ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ ခေါင်းဆောင်တွေနဲ့ အမေရိကန် လွှတ်တော်အမတ်တွေ တွေ့ဆုံစဉ် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။
ဆီးရီယားနိုင်ငံကို စေလွှတ်ခဲ့တဲ့ လေ့လာအကဲခတ်ရေး အဖွဲ့ဝင်တွေကို ပြန်ခေါ်ယူတော့မယ်လို့ ဆော်ဒီအာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ယီမင်နိုင်ငံမှာ ရာထူးကထွက်ပေးတဲ့ သမ္မတ အလီအက်ဘ်ဒူလာ ဆာလေးကို သတ်မှတ်တဲ့အချိန်ကာလတွင်း အမေရိကန်နိုင်ငံမှာ ဆေးကုသ ခံယူခွင့် ပြုလိုက်ပါပြီ။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ ဆိုးရွားနေတုန်းပဲလို့ Human Rights Watch အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တောင်ကာရိုလိုင်းနားပြည်နယ် ရီပက်ပလီကန်ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ယခင် အောက်လွှတ်တော်အမတ် နယူးတ်ဂင်းဂရစ်ခ်ျ အနိုင်ရသွားပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါကြောင့် တရုတ်နိုင်ငံမှာ လူတစ်ဦး ထပ်ပြီး သေဆုံးသွားတယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။
မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အားလုံး ဖယ်ရှားဖို့ကိစ္စ အချိန်ပေးရမယ်လို့ မြန်မာနိုင်ငံသွားမယ့် အမေရိကန် အထက်လွှတ်တော်အမတ်တွေက ပြောပါတယ်။
ကချင်ပြည်၊ ဟိုပင်မြို့ မြသီတာရပ်မှာ မီးရထားဝန်ထမ်း အရပ်သားတစ်ဦးကို စစ်တပ်အရာရှိတစ်ဦးက သေနတ်နဲ့ပစ်သတ်မှု သောကြာနေ့က ဖြစ်ပွားခဲ့ပါတယ်။
ဒီလ ၂၀ ရက်နေ့က နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ခနိုမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာမှာ သေဆုံးသူ ၁၀၀ ကျော် ရှိသွားပါပြီ။
တရုတ်နိုင်ငံမှာ လေထုအရည်အသွေးနဲ့ ပတ်သက်တဲ့ အချက်အလက် အသစ်တွေကို အစိုးရက အင်တာနက်မှာ စတင်ဖော်ပြဖို့ ရှိနေပါတယ်။
သတင်း မြန်မာသတင်း နိုင်ငံတကာသတင်း သတင်းသုံးသပ်ချက်
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်
သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်
No comments:
Post a Comment