Sunday, January 22, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

မြန်မာအပေါ် ဒဏ်ခတ်မှုဖယ်ရှားရေး အချိန်ယူရဦးမည်

မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အားလုံး ဖယ်ရှားဖို့ကိစ္စ အချိန်ပေးရမယ်လို့ မြန်မာနိုင်ငံသွားမယ့် အမေရိကန် အထက်လွှတ်တော်အမတ်တွေက ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် John McCain ၊ Joseph Lieberman ၊ Sheldon Whitehouse နဲ့ Kelly Ayotte တို့ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင် သတင်းထောက်များနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံနေစဉ်။ (ဇန်န၀ါရီလ ၂၁၊ ၂၀၁၂)

ဟိုပင်မြို့တွင် တရားမဲ့ သတ်ဖြတ်မှုတစ်ခု ဖြစ်ပွား

ကချင်ပြည်၊ ဟိုပင်မြို့ မြသီတာရပ်မှာ မီးရထားဝန်ထမ်း အရပ်သားတစ်ဦးကို စစ်တပ်အရာရှိတစ်ဦးက သေနတ်နဲ့ပစ်သတ်မှု သောကြာနေ့က ဖြစ်ပွားခဲ့ပါတယ်။

နိုင်ဂျီးရီးယားဗုံးခွဲမှု လူ ၁၀၀ ကျော် သေဆုံး

ဒီလ ၂၀ ရက်နေ့က နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ခနိုမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာမှာ သေဆုံးသူ ၁၀၀ ကျော် ရှိသွားပါပြီ။

Smoke rises from the police headquarters as people run for safety in Nigeria's northern city of Kano January 20, 2012

သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး တရုတ် စတင်ဆောင်ရွက်

တရုတ်နိုင်ငံမှာ လေထုအရည်အသွေးနဲ့ ပတ်သက်တဲ့ အချက်အလက် အသစ်တွေကို အစိုးရက အင်တာနက်မှာ စတင်ဖော်ပြဖို့ ရှိနေပါတယ်။

Beijing air pollution

၈၈ ကျောင်းသားအဖွဲ့ ပါတီထောင်ဖို့ မစဉ်းစားသေး

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ နိုင်ငံရေးပါတီ ထူထောင်ဖို့မရှိဘဲ NLD ပါတီကို ၀န်းရံသွားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရှင်းလင်းပြောကြားနေစဉ်။ (ဇန်န၀ါရီလ ၂၁၊ ၂၀၁၂)

အီဂျစ်ရွေးကောက်ပွဲ Muslim Brotherhood အနိုင်ရ

အီဂျစ်နိုင်ငံက လွှတ်တော်ရွေးကောက်ပွဲမှာ Muslim Brotherhood ပါတီက အနိုင်ရသွားပါတယ်။

Boys stand near campaign posters of the Muslim Brotherhood's Freedom and Justice Party outside a polling station during the second day of parliamentary elections at village of Kafr el-Moseilha, the hometown of former president Hosni Mubarak, December 14,

ကလေးစစ်သားအရေး အစိုးရ ပိုပွင့်လင်းလာ

မြန်မာနိုင်ငံမှာ ကလေးစစ်သား မရှိတော့အောင် လုပ်ဆောင်မယ် လို့ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

MYANMAR CHILD SOLDIERS BY GRANT PECK ** Two young ethnic Karen boys man a guard post at New Manerplaw, Myanmar, Karen rebel territory Jan. 31, 2004

အီရန်အရေး ဆွေးနွေးဖို့ အမေရိကန်ဗိုလ်ချုပ်ကြီး အစ္စရေးရောက်

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ် နဲ့ပတ်သက်လို့ အမေရိကန်စစ်ဘက် ထိပ်တန်း တာဝန်ရှိသူတစ်ဦးနဲ့ အစ္စရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

U.S. Joint Chiefs of Staff, Army Gen. Martin Dempsey, left, shakes hands with Israeli President Shimon Peres during their meeting at the President's residence in Jerusalem, Friday, Jan. 20, 2012.

အင်တာနက်ဆင်ဆာ ဥပဒေကြမ်းတွေ အမေရိကန်လွှတ်တော် ရွှေ့ဆိုင်း

အွန်လိုင်းကနေ မူပိုင်ခွင့် ချိုးဖောက်ခိုးယူတာတွေကို ပစ်မှတ်ထားတဲ့ ဥပဒေမူကြမ်း မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို အမေရိကန်လွှတ်တော် ရွှေ့ဆိုင်း။

သမ္မတဦးသိန်းစိန် ပိတ်ဆို့မှု ရုပ်သိမ်းရေး တောင်းဆို

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုတွေကို ပြန်ပြီး ရုပ်သိမ်းကြဖို့ သမ္မတ ဦးသိန်းစိန်က တောင်းဆိုလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment