ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ         						    							  စက်တင်ဘာလ ၀၈၊ ၂၀၁၃       						ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...  |     			
|     					     						      မြန်မာ           				       ဖွဲ့စည်းပုံပြင်ရေး တိုင်းရင်းသားတွေနဲ့ ဒေါ်စုတွေ့ဆုံ      ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ မဟာမိတ်တိုင်းရင်းသားပါတီအဖွဲ့အစည်းတွေ ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးမှာတွေ့ဆုံခဲ့ကြပါတယ်။ အဲဒီကတဆင့် တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ပုံမှန်တွေ့ဆုံမှုတွေ လုပ်သွားမှာဖြစ်ပြီး အဓိက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းရင်းသားရေးရာကိစ္စတွေကို ရှေ့ဆက်ဆွေးနွေးသွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံ        အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ရှမ်းတောင်ပိုင်းတပ်ဖွဲ့ တွေ့ဆုံ      တနိုင်လုံး ငြိမ်းချမ်းရေးရပြီး တိုင်းရင်းသားလက်နက်ကိုင်အားလုံးနဲ့ အပစ်ရပ်ရေး ကြိုးပမ်းသွားဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်းအဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံ        ၂၀၂၀ အိုလံပစ်ပွဲတော် တိုကျိုမှာ ကျင်းပမည်      သက္ကရာဇ် ၂၀၂၀ မှာကျင်းပမယ့် နွေရာသီအိုလံပစ်အားကစားပွဲတော်ကို အိမ်ရှင်အဖြစ်ကျင်းပပေးဖို့ ယှဉ်ပြိုင်တာမှာ တိုကျိုက အစ္စတန်ဘူလ်နဲ့ မက်ဒရစ်တို့ကို အနိုင်ရသွားပါတယ်။ အပြည့်အစုံ        လရဲ့လေထုလေ့လာမယ့် စက်ရုပ် NASA ထပ်လွှတ်       အမေရိကန်အာကာသအေဂျင်စီရဲ့ လကမ္ဘာလေ့လာရေးစီမံကိန်းအရ လပေါ်က လေနဲ့ သဘာဝပတ်ဝန်းကျင်လေ့လာဖို့အတွက် လူမပါဘဲ စက်ရုပ်တရုပ်တင်ဆောင်ထားတဲ့ ဒုံးကျည်တစ်စင်းကို လွှတ်တင်လိုက်ပါတယ်။ အပြည့်အစုံ        ဆီးရီးယားစစ်ပွဲ ပြည်တွင်းပြည်ပ ထောက်ခံမှုရဖို့ အမေရိကန်ကြိုးပမ်း      အပြည့်အစုံ        Tony Abbott - Australia ဝန်ကြီးချုပ်သစ် ဖြစ်      Australia အထွေထွေရွေးကောက်ပွဲမှာ Liberal Nationa ပါတီခေါင်းဆောင် Tony Abbott ဝန်ကြီးချုပ်အဖြစ် အနိုင်ရသွားပြီး လေဘာအစိုးရရဲ့ ၆ နှစ်တာ သက်တမ်း မကြာခင် အဆုံးသတ်ပါတော့မယ်။ အပြည့်အစုံ ပြည်တွင်းပြဿနာ နဲ့ လူ့အခွင့်ရေးရာ စက်တင်ဘာ ၇၊ ၂၀၁၃ - တိုင်းပြည်အန္တရာယ် ကြုံတွေ့ရချိန်မှာ လူ့အခွင့်အရေး မြှင့်တင်တဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာကို သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ တပတ်အတွင်း မြန်မာ နဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ၊ သီးသန့်တွေ့ဆုံမေးမြန်းခန်း - ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မီတီဝင် ဒေါ်ဒွဲဘူနဲ့ မြန်မာ့အရေး တွေ့ဆုံမေးမြန်း၊ နိုင်ငံတကာက ထင်ပေါ်ကျော်ကြားသူတွေ နဲ့ အနုပညာရှင်တွေ အကြောင်း စီစဉ်တင်ဆက်ပေးထားတဲ့ သက်တန့်ရောင် သတင်းလွှာ .... အပြည့်အစုံ  |     			
|     					     						  အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။     burmese@voanews.com           				
  |     			
|     					    Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA  |     			
  
  
      ဖွဲ့စည်းပုံပြင်ရေး တိုင်းရင်းသားတွေနဲ့ ဒေါ်စုတွေ့ဆုံ    
      အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ရှမ်းတောင်ပိုင်းတပ်ဖွဲ့ တွေ့ဆုံ    
      ၂၀၂၀ အိုလံပစ်ပွဲတော် တိုကျိုမှာ ကျင်းပမည်    
      လရဲ့လေထုလေ့လာမယ့် စက်ရုပ် NASA ထပ်လွှတ်     
      ဆီးရီးယားစစ်ပွဲ ပြည်တွင်းပြည်ပ ထောက်ခံမှုရဖို့ အမေရိကန်ကြိုးပမ်း    
      Tony Abbott - Australia ဝန်ကြီးချုပ်သစ် ဖြစ်    
No comments:
Post a Comment