အီရန်နိုင်ငံအနေနဲ့ ဒုတိယမြောက် ယူရေနီယံသန့်စင်တဲ့ စက်ရုံတစ်ခုကို အခုလကုန်မှာ စတင်လည်ပတ်မယ်လို့ ထိပ်တန်း အီရန်အရာရှိတစ်ဦးက ပြောပါတယ်။
တိဘက် ဘုန်းတော်ကြီးတစ်ပါးဟာ အမ်ဒို (Amdo) ဒေသ ဒါရီ (Dari) နယ်ထဲမှာ ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင်ရာက တနင်္ဂနွေနေ့မှာ သေဆုံးသွားပါတယ်။
တောင်အာဖရိကနိုင်ငံမှာ လက်ရှိအာဏာရ အာဖရိကအမျိုးသားကွန်ဂရက် (ANC) ဖွဲ့စည်းတည်ထောင်တဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲတွေ ဆင်နွှဲနေကြပါတယ်။
သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ထိခိုက်မယ့် ထားဝယ်ရေနက်ဆိပ်စီမံကိန်းကို ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ်ကို ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့စာပို့။
အီရန်သမ္မတ မာမွတ် အမာဒီနီဂျက် (Mahmoud Ahmadinejad) ဟာ လက်တင် အမေရိကားနိုင်ငံတွေကို ၅ ရက်ကြာခရီး တနင်္ဂနွေနေ့မှာ စတင်လိုက်ပါပြီ။
အာဖဂန်နိုင်ငံ အကျဉ်းထောင်တွေအပေါ် အမေရိကန် ကြီးကြပ်ကွပ်ကဲနေတာနဲ့ ပတ်သက်လို့ အာဖဂန်သမ္မတခါဇိုင်းက ပြင်းပြင်းထန်ထန် စွပ်စွဲ ဝေဖန်လိုက်ပါတယ်။
ပါကစ္စတန်သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ် (Pervez Musharraf) အနေနဲ့ ပြောထားတဲ့အတိုင်း တိုင်းပြည်ကို ပြန်ဝင်လာရင် အဖမ်းခံရမှာ ဖြစ်ပါတယ်။
အာရေဗျပင်လယ်ထဲမှာ ပင်လယ်ဓားပြတွေ ဖမ်းဆီးထားတဲ့ အီရန် ၁၃ ဦးကို အမေရိကန်ရေတပ် သင်္ဘောတစ်စီးကနေ ကယ်တင်ခဲ့ပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာအစိုးရတို့ ဇန်န၀ါရီလ ၆ ရက်နေ့ ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို သွားရောက်လေ့လာဖို့ အမေရိကန်အရာရှိနှစ်ဦး မြန်မာနိုင်ငံကို မကြာခင် သွားဖို့ရှိနေပါတယ်။
သတင်း မြန်မာသတင်း နိုင်ငံတကာသတင်း သတင်းသုံးသပ်ချက်
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်
သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်
No comments:
Post a Comment