဲ အကိုရာ၊ ဘာမပြော ညာမပြော လာပြီးမှ ဒီဝင်ရောက်လုပ်ကိုင်မှာကိုပဲ တအားစိုးရိမ်တဲ့ကိစ္စတွေ သူတို့ တင်ပြတယ်လို့ ပြောတယ်အကို။ လက်ရှိ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတာ အဲ့ဒါပေါ့နော်။ ကျနော်တို့ ဒါ သူတို့ ဒီ ချုပ်ဆိုတယ်၊ မချုပ်ဆိုဘူးဆိုတာ ပြည်နယ်လွှတ်တော်ကတောင်မှ မသိဘူးခင်ဗျ။" အပြည့်အစုံ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Brownfield မြန်မာနိုင်ငံရောက် "မြန်မာနိုင်ငံဟာ ရှေ့နှစ်တွေအတွင်း တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးမှုတွေ ပိုမို ကြီးမားလာဖွယ် ရှိနေပါတယ်။ ဒါကြောင့် လာမယ့်နှစ်တွေအတွင်း ဘိန်းဖြူ၊ ဘိန်း၊ မက်တာဖက်သမိန်း စတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ပိုမြင့်တက်လာနိုင်တာကြောင့် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါး ကူးသန်းရောင်ဝယ်တဲ့ လမ်းကြောင်းတရပ် ဖြစ်လာဖွယ် ရှိနေပါတယ်" အပြည့်အစုံ ကရင်ပြည်နယ်တွင်း ရေဘေးသင့်သူတွေ ကုလထောက်ပံ့ “အဲဒီကိုသွားတဲ့ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောစကားအရ တချို့နေရာတွေမှာ ရေတွေ တော်တော်ကျသွားပြီးတော့ အခြေအနေတွေ ပြန်ကောင်းလာပြီလို့ သိရပါတယ်။ ဒါပေမဲ့ ကော့ကရိတ် ဒေသမှာတော့ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လမ်းတွေတချို့ ပိတ်ထားတဲ့အတွက် ကျမတို့ ၀န်ထမ်းတွေက ဒေသခံတွေရှိရာကို လှေတွေနဲ့ သွားရောက်ကြတယ်လို့ သိရပါတယ်။” အပြည့်အစုံ ဆီးရီးယားကိုအရေးယူဖို့ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဆုံးဖြတ် "ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၇ မဲနဲ့ လုပ်ပိုင်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ အရေးယူတဲ့ ကာလကို ရက်ပေါင်း ၉၀ ထက် မပိုရဆိုတဲ့ သတ်မှတ်ချက်ထားဖို့ အထက်လွှတ်တော်က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် ကြည်းတပ်သားတွေကို ဆီးရီးယားမှာ ချမထားဖို့ သတ်မှတ်လိုက်ပြီး အမေရိကန်ပြည်ထောင်စုကို နောက်ထပ် စစ်ပွဲတပွဲ ထပ်ပြီး မနွှဲစေချင်တဲ့ လွှတ်တော်အမတ်တွေကို အာမခံချက်ပေးခဲ့ပါတယ်။" အပြည့်အစုံ ဆီးရီးယားကို တိုက်ခိုက်မယ့်အစီအစဉ် အမေရိကန်လူထုသဘောမတူ "ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုပြီး ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အမေရိကန် သမ္မတ Barak Obama နဲ့ ထိပ်တန်းလွှတ်တော် အမတ်တချို့က အခိုင်အမာ ထောက်ခံနေကြပေမဲ့ အမေရိကန် လူထုက လက်ခံအောင် လုပ်ဖို့တော့ လိုအပ်နေဆဲ ဖြစ်ပါတယ်" အပြည့်အစုံ ဆီးရီးယားအပေါ် ကုလအရေးယူမှု ရုရှားထောက်ခံဖို့ စဉ်းစားမည် "အမေရိကန် ပြည်ထောင်စုအနေနဲ့ သံသယဖြစ်ဖွယ်မရှိ ခိုင်မာတဲ့ အထောက်အထားတွေ ကုလသမဂ္ဂကို တင်ပြသင့်တယ်လို့ AP သတင်းဌာနနဲ့ ရုရှားရုပ်သံသတင်းဌာနတို့ကို သူက ပြောခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အတည်ပြုချက် မပါဘဲ အမေရိကန်က စစ်ရေးအရ အရေးယူမယ့်အပေါ်ကိုလည်း မစ္စတာ ပူတင် က သတိပေး ပြောဆိုခဲ့ပါတယ်" အပြည့်အစုံ ဆီးရီးယားအပေါ် အရေးယူမှုပျက်ကွက်လျှင် နိုင်ငံတကာ သိက္ခာထိခိုက်နိုင် "လူမဆန်တဲ့ ဆောင်ရွက်မှုတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ငြိမ်ငြိမ်လေး မနေသင့်ဘူးဆိုတဲ့အပေါ်မှာလည်း ဆွီဒင်ဝန်ကြီးချုပ်နဲ့ သူ သဘောတူခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဆီးရီးယားအပေါ် အရေးယူဖို့ ပျက်ကွက်ခဲ့လျှင် နောက်ထပ် တိုက်ခိုက်နိုင်ခြေတွေ တိုးလာနိုင်တယ်လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်" အပြည့်အစုံ အဂတိလိုက်စားမှု စစ်ဆေးခံရစဉ် တရုတ်အရာရှိတဦး ရေမွန်းသေဆုံး "တရုတ်နိုင်ငံမှာ တရုတ် ကွန်မြူနစ်ပါတီဝင်တယောက်ကို စုံစမ်းစစ်ဆေးသူတွေက အဂတိလိုက်စားပါတယ်လို့ ဝန်ခံပြောကြားအောင်လို့ ရေထဲမှာ နှစ်ထားရင်းနဲ့ သေဆုံး သွားတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်" အပြည့်အစုံ မျက်စိနာရောဂါ စက်တင်ဘာ ၄၊ ၂၀၁၃ - မျက်စိနာရောဂါ မကူးစက်အောင် နှင့် ပိုမိုဆိုးဝါးမသွားအောင် ဘာတွေ ဆောင်ဖို့၊ ရှောင်ဖို့ လိုအပ်ပါသလဲ။ အပြည့်အစုံ ဘက်မလိုက်ဘူးဆိုတဲ့ ကုလ အထူးကိုယ်စားလှယ် (အပိုင်း နှစ်) စက်တင်ဘာ ၄၊ ၂၀၁၃ - မြန်မာနိုင်ငံသွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား နဲ့ သူ့ခရီးစဉ်အကြောင်း ဆွေးနွေးထား... အပြည့်အစုံ မြန်မာနိုင်ငံအတွင်း စတော့ရှယ်ယာ ဈေးကွက်တခု ပေါ်လာရေး နှောင့်နှေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းနဲ့ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယနိုင်ငံက ဒေါ်လာ တသန်း ထောက်ပံ့ကူညီတဲ့ သတင်းတွေနဲ့ ဆီ။ရီးယားအရေးဟာ နိုင်ငံတကာအပေါ် ယုံကြည်မှုကို အဆုံးအဖြတ်ပေးမှာဖြစ်တဲ့အကြောင်း သမ္မတအိုဘားမားက ပြောဆိုလိုက်တဲ့ သတင်းတွေအပြင် G-20 ထိပ်သီးအစည်းအဝေးနဲ့ ဆီးရီးယားအရေး လွှမ်းမိုးမှုတွေအကြောင်း ရှု့စားကြရမှာပါ။ အပြည့်အစုံ ဆီးရီးယားအရေးနဲ့ပါတ်သက်လို့ နိုင်ငံတကာအပေါ် အယုံအကြည်ရှိမှုကို အဆုံးအဖြတ်ပေးခံရမဲ့ အခြေအနေမှာ ရောက်နေတယ်လို့ Sweden နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်သမ္မတ Barack Obama က ပြောဆိုလိုက်ပါတယ်၊ မနေ့က Stockholm မြို့မှာ ဆွီဒင် Sweden ဝန်ကြီးချုပ် Fredrik Reinfeldt နဲ့ တွေ့ဆုံပြီးတဲ့နောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုသားညွန့်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်း စတော့ရှယ်ယာ ဈေးကွက်တခု ပေါ်လာရေး နှောင့်နှေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းနဲ့ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယနိုင်ငံက ဒေါ်လာ တသန်း ထောက်ပံ့ကူညီတဲ့ သတင်းတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက် အငြင်းပွားမှုတွေကြောင့် တရုတ်နဲ့ အာစီယံနိုင်ငံတွေအကြား ကုန်သွယ်မှု ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးဆိုပြီး တရုတ်ဝန်ကြီးချုပ် Li Keqiang က တရုတ်နိုင်ငံ Nanning မြို့မှာ ကျင်းပတဲ့ ဆယ်ကြိမ်မြောက် အာစီယံ တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲမှာ ပြောဆိုလိုက်ပါတယ်။ တောင်တရုတ် ပင်လယ်အရေးကို တရုတ်နိုင်ငံဘက်က တွေ့ဆုံဆွေးနွေးဖြေရှင်းလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုလိုက်တာပါ။ ဒီအကြောင်း AP သတင်းတပုဒ်ကို မခွာညိုက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ စီးပွားရေးအင်အားကြီးနိုင်ငံများရဲ့ G-20 ထိပ်သီးစည်းဝေးပွဲသွားနေတဲ့ အမေရိကန် သမ္မတ အိုဘားမားဟာ ဗုဒ္ဓဟူးနေ့ မှာ ဆွိဒင်နိုင်ငံမှာ တထောက်ရပ်နားခဲ့ပါတယ်။ ဆီးရီးယား အစိုးရက ပြည်သူတွေကို အဆိပ်ဓါတ်ငွေ့ တွေနဲ့  တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ရေးအရ အရေးယူနိုင်ရေး နိုင်ငံတကာရဲံ ထောက်ခံမှုကို ရရှိဖို့ သမ္မတ အိုဘားမားက ဆောင်ရွက်နေပါတယ်။ G-20 ထိပ်သီးဆွေးနွေးပွဲအတွင်း ဒီဆီးရီးယားကိစ္စဟာ သီးခြား ဆွေးနွေးစရာအကြောင်းအရာ တရပ် ဖြစ်မယ်ဆိုပြီးတော့လည်း မျှော်လင့်ရပါတယ်။ Zlatica Hokeပေးပို ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပါလိမယ့်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ချင်းပြည်နယ်သတ္ထုတွင်းစီမံကိန်း စိုးရိမ်မကင်းဖြစ်မှု နိုင်ငံရေးပါတီတွေ စုံစမ်း
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Brownfield မြန်မာနိုင်ငံရောက်
ကရင်ပြည်နယ်တွင်း ရေဘေးသင့်သူတွေ ကုလထောက်ပံ့
ဆီးရီးယားကိုအရေးယူဖို့ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဆုံးဖြတ်
ဆီးရီးယားကို တိုက်ခိုက်မယ့်အစီအစဉ် အမေရိကန်လူထုသဘောမတူ
ဆီးရီးယားအပေါ် ကုလအရေးယူမှု ရုရှားထောက်ခံဖို့ စဉ်းစားမည်
ဆီးရီးယားအပေါ် အရေးယူမှုပျက်ကွက်လျှင် နိုင်ငံတကာ သိက္ခာထိခိုက်နိုင်
အဂတိလိုက်စားမှု စစ်ဆေးခံရစဉ် တရုတ်အရာရှိတဦး ရေမွန်းသေဆုံး
မျက်စိနာရောဂါ
ဘက်မလိုက်ဘူးဆိုတဲ့ ကုလ အထူးကိုယ်စားလှယ် (အပိုင်း နှစ်)
VOA60 World
VOA60 USA
No comments:
Post a Comment