ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မေလ ၀၁၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မိတ္ထီလာအကြမ်းဖက်မှု နှစ်ဘက်လျှောက်လဲချက် တရားရုံးကြားနာ "ကျနော်တို့ တင်ပြချက်တွေကိုလည်း အသေးစိတ် ကြားနာပြီးတော့ စွဲချအမိန့်ကို အမှန်တော့ သူက ၂ ရက်နေ့ ပေးတာပေါ့နော်။ မနက်ဖြန် မေဒေး ပိတ်တဲ့အတွက်ကို။ ၃ ရက်နေ့ကို ကျနော်တို့ကို ပြန်ချိန်းထားတယ်" အပြည့်အစုံ ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား "ကျနော်တို့ နိုင်ငံဟာ အဘက်ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန်မနှောင်းသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိပက္ခဖြစ်မယ့်နေရာတွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမယ်ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်" အပြည့်အစုံ မြန်မာပြည်မှာ Ford ကုမ္ပဏီထုတ် ကားတွေ ရောင်းမည် “အမေရိကန် စီးပွားရေး လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြဖို့ အမေရိကန်အစိုးရက ပြောဆိုလာတဲ့အပေါ် ကျနော်တို့က လက်ဦးမှု ရယူလိုက်တာပါ။ ကျနော်တို့အနေနဲ့ ဒီလို လက်ဦးမှု ရယူနိုင်ဖို့ အင်မတန် အင်မတန်မှ အရေးကြီးပါတယ်” အပြည့်အစုံ ရန်ကုန်တိုင်း ဥက္ကံမြို့မှာ ဆူပူမှုဖြစ်ပွား “နာကျင်ဒဏ်ရာရတာတို့ ဘာတို့တော့ မကြားဘူး။ ဆိုင်တချို့နဲ့ အိမ်တချို့ပေါ့ နည်းနည်းပါးပါး ထိခိုက်သွားတယ်။ အခု လောလောလတ်လတ်ကတော့ ကိုရင်လေးတပါးကို မူဆလင်အမျိုးသမီးတဦးက ဆိုင်ကယ်နဲ့ ၀င်ချိတ်မိတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ မကျေမနပ် ဖြစ်ကြတာပေါ့လေ” အပြည့်အစုံ ဘင်္ဂလားဒေ့ရှ် ပြိုကျအဆောက်အဦးပိုင်ရှင် ပစ္စည်းအားလုံး တရားရုံးချိတ်ပိတ် "အဆောက်အဦးပိုင်ရှင် Sohel Rana ရဲ့ ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကို ထိန်းချုပ်ဖို့ တရားရုံးကနေ မနေ့တုန်းက ဆုံးဖြတ်ချက် ချခဲ့တာပါ" အပြည့်အစုံ ဆီးရီးယားဓာတုလက်နက် အသုံးပြုမှု အမေရိကန် ချက်ချင်း တုံ့ပြန်မည်မဟုတ် "ဆီးရီးယားနိုင်ငံတွင်း ပြည်တွင်းစစ်မှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဘယ်လို ကိုင်တွယ်မလဲဆိုတာ ဆုံးဖြတ်ဖို့ အလောတကြီး လုပ်မှာ မဟုတ်ဘူးတဲ့အကြောင်း သမ္မတ Barack Obama က ပြောပါတယ်" အပြည့်အစုံ Boston အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့ သဲလွန်စသစ် တွေ့ရှိ "Boston မာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုအတွက် သံသယရှိသူနဲ့ တအိမ်တည်း အတူနေသူ အမျိုးတွေရဲ့ မျိုးဗီဇ နမူနာတွေကို အစိုးရ စုံစမ်းထောက်လှမ်းသူတွေက သက်သေအဖြစ် ကောက်ယူနေပါတယ်" အပြည့်အစုံ Dhaka ကုန်တိုက်ပြိုကျမှုမှာ သေဆုံးသူအလုပ်သမားတွေ နစ်နာကြေးရမည် "ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့တဲ့ စက်မှုလုပ်ငန်း အများအပြား တည်ထားတဲ့ အဆောက်အဦးမှာ ထိခိုက်သေဆုံးခဲ့ရတဲ့ သူတို့ အလုပ်သမားတွေ အတွက် လျော်ကြေးငွေ ပေးမယ်လို့ အနောက်တိုင်းကုမ္ပဏီ ၂ ခုက ကတိပေး လိုက်ပါတယ်" အပြည့်အစုံ ဒီကနေ့အစီအစဉ်မှာ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်က ပဋိပက္ခနဲ့ အကြမ်းဖက်မှု သတင်း၊ ရခိုင်ပြည်နယ် ပဠိပက္ခ စုံစမ်းရေးကောက်မရှင်ရဲ့ အစီရင်ခံစာအပေါ် သောမတ်စ် အိုဟေး ကင်တားနားရဲ့ သဘောထား တုန့်ပြန်ချက်အကြောင်း၊ နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနား ... အပြည့်အစုံ ဥက္ကံမှာ မူဆလင်တွေရဲ့ ပိုင်ဆိုင်မှု တချို့ ဖျက်ဆီးခံရ၊ ရခိုင်စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ အပေါ် ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ပြောဆို၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေး၊ မွန်ဂိုလီးယားရောက် ဒေါ်အောင်ဆန်းစုကြည် စတဲ့ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ အမေရိကန်နိုင်ငံ ကမ္ဘာကျော် Ford မော်တော်ကားကုမ္ပဏီကြီးဟာ လာမယ့် သြဂုတ်လကစပြီး ကားအရောင်းဆိုင်နဲ့ ကားပြင်ဌာနတို့ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်တော့မယ်လို့ အင်္ဂါနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ အပြည့်အစုံ မကြာသေးခင် လပိုင်းတွေအတွင်း ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး နောက်ပိုင်းမှာ အနိမ့်ဆုံး အခြေအနေ တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးပြန်နွေးထွေးအောင် စစ်အေးခေတ်တုန်းက သုံးခဲ့တဲ့ မဟာဗျုဟာတွေကို နှစ်နိုင်ငံ ပြန်ပြီး သုံးလာနေပါတယ်။ အဓိကကတော့ သံတမန်ဆက်ဆံရေးအတွက် ဂီတဖျော်ဖြေပွဲတွေကို သုံးလာခဲ့တာပါ။ VOA သတင်းထောက် James Brooke သတင်းပေးပို့ထားတာကို မစန္ဒီက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ တိုင်းပြည်အတွင်းမှာ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ထပ်ပြီး မပေါ်ပေါက်ရအောင် တားဆီးရာမှာ ပြည်သူတွေကလည်း ပူးပေါင်းလက်တွဲပါဝင်ဖို့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်က မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံ့စွမ်းဆောင်ရည် ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ် ။ နယ်ပယ်အသီးသီးက ထူးချွန်အောင် ဆောင်ရွက်နိုင်သူတွေကို ရွေးချယ်ပြီး သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဆုကို ရွေးချယ်ချီးမြင့်တာဖြစ်ပါတယ်။ ဆုပေးပွဲ အခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်က ကိုရော်နီငြိမ်းက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ တောင်ကိုရီးယား သမ္မတ Park Geun-hye ဟာ အမေရိကန် သမ္မတ အိုဘားမား နဲ့ လာမယ့်အပတ်ထဲ၊ ၀ါရှင်တန်ဒီစီမှာတွေ့ဆုံဖို့ရှိပါတယ်။ ဒီလိုတွေ့ဆုံရာမှာ မြောက်ကိုရီး ယားနိုင်ငံရဲ့ နျူကလီးယားအရေးနဲ့ ပက်သက်ပြီး အဓိကထား ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ အမေရိကန် နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေ အနေနဲ့ နှစ်နိုင်ငံ စစ်ရေးအရ ပိုပြီးနီးနီးကပ်ကပ်ဆက်ဆံရေး ဆွေးနွေးကြ မယ့်အချိန် မှာ ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးတွေတိုး တက်ကောင်း မွန်လာဖို့ တရုတ်ရဲ့ အခန်းကဏ္ဍ ကလည်း အဓိကကျတယ်လို့ အမေရိကန်အရာရှိတွေဘက်ကလည်း ယုံကြည်ထားကြတာပါ။ ဒီအကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနဆိုင်ရာ ဗွီအိုအေ သတင်းထောက် Scott Sterns သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က ပြောပြပေးမှာပါ။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မိတ္ထီလာအကြမ်းဖက်မှု နှစ်ဘက်လျှောက်လဲချက် တရားရုံးကြားနာ
ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား
မြန်မာပြည်မှာ Ford ကုမ္ပဏီထုတ် ကားတွေ ရောင်းမည်
ရန်ကုန်တိုင်း ဥက္ကံမြို့မှာ ဆူပူမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ် ပြိုကျအဆောက်အဦးပိုင်ရှင် ပစ္စည်းအားလုံး တရားရုံးချိတ်ပိတ်
ဆီးရီးယားဓာတုလက်နက် အသုံးပြုမှု အမေရိကန် ချက်ချင်း တုံ့ပြန်မည်မဟုတ်
Boston အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့ သဲလွန်စသစ် တွေ့ရှိ
Dhaka ကုန်တိုက်ပြိုကျမှုမှာ သေဆုံးသူအလုပ်သမားတွေ နစ်နာကြေးရမည်
No comments:
Post a Comment