Wednesday, May 15, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မေလ ၁၅၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မေလ ၁၅၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ရခိုင်က မူဆလင်တွေ ဘေးကင်းရာရွှေ့ပေးဖို့ HRW တောင်းဆို ရခိုင်က မူဆလင်တွေ ဘေးကင်းရာရွှေ့ပေးဖို့ HRW တောင်းဆို
"မနေ့ကအထိတော့ ဒုက္ခသည် ၆ သောင်းခွဲဟာ ရေဘေးဒဏ် ခံရလေ့ရှိတဲ့ ဒေသ တွေမှာ ရှိနေတုန်းပါပဲ။ ဒီလူတွေကို နေရာရွှေ့ပေးဖို့ ဆိုပြီးတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်ပြည်နယ် အာဏာပိုင်နဲ့ ဦးသိန်းစိန်အစိုးရတို့ကို ပြီးခဲ့တဲ့လတွေကတည်းက တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါဘူး။ အခု ရွှေ့ပြောင်း နေရာချပေးတယ်ဆိုတာ စစ်တွေနားက လူအနည်းစုကိုပါ" အပြည့်အစုံ
 
နိုင်ငံတကာ

Nawaz Sharif ကို အိုဘားမား ဖုန်းဆက်ဂုဏ်ပြု Nawaz Sharif ကို အိုဘားမား ဖုန်းဆက်ဂုဏ်ပြု
"ပါကစ္စတန်နိုင်ငံရဲ့ စနေနေ့ လွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ပါတီရဲ့ခေါင်းဆောင် ဝန်ကြီးချုပ်သစ် ဖြစ်လာမဲ့ပုံရသူ Nawaz Sharif ကို အမေရိကန်သမ္မတ Barack Obama က တယ်လီဖုန်းနဲ့ လှမ်းဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောဆိုခဲ့ပါတယ်" အပြည့်အစုံ
 
လျှို့ဝှက်သတင်း ပေါက်ကြားခြင်း စုံစမ်းမှု အိမ်ဖြူတော်ကာကွယ် လျှို့ဝှက်သတင်း ပေါက်ကြားခြင်း စုံစမ်းမှု အိမ်ဖြူတော်ကာကွယ်
"သတင်းထောက်တွေမှာ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပိုင်ခွင့် လွတ်လွတ်လပ်လပ် ရှိတာကို သမ္မတ Barack Obama က အပြည့်အဝ ယုံကြည်ပေမဲ့ အထူး လျှို့ဝှက်ထားတဲ့ အချက်အလက်တွေ မပေါက်ကြားအောင် ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း သမ္မတက မြင်ကြောင်း" အပြည့်အစုံ
 
အမေရိကန် သံဝန်ထမ်းတစ်ဦး ရုရှားဖမ်းဆီး အမေရိကန် သံဝန်ထမ်းတစ်ဦး ရုရှားဖမ်းဆီး
"Fogle ဟာ ရုရှားမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ နိုင်ငံရေးဌာန တတိယ အတွင်းဝန် အဖြစ် ဆောင်ရွက်နေသလို၊ CIA အတွက် အလုပ်လုပ်နေသူလည်း ဖြစ်တယ်လို့ ရုရှားလုံခြုံရေးအဖွဲ့ FSB က ပြောပါတယ်။ သူ့ကို ဖမ်းဆီးရာမှာ အထူး ပြုလုပ်ထားတဲ့ အဆင့်မြင့် နည်းပညာ ပစ္စည်းတွေ၊ ရုပ်ဖျက်ရာမှာ သုံးတဲ့ ပစ္စည်းတွေ" အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ ၀၅-၁၅-၂၀၁၃ နေ့ စဉ်တီဗွီသတင်းလွှာ ၀၅-၁၅-၂၀၁၃
ဆိုင်ကလုန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အာဏာပိုင် တွေနှိုးဆော်၊ ပေါက်တောမြို့မှာ ခရီးသည်တင်လှေတစင်း ကျောက်ဆောင်နဲ့တိုက်ပြီးနစ်မြှုပ်၊ ဘင်္ဂလားဒေ့ရှ်က အဆောက် အဦးပြိုကျတဲ့နေရာမှာ ရှာဖွေမှုတွေရပ်ဆိုင်း၊ ၂၀၁၂ မှာ သတင်းသမားတွေအတွက် အန္တရာယ်အကြီးဆုံးနိုင်ငံ …. စသည်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အိန္ဒိယ မွေးကင်းစ သေဆုံးမှုနှုန်း အိန္ဒိယ မွေးကင်းစ သေဆုံးမှုနှုန်း
အိန္ဒိယနိုင်ငံဟာ မွေးကင်းစကလေးငယ်တွေ ၂၄ နာရီအတွင်း သေဆုံးမှုနှုန်း ကမ္ဘာပေါ်မှာ အများဆုံး တိုင်းပြည်တခု ဖြစ်တဲ့အကြောင်း လေ့လာချက်အသစ်တခုက တွေ့ရှိခဲ့ပါတယ်။ မွေးပြီးပြီးချင်း တရက်အတွင်း သေဆုံးသူ ကလေးငယ်ပေါင်း တနှစ်ကို ၃ သိန်းကျော်အထိ ရှိနေရတဲ့ အခြေခံ အကြောင်းရင်းခံတွေကိုတော့ ဗွီအိုအေသတင်းထောက် Aru Pande နယူးဒေလီမြို့ကနေ သတင်းပေးပို့ ထားပါတယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
မုန်တိုင်းအရေးပေါ်နဲ့ ပြင်ဆင်မှု မုန်တိုင်းအရေးပေါ်နဲ့ ပြင်ဆင်မှု
မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်လာဖို့ ရှိနေတာကြောင့် အရေးပေါ် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အာဏာပိုင် တွေက နှိုးဆော်နေပါတယ်။ အားပြင်းတဲ့ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းနဲ့အတူ မိုးသည်းထန် လေပြင်းတိုက်ခိုက်မှုတွေကြောင့် ကမ်းရိုးတန်းဒေသမှာ နေထိုင် သူတွေ အထူး သတိထားကြဖို့ လိုမယ်လို့လည်း မိုးလေ၀သ ကျွမ်းကျင်သူတွေက အရေးပေါ် အကူအညီပေးရေး အဖွဲ့အစည်းတွေက သတိပေးနေကြတာပါ။ အပြည့် အစုံကိုတော့ ကိုအောင်အောင် ကတင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်းများ ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်းများ
မဟာဆင် ဆိုင်ကလုန်း မုန်တိုင်း အခြေအနေ၊ ရခိုင်ပြည်နယ် အတွင်းက မုန်တိုင်းရှောင်ရင်း လှေတိမ်းမှောက်ကြရတဲ့ ဒုက္ခသည်တွေ အရေးနဲ့ မြန်မာ အစိုးရ တပ်နဲ့ စစ်ပွဲကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အခြေအနေ စတာတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
ရန်ကုန် သတင်းဓာတ်ပုံပြပွဲ ရန်ကုန် သတင်းဓာတ်ပုံပြပွဲ
ပြည်တွင်း မီဒီယာတွေမှာ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံတွေကို စုစည်းပြသပွဲ တရပ်ကို Press Club of Myanmar (PCM) မှာ ပြုလုပ်နေပါတယ်။ ၅ ရက်ကြာ ပြုလုပ်မယ့် ဒီ သတင်းဓာတ်ပုံ ပြပွဲမှာတော့ ကချင်စစ်ရေး၊ ရခိုင်ပဋိပက္ခ၊ လက်ပံတောင်းတောင်း သပိတ် ဖြိုခွင်းခဲ့ချိန်က ဓာတ်ပုံတွေ အပြင် ပြီးခဲ့တဲ့ ၂ နှစ် အတွင်းက ထူးခြားတဲ့ သတင်းဓာတ်ပုံတွေကို ပြသထားတာပါ။ မသိင်္ဂီထိုက်က ပြေပြပေးမှာပါ။ အပြည့်အစုံ
 
၂၀၁၂ အသတ်ခံရသည့် သတင်းသမားများ ၂၀၁၂ အသတ်ခံရသည့် သတင်းသမားများ
၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်းမှာ သတင်းရယူရင်း အသတ်ခံခဲ့ရတဲ့ သတင်းထောက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းမှတ်ရာတွေကို ၀ါရှင်တန်မြို့တော်မှာရှိတဲ့ Newseum သတင်းပြတိုက်မှာ ပြသထားပါတယ်။ ကိုယ့်အစိုးရကို ကိုယ်ဝေဘန်ခွင့်၊ ဒါမှမဟုတ် အစိုးရမကောင်းကြောင်း သတင်းရေးခွင့် မရှိတဲ့ နိုင်ငံတွေ အမျာအပြားရှိနေဆဲဖြစ်ပြီး သတင်းရယူရင်း အန္တရယ်ပြု၊ တိုက်ခိုက်ခဲ့ရတဲ့ သေဆုံးခဲ့တဲ့ သတင်းထောက်တွေလည်း အများကြီး ရှိပါတယ်။ VOA သတင်းထောက် (Carolyn Presutti) သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment