Saturday, May 11, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မေလ ၁၁၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မေလ ၁၁၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

လက်ပံတောင်းအစီရင်ခံစာ ဒေါ်စုကာကွယ် လက်ပံတောင်းအစီရင်ခံစာ ဒေါ်စုကာကွယ်
"ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ထဲက တစ်ဦးဦးမှာ တာဝန်ရှိတယ်လို့ ကျမမထင်ပါဘူး။ ဖြစ်ခဲ့တာအကုန်လုံးကို ကျမတို့ ထည့်သွင်း စဉ်းစားရပါမယ်။" အပြည့်အစုံ
 
SSA (S) စခန်း အစိုးရသိမ်းပိုက် SSA (S) စခန်း အစိုးရသိမ်းပိုက်
“ညနေပိုင်း ၃ နာရီအချိန်ပိုင်းလောက်မှာ ကျနော်တို့ ဆုတ်ပေးလိုက်ပါပြီ။ အင်အားချင်း မမျှတော့ဘူး။ သူတို့ကတော့ အဲဒီ နောင်မကျေးရွာအုပ်စုထဲဝင်သွားပြီ။" အပြည့်အစုံ
 
လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းတင်သွင်းမည် လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းတင်သွင်းမည်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်း တရပ်ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အပြည့်အစုံ
 
အာရှ (၆) နိုင်ငံ မူးယစ်တိုက်ဖျက်ရေးညီလာခံ နေပြည်တော်မှာကျင်းပ အာရှ (၆) နိုင်ငံ မူးယစ်တိုက်ဖျက်ရေးညီလာခံ နေပြည်တော်မှာကျင်းပ
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေကြား နယ်စပ် လုံခြုံရေးကို ပိုမိုတင်းကြပ်ဖို့ မြန်မာနိုင်ငံအပါအဝင် အာရှ ၆ နိုင်ငံက သဘောတူခဲ့ကြပါတယ် အပြည့်အစုံ
 
နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် စက်ရုံအပြိုအပျက်ထဲ အသက်ရှင်နေသူတဦး ဘင်္ဂလားဒေ့ရှ် စက်ရုံအပြိုအပျက်ထဲ အသက်ရှင်နေသူတဦး
ဘင်္ဂလားဒေ့ရှ်မှာ လွန်ခဲ့တဲ့ ၁၇ ရက်တုန်းကပြိုကျခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦးပျက်တွေအောက်မှာ အမျိုးသမီးတဦးကို အသက်ရှင်လျက် တွေ့ရှိခဲ့ပါတယ်။ အပြည့်အစုံ
 
မန်ယူ နည်းပြသစ် ရွေးချယ် မန်ယူ နည်းပြသစ် ရွေးချယ်
လက်ရှိ အဲဗာတန်အသင်းရဲ့ နည်းပြ David Moyes ကို မန်ချက်စတာ ယူနိုက်တက်အသင်းက နည်းပြသစ်အဖြစ်နဲ့ ရွေးချယ် လိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ
 
စကားပြောကြရအောင်

မိခင်များနေ့ မိခင်များနေ့
အမေရိကန်ပြည်ထောင်စုမှာ မေလ ၁၂ရက်နေ့မှာ ကျရောက်တဲ့ မိခင်များနေ့ အမှတ်တရအနေနဲ့ ဘယ်လိုဆင်နွှဲကြသလဲ သားသမီးနဲ့ မိခင်ကြား ထားရှိတဲ့ အပြန်အလှန် မေတ္တာတရားကို ဖော်ကျူးကြတဲ့ ချစ်စရာ အလေ့အထလေးအကြောင်း ဒီသီတင်းပတ်ရဲ့ စကားပြောကြရအောင်မှာ နားဆင်ကြည့်ပါ။ အပြည့်အစုံ
 
စီးပွားရေး

အာဖရိကနိုင်ငံတွေက လူနေမှုဘဝများ အာဖရိကနိုင်ငံတွေက လူနေမှုဘဝများ
အာဖရိကနိုင်ငံတွေအတွင်း အာဏာရှိသူတွေ အမှီပြုတဲ့ လူချမ်းသာတွေနဲ့ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားသူတွေကြားက လူထုအကျိုးစီးပွားအပေါ် မျှဝေခံစားပုံခြင်း မတူညီမှုတွေကို ယှဉ်ပြ တင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ ၀၅-၁၀-၂၀၁၃ နေ့ စဉ်တီဗွီသတင်းလွှာ ၀၅-၁၀-၂၀၁၃
အင်ဒိုနီးရှား နိုင်ငံ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေကို လိုက်လံဖမ်းဆီးရင်း ဂျာဗားကျွန်းမှာ အကြမ်းဖက်သမားလို့ မသင်္ကာသူတွေ ခိုအောင်းနေတဲ့နေရာကို ရဲတွေက စီးနင်းပြီး ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွား၊ တောင်ပိုင်း ရှမ်းပြည် တပ်မတော်ခေါ် ရှမ်းပြည် ပြန်လည် တည်ထောင်ရေးကောင်စီ တပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာအစိုးရတပ်တွေ ၀င်ရောက်တိုက်ခိုက်၊ သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး စာအုပ်ကို ရေးသားသူ ထက်အောင်ကျော်ရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ချက်....စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အိမ်မြေဈေးနှုန်း အပြောင်းအလဲ အိမ်မြေဈေးနှုန်း အပြောင်းအလဲ
မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း တွေ့မြင်လာရတဲ့ အပြောင်းအလဲတွေနဲ့အတူ တနေ့တခြား မြင့်မားလာနေတဲ့ အိမ်မြေဈေးနှုန်းတွေက စီးပွားရေး လုပ်ငန်းတွေ ၀င်ရောက် လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေကြတဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေအတွက် စိမ်ခေါ်မှုတခု ဖြစ်နေရပါတယ်။ စီးပွားရေး အချက်အခြာ ရန်ကုန်မြို့မှာ ဆိုရင်လည်း အိမ်၊ မြေ နဲ့ ရုံးခန်း ဈေးနှုန်းတွေ အဆမတန် တက်လာတာကြောင့် မြို့စွန်မြို့ဖျားကို ပြောင်းရွှေ့နေကြရတဲ့အထိပါ။ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကွက် အခြေအနေကိုတော့ ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
ရန်ကုန်တိုင်းရေရှားပါးမှု ရန်ကုန်တိုင်းရေရှားပါးမှု
ရန်ကုန်တိုင်းဒေသကြီး အတွင်း ရေ ရှားပါးမှုဟာ ရာသီဥတု ပြောင်းလဲမှုတွေနဲ့ မိုးရေချိန်လျော့နည်းမှုတွေကြောင့် တနှစ်ထက် တနှစ် ပိုဆိုး လာတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံနာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ ငါးနှစ် ကတည်းက နောက်ပိုင်းမှာ ရေတွင်းရေကန် ခမ်းခြောက်မှုတွေ အဆက်အပြတ်ကြုံခဲ့ရတာလို့လည်း ဒေသခံတွေက ပြောပါတယ် မိုးမခ မီဒီယာက မမေသင်္ကြန်ဟိန်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
သောကြာနေ့ မြန်မာတီဗွီသတင်းများ သောကြာနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ခုနှစ်မေလ၁၀ရက်သောကြာနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
သူပုန်ကျောင်းသားတဦးရဲ့ သုံးသပ်ချက် သူပုန်ကျောင်းသားတဦးရဲ့ သုံးသပ်ချက်
မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့တဲ့ သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး စာအုပ်ကို ရေးသားသူ ABSDF ဗဟိုကော်မတီဝင်ဟောင်း၊ သတင်းသမား ထက်အောင်ကျော်က မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲတွေဟာ စစ်အစိုးရ သွားတဲ့ လမ်းကြောင်းကို အတိုက်အခံတွေက လိုက်နေရတဲ့ ဖြစ်စဉ်တခုလို သုံးသပ်ပါတယ်။ သူမြန်မာနို်င်ငံကို ပြန်လာတဲ့ ခရီးစဉ်ဟာ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ခရီးစဉ်တခု မဟုတ်ဘူးလို့လည်း ၀န်ခံပါတယ်။ ကိုထက်အောင်ကျော်ကို ကိုကျော်ကျော်သိန်းက ရန်ကုန် VOA ရုံးမှာ တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
ပါကစ္စတန်ရွေးကောက်ပွဲနဲ့ အမျိုးသမီးမဲ ပါကစ္စတန်ရွေးကောက်ပွဲနဲ့ အမျိုးသမီးမဲ
ပါကစ္စတန်နိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ တ၀က်ခန့်ဟာ အမျိုးသမီးတွေဖြစ်ကြပေမဲ့ အနောက်တောင်ပိုင်းမှာရှိတဲ့ ဘလူချီစတန် ဒေသမှာတော့ ရွေးကောက်ပွဲအတွင်း အမျိုးသမီးပါဝင်ယှဉ်ပြိုင်နိုင်ဝင်မှုဟာ အရင်ခေတ်တွေကတည်းက နည်းခဲ့ပါတယ်။ ဒါပေမဲ့လည်း လာမယ့် မေလ ၁၁ ရက်နေ့မှာ ကျရောက်မယ့် ရွေးကောက်ပွဲမှာ ဒီအခြေအနေကို ပြောင်းပစ်ဖို့ ပါကစ္စတန်အမျိုးသမီးတွေက အားခဲထားကြပါတယ်။ ဗွီအိုအေသတင်းထောက် Sharon Behn ပေးပို့တဲ့ သတင်းအပြည့်အစုံကို မမေစန္ဒီ ပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ
 
ဘန်ဂါဇီတိုက်ခိုက်မှုအပေါ် လုံခြုံရေး ကြားနာပွဲ ဘန်ဂါဇီတိုက်ခိုက်မှုအပေါ် လုံခြုံရေး ကြားနာပွဲ
ပြီးခဲ့တဲ့နှစ်က လစ်ဗျားနိုင်ငံ ဘန်ဂါဇီမှာရှိတဲ့ အမေရိကန်သံရုံး ဗုံးဖေါက်ခွဲ တိုက်ခိုက်မှုနဲ့ ပါတ်သတ်ပြီး သံရုံးလုံခြုံရေး အစီအစဉ်အပေါ် အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှုထက် ဆန္ဒပြပွဲ တခုသဘောမျိုး သမ္မတအိုဘားမား အစိုးရက အစက သတ်မှတ်ခဲ့တဲ့အပေါ်မှာလည်း အံသြမိတယ်လို့ ဆိုပါတယ်။ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ်စတိုဖာ စတီဗင် အပါအ၀င် အမေရိကန် ၄ ဦး သေဆုံးခဲ့တဲ့ ဒီတိုက်ခိုက်မှုနဲ့  ပါတ်သတ်ပြီး အခုနောက်ဆုံး အောက်လွှတ်တော်မှာ ကျင်းပတဲ့ စုံစမ်းစစ်ဆေးရေး ကြားနာပွဲကို နိုင်ငံခြားရေးဌာနက တာဝန်ရှိသူ ၃ ဦး တက်ရောက်ပြီး အစစ်ဆေးခံခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Michael Boman သတင်းပေးပို့ ထားတာကို ကိုအောင်အောင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ဂွါတာနာမို အစာငတ်ခံ ဆန္ဒပြမှု ဂွါတာနာမို အစာငတ်ခံ ဆန္ဒပြမှု
အတင်းအဓမ္မ အစာကျွေးမှု အပါအ၀င် အကန့်အသတ်မရှိ ထိန်းသိမ်းခံနေရတာတွေ အပေါ် ဂွါတာနာမိုက အကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။ အပြည့်အစုံ
 
ကယ်လီဖိုးနီးယား ခလေးဈေးသယ်များ ကယ်လီဖိုးနီးယား ခလေးဈေးသယ်များ
ကာလီဖိုးနီးယားပြည်နယ် Pasadena မြို့မှာ အသက် ၅ နှစ်အရွယ်ဝန်းကျင်ရှိတဲ့ ကလေးငယ်တွေဟာ ကိုယ်ပိုင်စီးပွားရေးကို ဘယ်လိုလုပ်ရသလဲ ဆိုတဲ့ နည်းကို ဒီအရွယ် မှာကတည်းက စပြီးလေ့လာသင်ယူနေကြပါပြီ။ ကလေးဈေးသည်လေးတွေဟာ ကစားစရာအဟောင်းတွေကအစ၊ အ၀တ်အထည်အဆုံး အကုန်ရောင်းချနေကြတာပါ။ ပြီး တော့ သူတို့ကိုယ်တိုင်ဖန်တီးတဲ့ လက်ဖြစ်ပစ္စည်းလေးတွေကိုလည်း ရောင်းကြပါသေးတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Elizabeth Lee ၊ Pasdadena မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment