NLD ပါတီခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ချင်းပြန်ခရီးနဲ့ ထားဝယ်မြို့နဲ့ အနီးတ၀ိုက်မြို့နယ်တွေကို စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ် လူစုခွဲခဲ့တာကြောင့် အနည်းဆုံး ၄ ဦးသေဆုံးခဲ့ပါတယ်။
အမေရိကန် တာဝန်ရှိသူတွေနဲ့ တာလီဘန် စေ့စပ်ညှိနှိုင်းသူတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြို တွေ့ဆုံမှုတွေ ကာတာနိုင်ငံမှာ ပြုလုပ်နေပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စင်္ကာပူ သမ္မတရဲ့ ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့က ရောက်ရှိနေပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ၈ နှစ်တာ အခွန်လွတ်ငြိမ်းခွင့် ပေးဖို့ စဉ်းစားနေတယ်လို့ မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။
Australia Open Tennis အမျိုးသား ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နော်ဗက် ဂျိုကိုးဗစ် (Novak Djokovic) အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ အစိုးရက ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက ပြောပါတယ်။
ဆီးရီးယားနိုင်ငံမှာ စနေနေ့က အကြမ်းဖက် နှိပ်ကွပ်မှုတွေ တိုးမြှင့် လုပ်လာတဲ့အတွက် အာရပ်အဖွဲ့ချုပ်က အကဲခတ်အဖွဲ့ကို ရပ်ဆိုင်းလိုက်ပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်းမှာ အဆိပ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ယိုဖိတ်ခဲ့တဲ့အတွက် ရေသန့်ဗူးတွေ ရုတ်တရက် အရောင်းသွက်နေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲ စရာတွေ အတော်ရှိသေးတယ်လို့ ကမ္ဘာ့စီးပွားရေးညီလာခံ တက်နေတဲ့ မြန်မာစက်မှုဝန်ကြီးက ပြောပါတယ်။
သတင်း မြန်မာသတင်း နိုင်ငံတကာသတင်း သတင်းသုံးသပ်ချက်
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်
သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်
No comments:
Post a Comment