ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၀၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ စီးပွားရေးပညာရှင် ပါမောက္ခ ဦးခင်မောင်ကြည်ကွယ်လွန် Economic Development of Burma: A Vision And A Strategy စာအုပ်ပြုစုသူ စီးပွားရေးပညာရှင် ဦးခင်မောင်ကြည် စင်ကာပူနိုင်ငံမှာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ သောကြာနေ့က ကွယ်လွန်ခဲ့ပါတယ်။ အပြည့်အစုံ အမေရိကန်-မြန်မာ မူးယစ်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အတိတ်ကသင်ခန်းစာတွေကို နမူနာယူပြီး အစီအစဉ်သစ်တွေ ချမှတ်ဆောင်ရွက်သွားဖို့နဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းအတွေ၊ တိုင်းပြည်တပြည်ချင်းစီ ပါဝင်ဆောင်ရွက်ဖို့လိုအပ်ကြောင်း… အမေရိကန်နိုင်ငံခြားရေးဌာန မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ တရားဥပဒေ ထိန်းကျောင်း ရေးဆိုင်ရာလက်ထောက်ဝန်ကြီး Brownfield က ပြောပါတယ်။ အပြည့်အစုံ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအဖြေရှာဖို့ SSA (တောင်ပိုင်း) လိုလား ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ သူရဦးရွှေမန်းဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့တွေ့ဆုံခဲ့ကြတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ မြောက်ပိုင်းအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ လိုလားကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ စစ်ရေးနည်းသက်သက်ဖြင့် ဆီးရီးယားပြဿနာ ဖြေရှင်းနိုင်မည် မဟုတ် ဆီးရီးယားပြည်တွင်းစစ်အဆုံးသတ်ရေး စစ်ရေးတစ်ခုတည်းနဲ့ဖြေရှင်းလို့ မရနိုင်တဲ့အကြောင်း အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားက စက်မှုထိပ်သီးနိုင်ငံ ၂၀ အစည်းအဝေးမှာ ပြောပါတယ်။ အပြည့်အစုံ ဆန်မှာ Arsenic အဆိပ်ပါဝင်မှု အမေရိကန်စစ်ဆေး အပြင်းဆုံးအဆိပ် အာဆင်းနစ်တွေ့ရလေ့ရှိတဲ့ မြေဆီလွှာတွေကို စစ်ဆေးကြည့်ရှုခြင်းဖြင့် ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေထဲမှာ အာဆင်းနစ်ပါဝင်မှုရာခိုင်နှုန်းကို အမေရိကန် အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေးအဖွဲ့က စစ်ဆေးနေပါတယ်။ အပြည့်အစုံ ဆီးရီးယားအရေး အိုဘားမားနဲ့ ပူတင် သဘောထားကွဲ G-20 ထိပ်သီး အစည်းအဝေးပွဲဘေးပန်းမှာ အမေရိကန်နဲ့ ရုရှားသမ္မတတို့ သီးသန့်ဆွေးနွေးခဲ့ကြပေမဲ့ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူနိုင်မယ့်ကိစ္စမှာတော့ သဘောထားကွဲနေကြဆဲဖြစ်ပါတယ်။ အပြည့်အစုံ အွန်လိုင်း ကိုယ်ရေးလုံခြုံမှု အမေရိကန်နဲ့ဗြိတိသျှ ထောက်လှမ်းရေးများ ချိုးဖျက် လူပေါင်းသန်းနဲ့ချီသူတွေရဲ့ အင်တာနက် လျှို့ဝှက် code တွေကို အမေရိကန်နဲ့ဗြိတိန်ထောက်လှမ်းရေးဌာနနေတွက ဖော်ထုတ်ထောက်လှမ်းခဲ့ကြကြောင်း အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း Snowden ဖော်ထုတ်တဲ့အချက်ထဲမှာ ဖော်ပြပါတယ်။ အပြည့်အစုံ ဆီးရီးယားအရေး လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်မကျ "အခုတော့ လုံခြုံရေးကောင်စီရဲ့ စံနစ်ဟာ ရုရှားအစိုးရရဲ့ ရပိုင်ခွင့်တွေကို အကာကွယ်ပေးထားတာ ဖြစ်နေပါတယ်။ ဆီးရီးယားမှာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှုးတွေ ဓါတုလက်နက်ကိစ္စစုံစမ်းဖို့ ရောက်နေချိန်မှာပဲ ဓါတုလက်နက်နဲ့ နှစ်ပေါင်းအစိတ်အတွင်း ကမ္ဘာမှာအဆိုးဝါးဆုံး အတိုက်ခိုက်ခံခဲ့ရတာကို အာဏာရှင်အားပေး ဖြစ်တဲ့ ရုရှားက မျက်နှာပြောင်တိုက်ပြီး ထောက်ခံနေတာ တွေ့ရပါတယ်။" အပြည့်အစုံ ၂၀၂၀ အိုလံပစ် အိမ်ရှင် ဒီတပတ်ထဲ ရွေးချယ်မည် စနေနေ့ ကျရင်တော့ ၂၀၂၀ ပြည့်နှစ် နွေရာသီအိုလံပစ် အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်မြို့ကို မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံ Ramon Magsaysay ဆု ရရှိသူ ကချင်တိုင်းရင်းသူ Lahpai Seng Raw နဲ့ မေးမြန်းချက် "အစိုးရရဲ့ ဖွဲ့စည်းပုံပေါ့နော် တိုင်းရင်းသား ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံအရ အားဖြင့်ရော အမျိုးသမီးများကို သူတို့ နေရာပေးပြီးတော့ သူတို့ရဲ့ ဦးဆောင်ဦးရွက်ပြုမှုကို ကျမတို့က အလေးထားပြီးတော့ တန်ဖိုးထားဖို့ အချိန်တန်ပြီလို့ ကျမပြောချင်ပါတယ်။" အပြည့်အစုံ အမေရိကန်ပြည်ထောင်စုနဲ့  မြန်မာနိုင်ငံအကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လက်တွဲဆောင်ရွက်ကြမှာ၊ မယ်စကြ ၀ဠာ ပြိုင်ပွဲ မြန်မာပါဝင်မယ့်သတင်းနဲ့  ဆီးရီးယားအရေး၊ G 20 ထိပ်သီးဆွေးနွေးပွဲ သတင်းတွေကို တင်ပြထားပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုနဲ့  မြန်မာနိုင်ငံအကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လက်တွဲဆောင်ရွက်ကြမှာ၊ မယ်စကြ ၀ဠာ ပြိုင်ပွဲ မြန်မာပါဝင်မယ့်သတင်းတွေကို တင်ဆက်ထားပါတယ်။ အပြည့်အစုံ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် တောင်ဘက်က Pattaya ကမ်းခြေဟာ အပျော်အပါး လုပ်ငန်းတွေနဲ့ လူသိများလှပေမဲ့ အခုအခါမှာတော့ ဘားဆိုင်တွေ၊ နိုက်ကလပ်တွေနဲ့ မလှမ်းမကမ်းမှာ တည်ဆောက်နေတဲ့ ဆန်းဆန်းပြားပြား နေရာတခုကလည်း ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ သစ်သားနဲ့ ဆောက်လုပ်ထားပြီး ဒဏ္ဍာရီဆန်ဆန် ရုပ်ထုတွေနဲ့ အဆောက်အဦးကိုတော့ အရှေ့တိုင်း ဒဿနပညာနဲ့ ကွဲပြားတဲ့ ဘာသာရေး ယုံကြည်မှုတွေရဲ့ အနှစ်သာရကို ခံစားနိုင်ဖို့ ဖန်တီးထားတာပါ။ Pattaya ကမ်းခြေက ခရီးသွားတွေ စိတ်ဝင်စားနေကြတဲ့ နေရာအကြောင်းကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးထားပါတယ်။ အပြည့်အစုံ ဖိလစ်ပိုင်နိုင်ငံမှာ ၀ါးနဲ့လုပ်တဲ့ စက်ဘိန်းတွေကို စတင်အသုံးပြုနေပါပြီ။ ဒေသခံလယ်သမားတွေ စိုက်ပျိုးတဲ့ ၀ါးပင်တွေကို အသုံးပြုရင်း ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက်အလည်း အသုံးဝင်တယ်လို့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တဦးက ပြောဆိုပါတယ်။ မနီလာကနေ VOA သတင်းထောက် Jason Strother သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြထားပါတယ်။ အပြည့်အစုံ လာမယ့် နိုဝင်ဘာလ ရုရှားနိုင်ငံမှာ ကျင်းပမယ့် မယ်စကြာဝဠာ ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ နှစ်ပေါင်းငါးဆယ်အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံက အလှမယ် ၀င်ရောက်ယှဉ်ပြိုင်တော့မှာပါ။ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ရွေးချယ်ပွဲ အကြိုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ကိုစည်သူက ပြောပြပေးမှာပါ။ အပြည့်အစုံ . အပြည့်အစုံ အာရှ တလွှား လူကုန်ကူးမှုတွေကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြီး Human Traffic:China တရုတ်ရဲ့ လူကုန်ကူးမှု ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကား တကားကို MTV က ဘေဂျင်းမြို့တော်မှာ စတင်ပြသလိုက်ပါတယ်။ နှစ်စဉ် ကမ္ဘာပေါ်မှာ သန်းနဲ့ချီတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ လူကုန်ကူး ရောင်းစားခံနေကြတဲ့ အထဲမှာ ၃၀ ရာခိုင်နှုန်းက အာရှမှာ ဖြစ်ပျက်နေတာပါ။ တရုတ်ရဲ့ လူမှောင်ခိုကူးမှု အခြေအနေနဲ့ ဒေသတွင်း ရိုက်ခတ်မှုတွေ အကြောင်းကိုတော့ မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။ အပြည့်အစုံ . အပြည့်အစုံ . အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
အမေရိကန်-မြန်မာ မူးယစ်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နေ
ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအဖြေရှာဖို့ SSA (တောင်ပိုင်း) လိုလား
စစ်ရေးနည်းသက်သက်ဖြင့် ဆီးရီးယားပြဿနာ ဖြေရှင်းနိုင်မည် မဟုတ်
ဆန်မှာ Arsenic အဆိပ်ပါဝင်မှု အမေရိကန်စစ်ဆေး
ဆီးရီးယားအရေး အိုဘားမားနဲ့ ပူတင် သဘောထားကွဲ
အွန်လိုင်း ကိုယ်ရေးလုံခြုံမှု အမေရိကန်နဲ့ဗြိတိသျှ ထောက်လှမ်းရေးများ ချိုးဖျက်
ဆီးရီးယားအရေး လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်မကျ
၂၀၂၀ အိုလံပစ် အိမ်ရှင် ဒီတပတ်ထဲ ရွေးချယ်မည်
Ramon Magsaysay ဆု ရရှိသူ ကချင်တိုင်းရင်းသူ Lahpai Seng Raw နဲ့ မေးမြန်းချက်
No comments:
Post a Comment