Tuesday, May 14, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မေလ ၁၄၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မေလ ၁၄၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

တရုတ်ပိုက်လိုင်းစီမံချက် နှောင့်နှေးဖွယ်ရှိ တရုတ်ပိုက်လိုင်းစီမံချက် နှောင့်နှေးဖွယ်ရှိ
"နိုင်ငံရေးအရ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြေရှင်းမှု မရှိလို့ရှိရင်တော့ အဲ့ဒီဒေသမှာ ဒီရွှေဂတ်စ်ပိုက်လိုင်းကို ကောင်းကောင်းမွန်မွန်နဲ့ လုပ်နိုင်ဖို့ ခက်တုန်းပဲဆိုတဲ့ အခြေအနေတွေကို ကျနော်တို့ တွေ့ရတယ်" အပြည့်အစုံ
 
သမ္မတ ဦးသိန်းစိန် အမေရိကန် ချစ်ကြည်ရေးခရီးသွားမည် သမ္မတ ဦးသိန်းစိန် အမေရိကန် ချစ်ကြည်ရေးခရီးသွားမည်
"အနာဂတ်အတွက် အကျိုးရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ကချင်ပဋိပက္ခ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ တိုးမြှင့်ဆောင်ရွက်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး တိုးတက်ကောင်းမွန်ရေး အပါအ၀င် သူတို့နှစ်ဦးလုံး စိုးရိမ်ကြတဲ့ အကြောင်းအရာ အတော် များများကို ဆွေးနွေးကြပါလိမ့်မယ်" အပြည့်အစုံ
 
မြန်မာ့ငြိမ်းချမ်းရေးအလားအလာ သံတမန်တွေစိုးရိမ် မြန်မာ့ငြိမ်းချမ်းရေးအလားအလာ သံတမန်တွေစိုးရိမ်
"မြန်မာနိုင်ငံမှာ တကယ် မျှော်လင့်ချက် ရှိနေပြီး မြန်မာလူထု လိုချင်တဲ့ ငြိမ်းချမ်းရေးကို အရယူဖို့ တကယ့် အခွင့်အလန်း ရှိနေပါတယ်။ ဒါပေမဲ့ အလွန်အမင်းကို ကြိုးစားပမ်းစား လုပ်ဆောင်ရမှာဖြစ်ပြီး အချိန်ယူရမှာလည်း ဖြစ်ပါတယ်" အပြည့်အစုံ
 
ဝပြည်ထူထောင်ခွင့်ရရေး UWSA တောင်းဆို ၀ပြည်ထူထောင်ခွင့်ရရေး UWSA တောင်းဆို
"အခြေခံဥပဒေကို ပြုပြင်ရေးဆွဲဖို့ လိုအပ်တယ်။ ဒီအထဲမှာ ကျနော်တို့ ၀တိုင်းရင်းသား တွေ တင်ပြဆွေးနွေးနေတဲ့ တောင်းဆိုနေတဲ့ ၀ပြည်နယ်ရရှိရေး ထည့်သွင်းပြုပြင် သွားဖို့ လိုအပ်တယ် ဆိုတာကို ဆွေးနွေးတယ်လေ။ ပြည်နယ်အဆင့် သတ်မှတ်ရေးပေါ့" အပြည့်အစုံ
 
မုန်တိုင်းအန္တရာယ်အတွက် ရခိုင်ဒေသခံတွေ စတင်ပြင်ဆင် မုန်တိုင်းအန္တရာယ်အတွက် ရခိုင်ဒေသခံတွေ စတင်ပြင်ဆင်
"မုန်တိုင်းဟာ အရှေ့ဘက်ကို ပြန်လာမှ ကျနော်တို့နဲ့ဆိုင်တာ ဖြစ်ပါမယ်။ လောလော ဆယ်တော့ မြောက်ဘက်သွားနေတုန်းပဲ ရှိပါသေးတယ်။ မှန်းတာကတော့ မြောက်ပြီး ရင် အရှေ့မြောက်ဆိုတော့ ဒီကနေ့ညလောက် စကွေ့လိမ့်မယ်လို့ ထင်ပါတယ်" အပြည့်အစုံ
 
နိုင်ငံတကာ

ဆီးရီးယားနိုင်ငံသစ်ပေါ်ထွန်းရေး အမေရိကန်နဲ့ ဗြိတိန်ကြိုးပမ်းမည် ဆီးရီးယားနိုင်ငံသစ်ပေါ်ထွန်းရေး အမေရိကန်နဲ့ ဗြိတိန်ကြိုးပမ်းမည်
"ဆီးရီးယားအတိုက်အခံတွေကို အကူအညီတွေ ထပ်ပေးပြီး ဆီးရီးယားသမ္မတ Bashar al-Assad မပါတဲ့ ဆီးရီးယားနိုင်ငံသစ် ထူထောင်နိုင်ရေး အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ဆက်လက် အားပေးကူညီသွားမယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောဆို" အပြည့်အစုံ
 
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်သားတွေ လစာတိုးပေးမည်
"လူပေါင်း တစ်ထောင်ကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံတွေရှိရာ အဆောက်အဦး ပြိုကျမှုနဲ့ ဆက်နွယ်ပြီး တောင်းဆိုဆန္ဒပြတာတွေကို တုံ့ပြန်တဲ့အနေနဲ့ အထည်ချုပ်စက်ရုံ လုပ်သားတွေအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို တိုးပေးဖို့ စီစဉ်နေတယ်လို့" အပြည့်အစုံ
 
သူတော်စင်တွေ ပုပ်ရဟန်းမင်းရွေးခြယ် သူတော်စင်တွေ ပုပ်ရဟန်းမင်းရွေးခြယ်
ပုပ်ရဟန်းမင်းကြီး Francis က သူပထဆုံးရွေးချယ်တဲ့ Roman Catholic သူတော်စင်တွေကို ကြေညာလိုက်ပါတယ်။ အပြည့်အစုံ
 
ဖာဂူဆန် Old Trafford ကို နှုတ်ဆက် ဖာဂူဆန် Old Trafford ကို နှုတ်ဆက်
မဲန်ယူနည်းပြ ဆာ အဲလက်စ် ဖာဂူဆန်ကို နောက်ဆုံးနှုတ်ဆက်ပွဲမှာ မဲန်ယူက ဆွမ်စီးအသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရပြီး အဆုံးသတ်ပေးခဲ့ပါတယ်။ အပြည့်အစုံ
 
ဒီမိုကရေစီရေးရာ

မာရသွန်ခရီးသည် သူပုန်ကျောင်းသား ပြောစကား မာရသွန်ခရီးသည် သူပုန်ကျောင်းသား ပြောစကား
မေ ၁၂၊ ၂၀၁၃ - သူပုန်ကျောင်းသားတဦးရဲ့  မာရသွန်ခရီးစာအုပ်ကို ရေးသားခဲ့သူ ABSDF ဗဟိုကော်မတီဟောင်း၊ သတင်းသမား ကိုထက်အောင်ကျော်နဲ့ တွေ့ဆုံမေးမြန်း ... အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ (၀၅-၁၁-၂၀၁၃) နေ့ စဉ်တီဗွီသတင်းလွှာ (၀၅-၁၁-၂၀၁၃)
. အပြည့်အစုံ
 
အင်္ဂလိပ်စာ သင်ခန်းစာ

Eye စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ Eye စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
မေ ၁၃၊ ၂၀၁၃ - ဒီတပတ် catch someone’s eye, see eye to eye, နဲ့ more than meets the eye စတဲ့ အသုံးအနှုန်းများကို တင်ပြထားပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အမေရိကန် သူနာပြု အလုပ်အကိုင် အမေရိကန် သူနာပြု အလုပ်အကိုင်
အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး ကျဆင်းမှု၊ လူဦးရေ အချိုးအစား မမျှတမှုနဲ့ ဘွဲ့ရပြီး အလုပ်မရှိသူတွေ များပြားလာနေတဲ့ကြားမှာ သူနာပြုတွေလည်း အခက်တွေ့နေရပါတယ်။ နှစ်အတော်ကြာ သူနာပြုတွေ ရှားပါးတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပြီးနောက် အခုအခါမှာတော့ သူနာပြု ကျောင်းဆင်း အသစ် ၃ ပုံ ၁ ပုံလောက်ဟာ အလုပ်အကိုင် ရနိုင်ဖို့ မနည်းကို ကြိုးစားနေကြရတာပါ။ ဒါပေမဲ့လည်း နောက်ဆုံး တနေ့မှာတော့ သူနာပြုတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ လမ်းပွင့်လာလိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Randle သတင်းပေးပို့ထားထားတာကို မနန္ဒာချမ်း က အပြည့် အစုံကို ဆက်ပြောပြပါမယ်ရှင်။ အပြည့်အစုံ
 
မြန်မာ့ငြိမ်းချမ်းရေး နော်ဝေနိုင်ငံအမြင် မြန်မာ့ငြိမ်းချမ်းရေး နော်ဝေနိုင်ငံအမြင်
မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တဘက်နဲ့တဘက် ယုံကြည်မှု အားနည်းနေဆဲဖြစ်ပြီး တုံ့ဆိုင်းကြန့်ကြာတာတွေ ရှိတယ်လို့ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ စစ်မှန်ပြီး လေးနက်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုကို အစိုးရဘက်က ဖော်ဆောင်ဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
ပါကစ္စတန် ရွေးကောက်ပွဲ      ပါကစ္စတန် ရွေးကောက်ပွဲ
ပါကစ္စတန်နိုင်ငံမှာ ၀န်ကြီးချုပ်ဟောင်း နာဝစ်ဖ် ရှာရစ်ဖ် (Nawaz Sharif) တကျော့ပြန် အာဏာရမယ့် အလားအလာတွေ ပေါ်ထွက်နေချိန်မှာပဲ ရွေးကောက်ပွဲမှာ မမှန်မကန် လုပ်ရပ်တွေ ရှိနေတယ်ဆိုပြီး စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အစွန်းရောက်တွေရဲ့ ခြိမ်းချောက်မှုတွေအောက်မှာ ကျင်းပခဲ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့ လွှတ်တော် ရွေးကောက်ပွဲ တရားဝင်ရလဒ်တွေကတော့ ထွက်ပေါ်မလာသေးပါဘူး။ အချေအတင် ဖြစ်စရာတွေ ပေါ်ပေါက်နေတဲ့ ပါကစ္စတန်နိုင်ငံက ရွေးကောက်ပွဲ နောက်ဆုံး အခြေအနေတွေကိုတော့ ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
အင်္ဂါနေ့ မြန်မာတီဗွီသတင်းများ အင်္ဂါနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ခုနှစ်မေလ ၁၄ရက်အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment