ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၀၆၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
အာကာသရောက် ဂျပန်စက်ရုပ် ကမ္ဘာမြေကို နှုတ်ဆက် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းရောက် စက်ရုပ် အာကာသယဉ်မှုး Kiboro က ပထမဆုံး ကမ္ဘာကြီးကို ဆက်သွယ် တဲ့ နှုတ်ဆက် Video ကို အာကာသတာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံ တရားမဝင်နေထိုင်သူတွေ ဖမ်းဆီးတဲ့ မလေးရှား အစီအစဉ် ဝေဖန်ခံရ မြန်မာနိုင်ငံသား အများအပြားအပါဝင် မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို အခုရက်ပိုင်းတွင်း အစုလိုက်အပြုံလိုက် ဖမ်းဆီး ရှင်းလင်းနေတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ အပြည့်အစုံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စ မူးယစ်ဗဟို အငြိမ်းစား အကြီးအကဲဟောင်း နဲ့ မေးမြန်းချက် ဘိန်းစိုက်ခင်းတွေဖျက်ပြီးလို့ ဘိန်းစိုက်တောင်သူတွေမှာ စားစရာမရှိရင် တခြားနောက်တနေရာ ကူးပြီးထပ်စိုက်ရင် ဒီဟာကြီးက သံသရာလည်နေတယ်လို့ ကျနော်တို့မြင်ပါတယ်။ အပြည့်အစုံ ရှမ်းပြည်ရောက် သူရဦးရွှေမန်း လူထုနဲ့တွေ့ဆုံ လားရှိုးမြို့ မြို့တော်ခန်းမမှာ ဒေသခံပြည်သူတွေနဲ့ သူရဦးရွှေမန်း ဆွးနွေးပွဲမှာ လူထုက တင်ပြတဲ့ လိုအပ်ချက်တွေကို လုပ်ပေးနိုင်တဲ့ အရာတွေကို ချက်ချင်းလုပ်ပေးဖို့ သူရ ဦးရွှေမန်းက ညွှန်ကြားဆောင်ရွက်ပေးခဲ့တယ်။ အပြည့်အစုံ ကန့်ဘလူ အကြမ်းဖက်မှု စ စေတဲ့ အဓမ္မကြံစည်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ် "သူ့ကို ကျနော်တို့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆၊ ၅၁၁၊ အရ တရားရုံး ကနေပြီးတော့ ထောင်ဒဏ်ငါးနှစ်ပါခင်ဗျ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄နဲ့ ပြစ်ဒဏ်ထောင်ဒဏ် နှစ်နှစ်ပါခင်ဗျ။ သီးခြားစီ ပြစ်ဒဏ်ချပါတယ်ခင်ဗျ။ ပေါင်း ခုနှစ်နှစ်ပါခင်ဗျ။ " အပြည့်အစုံ ဆီးရီးယားအရေး လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်မကျ "အခုတော့ လုံခြုံရေးကောင်စီရဲ့ စံနစ်ဟာ ရုရှားအစိုးရရဲ့ ရပိုင်ခွင့်တွေကို အကာကွယ်ပေးထားတာ ဖြစ်နေပါတယ်။ ဆီးရီးယားမှာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှုးတွေ ဓါတုလက်နက်ကိစ္စစုံစမ်းဖို့ ရောက်နေချိန်မှာပဲ ဓါတုလက်နက်နဲ့ နှစ်ပေါင်းအစိတ်အတွင်း ကမ္ဘာမှာအဆိုးဝါးဆုံး အတိုက်ခိုက်ခံခဲ့ရတာကို အာဏာရှင်အားပေး ဖြစ်တဲ့ ရုရှားက မျက်နှာပြောင်တိုက်ပြီး ထောက်ခံနေတာ တွေ့ရပါတယ်။" အပြည့်အစုံ ၂၀၂၀ အိုလံပစ် အိမ်ရှင် ဒီတပတ်ထဲ ရွေးချယ်မည် စနေနေ့ ကျရင်တော့ ၂၀၂၀ ပြည့်နှစ် နွေရာသီအိုလံပစ် အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်မြို့ကို မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံ G-20 အစည်းအဝေး ဆီးရီယားရေးဆွေးနွေးမည် ကမ္ဘာ့စီးပွားရေးရာကိစ္စတွေကို ဆွေးနွေးမယ့် G-20 ထိပ်သီးစည်းဝေးပွဲရဲ့ တရားဝင် အစည်းအဝေးမှာ ဆီးရီးယားအရေးကိစ္စ ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးကြမယ်လို့ ရုရှသမ္မတကပြောပါတယ်။ အပြည့်အစုံ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာမှာ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဖို့  ကြံစည်မှုနဲ့ ဖမ်းဆီးထားသူတဦးကို ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချမှတ်လိုက်တဲ့သတင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပေးတဲ့ အလှူငွေသိန်း၅၀၀ လက်ခံခဲ့တဲ့အပေါ် အငြင်းပွားမှုတွေ ရှိနေတဲ့ သတင်းနဲ့ ဆယ်စုနှစ် တနှစ်ကျော် စစ်ပွဲတွေ ရင်ဆိုင်ခဲ့ရတဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ ဆီးရီးယားကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခြေ အပေါ် ဘယ်လို တနု့်ပြန်ကြသလဲ။ သဘောထား အမြင်တွေနဲ့ ရုရှားနိုင်ငံမှာ ကျင်းပတဲ့ G-20 ထိတ်သီးဆွေးနွေးပွဲအတွင်း ဆီးရီးယားအရေး ဆွေးနွေးနိုင်ခြေ သတင်းနဲ့ သတင်းဆောင်းပါးတွေကို တင်ဆက်ထားပါတယ်။ အပြည့်အစုံ ဆီးရီးယားနိုင်ငံကို စစ်ရေးအရ ထိုးစစ်ဆင်ဖို့ သမ္မတအိုဘားမားရဲ့ ဆုံးဖြတ်ချက်အပေါ် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက အတည်ပြုလိုက်ပါတယ်။ အမေရိကန် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေကလည်း ဆီးရီးယားကို ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုရင် ဘယ်လို ရည်မှန်းချက်တွေ သတ်မှတ်မလဲဆိုတာ ဆွေးနွေးညှိ့နိုင်းနေကြပါတယ်။ အမေရိကန်ပြည်သူတွေကြားမှာတော့ ဒီလို ထိုးစစ်ဆင်တာဟာ ဆီးရီးယားနိုင်ငံရဲ့ ပဠိပက္ခတွချုပ်ငြိမ်းပြီး ပိုကောင်းစေနိုင်မယ်လို့ မယုံကြည်ကြပါဘူး။ ကိုသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။ အပြည့်အစုံ နိုင်ငံရပ်ခြားစစ်ပွဲတွေမှာ ဆယ်စုနှစ်နဲ့ချီပြီး ၀င်ပါနေခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေအပြင် အမေရိကန် ထောက်လှမ်းရေး အချက်အလက်တွေအပေါ်လဲ သံသယမကင်းနိုင်သေးတာကြောင့် ဓါတုလက်နက်သုံးလို့ဆိုပြီး ဆီးရီးယားကို အမေရိကန်က ဒဏ်ခတ်တိုက်ခိုက်ဘို့အရေးမှာ ပြည်သူတွေကမထောက်ခံချင်ဘဲဖြစ်နေပါတယ်။ VOA ၀ါရှင်တန်သတင်းထောက် Meredith Buel ရဲ့သတင်းလွှာကို ဦသန်းလွင်ထွန်းကတင်ပြပါမယ် အပြည့်အစုံ . အပြည့်အစုံ ရန်ကုန်မြို့ကို ရောက်လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ မြန်မာနိုင်ငံသားတွေအတွက် ရန်ကုန်လေဆိပ်ကနေ မိမိတို့နေထိုင်လိုရာ အရပ်ဒေသအသီးသီးကို သွားကြတဲ့အခါ ယဉ်ကျော ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအခက်အခဲက တနည်းအားဖြင့် ပြေလည်စေပြီး လေဆိပ်ကနေ ကားငှားစီးရတဲ့ စားရိတ် စားခလည်း သက်သာစေမယ့် ရန်ကုန်လေဆိပ် S့huttle လုပ်ငန်းကို အမေရိကန်နိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသားတဦးက ၀န်ဆောင်မှုစပေးနေပြီ ဖြစ်ပါတယ်။ လုပ်ငန်းအခြေအနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရန်ကုန်လေဆိပ်မှာ သွားရောက်ပြီး ကုမ္ပဏီတည်ထောင်သူ အကြီးအကဲ ဦးကျော်ကျော်ကို ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
အာကာသရောက် ဂျပန်စက်ရုပ် ကမ္ဘာမြေကို နှုတ်ဆက်
တရားမဝင်နေထိုင်သူတွေ ဖမ်းဆီးတဲ့ မလေးရှား အစီအစဉ် ဝေဖန်ခံရ
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စ မူးယစ်ဗဟို အငြိမ်းစား အကြီးအကဲဟောင်း နဲ့ မေးမြန်းချက်
ရှမ်းပြည်ရောက် သူရဦးရွှေမန်း လူထုနဲ့တွေ့ဆုံ
ကန့်ဘလူ အကြမ်းဖက်မှု စ စေတဲ့ အဓမ္မကြံစည်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ်
ဆီးရီးယားအရေး လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်မကျ
၂၀၂၀ အိုလံပစ် အိမ်ရှင် ဒီတပတ်ထဲ ရွေးချယ်မည်
G-20 အစည်းအဝေး ဆီးရီယားရေးဆွေးနွေးမည်
VOA60 USA
No comments:
Post a Comment