Sunday, January 15, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ရင် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မည်

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ရင် အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်လာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရပြီ

မြန်မာနိုင်ငံမှာ နော်ဝေးကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိတ်ဆို့ထားချက် တချို့ကို နော်ဝေးအစိုးက ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Statement of Norway Ministry of Foreign Affairs: Norway no longer urges companies to refrain from trading with Myanmar. January 14, 2012.

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေး (Alain Juppe) ဟာ မြန်မာနိုင်ငံကို ဇန်န၀ါရီ ၁၄ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။

French Foreign Minister Alain Juppe

နီပေါအတွက် ဒေါ်လာ သန်း ၁၂၀ တရုတ်ကူညီ

နီပေါနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် တရုတ်နိုင်ငံက ဒေါ်လာသန်း ၁၂၀ အကူအညီပေးဖို့ သဘောတူလိုက်ပါတယ်။

China's Premier Wen Jiabao, (File September 14, 2011).

NLD စာရင်းအပေါ်တည်ပြီး အကျဉ်းသားလွှတ်ခဲ့ဟု ပြည်ထဲရေးဝန်ကြီး ရှင်းလင်း

အခုနောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သူတွေဟာ NLD ပါတီရဲ့ စာရင်းအရ အတည်ယူပြီး လွှတ်ပေးခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

Myanmar Home Affairs Minister Lt. Gen. Ko Ko attends a ceremony to mark "International Day against Drug Abuse and Illicit Trafficking" in Naypyitaw, Myanmar, Sunday, June 26, 2011.

နိုင်ကျဉ်းလွှတ်ပေးမှု NLD ကျေနပ်အားရ

NLD ပါတီစာရင်းရှိ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွတ်တာမဟုတ်သေးပေမဲ့ မနေ့က လွှတ်ပေးမှုအတွက် အားရကြောင်း NLD ပါတီ ပြောခွင့်ရသူက ပြောပါတယ်။

Family members of prisoners wait outside the Insein prison in Yangon, Myanmar, Friday, Jan. 13, 2012.

ထိုင်ဝမ် လက်ရှိသမ္မတ ပြန်ရွေးချယ်ခံရ

ထိုင်ဝမ် သမ္မတရွေးကောက်ပွဲရဲ့ လောလောဆယ် ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရ လက်ရှိသမ္မတ Ma Ying-jeou က ဦးဆောင်နေပြီး သူအနိုင်ရပြီလို့ ပြောနေပါတယ်။

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု အိုဘားမား ချီးကျူး

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တာကို အမေရိကန်သမ္မတ ဘရက်အိုဘားမားက ကြိုဆိုလိုက်ပါတယ်။

President Barack Obama gives his weekly address from the White House, Saturday, January 7, 2012.

မြန်မာ့အပြောင်းအလဲ ခိုင်မာရေး ကူညီကြဖို့ ဘန်ကီမွန်း တိုက်တွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုင်ငံရေးအကျဉ်းသားတွေကို မြန်မာအစိုးရက ပြန်လွှတ်ပေးလိုက်တာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ်။

မြန်မာနဲ့ အမေရိကန် သံအမတ်ကြီးအဆင့် ဆက်သွယ်တော့မည်

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က နှစ်နိုင်ငံကြား သံအမတ်ကြီးတွေ ခန့်အပ်သွားဖို့ ကြေညာလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment