ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မေလ ၀၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာနိုင်ငံ ဘာသာရေးအကြမ်းဖက်မှု Dalai Lama ဝေဖန် “ဘာသာရေးခေါင်းစဉ်တပ်ပြီး လူတွေကို သတ်ဖြတ်နေတာကို စဉ်းစားလို့ကို မရပါဘူး။ အတော်လေး ၀မ်းနည်းစရာ ကောင်းပါတယ်။ အခုကာလမှာ ဒါမျိုးတွေ မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ မူဆလင်ဗလီတွေကို ဖျက်ဆီးတာ၊ မူဆလင်မိသားစုတွေကို တိုက်ခိုက်တဲ့ကိစ္စတွေပါ” အပြည့်အစုံ မြန်မာမိခင်တွေ အခြေအနေ ကမ္ဘာမှာ နိမ့်ကျနေဆဲ "မိခင်တွေရဲ့ အရည်အသွေးနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ၁၇၆ နိုင်ငံကို သုံးသပ်ထား ရာမှာ မြန်မာနိုင်ငံကတော့ အဆင့် ၁၅၂ နဲ့ အတော်လေး အောက်ပိုင်းမှာ ရှိနေပါ တယ်။ အသက် ၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်းမှာလည်း တစ်ထောင်မှာ ၆၂ ဒဿမ ၄ ရှိတယ်လို့ ဖော်ပြထားပါတယ်" အပြည့်အစုံ မိတ္ထီလာအကြမ်းဖက်မှု လူ ၂၀ ရုံးတင် “ပုဒ်မ ၃၀၂၊ ၄၃၆၊ ၄၂၇၊ ၁၁၄ မိတ္ထီလာခရိုင်တရားရုံးကို တရားစွဲတင်ဖို့၊ မိတ္ထီလာခရိုင် တရားရုံးကနေပြီးတော့ ပြစ်မှုကြီးအမှတ် ၃၁/၂၀၁၃ နဲ့ လက်ခံကြားနာ စစ်ဆေးပြီး အမှုကို မေလ ၁၆ ရက်နေ့မှာ ဆက်လက် စစ်ဆေးဖို့ ချိန်းဆိုလိုက်တယ်လေ။” အပြည့်အစုံ အကြမ်းဖက်ပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အင်ဒိုကျေနပ် "အခြေအနေ တည်ငြိမ်နေပါပြီ။ ဆန္ဒပြပွဲဟာ အခြေခံအားဖြင့် တကယ့်ကို အေးချမ်း ပါတယ်။ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက သူတို့ရဲ့ သဘောထားတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။ သံရုံးကိုယ်စားလှယ်နဲ့လည်း သူတို့ တွေ့ဆုံခဲ့ပါတယ်" အပြည့်အစုံ သမ္မတဦးသိန်းစိန်မိန့်ခွန်းအပေါ် မတူကွဲပြားအမြင် "ပြီးခဲ့တဲ့ကာလတလျှောက်လုံးမှာ နိုင်ငံသားဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိသလို၊ မဖြစ်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ငွေရေးကြေးရေးအရ လာဘ်ပေးလာဘ်ယူ လုပ်ပြီးကာမှ နိုင်ငံသား ရအောင် လုပ်ပေးတာတွေရှိတယ်။ အဲ့ဒါတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ အဲ့လိုမျိုး ငွေပေးပြီးကာမှ ရခဲ့တဲ့ပုဂ္ဂိုလ်တွေ ဒါတွေကို အရေးယူပေးဖို့ လိုပါလိမ့်မယ်" အပြည့်အစုံ ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင် "၄ အင်းကတော့ ကယ်ဆယ်တော့ လုံးဝ လွတ်တယ်ပေါ့နော်။ ကျန်တဲ့အင်းတွေ ကတော့ အဲ့လိုမျိုး နွံတွေ၊ သဲတွေ အကုန်ပြည့်သွားတယ်ဆိုတော့ အဲ့ဒီအချိန်မှာ အကုန်လုံး အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီအင်းထဲမှာရှိတဲ့သူ အကုန်လုံးကတော့ လစ်မှာပဲဗျ။ အဲ့လိုမျိုး။" အပြည့်အစုံ မဲခေါင်သစ်တောပြုန်းတီးမှု WWF စိုးရိမ် "မြန်မာနိုင်ငံမှာ တနိုင်ငံလုံး သစ်တောပမာဏရဲ့ ၂၄ ရာခိုင်နှုန်း ပြုန်းတီးသွားပြီလို့ အစီရင်ခံစာက ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ သစ်ခိုးထုတ်သူတွေကို ပြတ်ပြတ် သားသား အရေးယူတာမျိုး မရှိသလို၊ မြေသိမ်း၊ ယာသိမ်းပြီး အဲ့ဒီလို သိမ်းဆည်းထား တဲ့ မြေတွေမှာ သစ်ပင် ပြန်ပြီး စိုက်ပျိုးတာတွေ မရှိတာကလည်း သစ်တောတွေ ပြုန်း တီးရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ပါတယ်လို့" အပြည့်အစုံ ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ "အင်္ဂါနေ့မှာလည်း အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေ ထပ်ရှာတွေ့ ခဲ့တယ်လို့ ရဲကပြောပြီး သေဆုံးရသူအရေအတွက် ၇၀၅ ဦးလို့ အတည်ပြုခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာပြောဖို့ ပိုပြီး ခက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်" အပြည့်အစုံ ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ "အမေရိကန် ကာကွယ်ရေးဌာနရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ တာဝန်မဲ့ရာကျပြီး၊ တရုတ် အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ပြောသွားပါတယ်" အပြည့်အစုံ အိုဘားမားနဲ့ တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားအရေး ရပ်တည်ချက်တူ "သမ္မတ Barack Obama ဟာ တောင်ကိုရီးယား သမ္မတ Park Geun-Hye ကို သမ္မတ အိမ်ဖြူတော်မှာ ဧည့်ခံတွေ့ဆုံခဲ့ပြီး၊ မြောက်ကိုရီးယားအရေးနဲ့ နျူကလီးယား ခြိမ်းခြောက်မှု ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ မျှော်လင့်ရပါတယ်" အပြည့်အစုံ တရုတ်ငှက်တုပ်ကွေး နောက်ထပ် ၄ ဦးသေ "တရုတ်နိုင်ငံမှာ H7N9 ငှက်တုပ်ကွေး ရောဂါပိုးသစ်ကြောင့် နောက်ထပ် ၄ ဦး ထပ်သေဆုံးခဲ့ရတာမို့ အခုဆိုရင် စုစုပေါင်း ဒီရောဂါကြောင့် သေဆုံးရသူ ၃၁ ဦး ရှိသွားပြီလို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်" အပြည့်အစုံ တာလတ်ပစ်ဒုံး မြောက်ကိုရီးယားဖယ်ရှား "မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း တင်းမာမှုတွေ ဖြစ် ပွားနေတာကို လျှော့ပါးသွားစေလိုတဲ့ သဘောနဲ့ တာလတ်ပစ် မစ်ဇိုင်းဒုံးပျံ ၂ ခုကို ပစ်လွှတ်ဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အနေအထားကနေ ပြောင်းရွှေ့ထားလိုက် တယ်လို့" အပြည့်အစုံ တောင်ကိုရီးယားသမ္မတနဲ့ အိုဘားမား တွေ့ဆုံမည် "အင်္ဂါနေ့မှာ တောင်ကိုရီးယား သမ္မတ Park Geun-hye ဟာ အမေရိကန်သမ္မတ Barack Obama နဲ့ သမ္မတအိမ်ဖြူတော်မှာ နှစ်ဘက် ထိပ်သီးဆွေးနွေးပွဲ လုပ်ဖို့ ရှိပါတယ်။ မြောက်ကိုရီးယားကိစ္စအပေါ် ဘယ်လို ပူးပေါင်းကိုင်တွယ်ကြမလဲဆိုတာ ကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်" အပြည့်အစုံ ဆီးရီးယား ဓာတုလက်နက်အသုံးပြုမှု သက်သေ ကုလ မတွေ့ "ဆီးရီးယား ပြည်တွင်းစစ်အတွင်းမှာ အစိုးရဘက်ကရော သူပုန်ဘက်ကပါ ဓာတု လက်နက် အသုံးပြုတယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရဘူးဆိုပြီး ဆီးရီးယားနိုင်ငံတွင်း စစ်ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂကော်မရှင်က ပြောပါတယ်" အပြည့်အစုံ အင်ဒိုနီးရှားက မြန်မာသံရုံးအခြေအနေတည်ငြိမ်နေပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနပြော၊ မိတ္ထီလာအကြမ်းဖက်မှုမှာ ပါဝင်ပက်သက်သူ တွေကို ထပ်မံတရားစွဲဆို၊ ကုလ မြို့ပြဆိုင်ရာကော်မတီအကြီးအကဲနဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း ... စသည် အပြည့်အစုံ ရခိုင်ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်၊ အင်ဒိုနီးရှားနိုင်ငံမှာ ဖျော်ဖြေဖို့ ပြင်ဆင်ထားတဲ့ အမေရိကန် Aerosmith ရော်ခ် တေးဂီတဖျော်ဖြေပွဲ အစီအစဉ်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ဖျက်သိမ်း...စသည် အပြည့်အစုံ Sweat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ မေ ၆၊ ၂၀၁၃ - ဒီတပတ် no sweat, in a cold sweat, နဲ့ don’t sweat the small stuff စတဲ့ အသုံးအနှုန်းများကို တင်ပြထားပါတယ်။ အပြည့်အစုံ အင်ဒိုနီးရှား မြန်မာသံရုံး လုံခြုံရေး အခြေအနေ၊ မိတ္ထီလာ အဓိကရုဏ်းမှာ ပါဝင်သူတွေလို့ ယူဆရသူတွေကို ရုံးတင်စစ်ဆေး စတဲ့ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုတ၀ှမ်း အစိုးရဌာနတွေမှာ အလိုအ လျောက် ဘက်ဂျက်ဖြတ်တောက်မှုတွေရှိနေပေမယ့်၊ အမေရိကန် စီပွားရေးကတော့ ကြံ့ကြံခံ ရပ်တည်နေတုန်းပါပဲ။ စီးပွားရေး လုပ်ငန်းတွေကနေ အခုလအတွင်း အလုပ်သမားငှားရမ်းမှု နှုန်းက ပြီးခဲ့တဲ့လ နဲ့ နှိုင်းယှဉ်ရင် ပိုပြီးတော့တောင် မြှင့်တက်လာနေတာပါ။ အစိုးရအနေနဲ့လည်း ဖေဖော်ဝါရီ လ နဲ့ မတ်လတွေအတွင်း အလုပ် အကိုင်အရေ အတွက်မြင့်မားလာအောင် ဖန်တီးပေးခဲ့တဲ့အတွက်၊ အလုပ်လက်မဲ့နှုန်း ၇.၅ ရာခိုင်နှုန်းအထိလျော့ကျသွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းဆိုရင် ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံးအနေအထားကို ကျဆင်း သွားတာ လည်း ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Mil Arcega သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ မလေးရှားအတိုက်အခံခေါင်းဆောင် Anwar Ibrahim က ရွေးကောက်ပွဲစံနစ် ပြုပြင် ပြောင်းလဲနိုင်ဖို့ ပြင်းထန်တဲ့ လှုပ်ရှားမှုကို ဦးဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် သူက ရွေးကောက်ပွဲစံနစ်ကို စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ အပြည့်အစုံ တရုတ်နိုင်ငံက သူ့စစ်တပ်ကို ခေတ်မှီအောင် အဓိကထားကျိုးစားနေတာ နှစ်အတော်ကြာလာခဲ့ပြီးတဲ့နောက်မှာ အခုမကြာသေးခင်ကမှ စပြီး တောင်တရုတ်ပင်လယ်ပြင် လိုနေရာမျိုးမှာ နယ်မြေတွေကို သူပိုင်ဆိုင်ကြောင်း ဖိအားပေးပြောဆိုမှုတွေလုပ်ပြီး အင်အားပိုပြလာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဘယ်တုန်းကနဲ့မှ မတူအောင် သူ့ရဲ့ အင်အားကို ပြနိုင်ဖို့ ကျိုးစားလာတာတွေ့ရတယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Jeff Seldin သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက် ကပြောပြပေးမှာပါ။ အပြည့်အစုံ မိသားစုတွေ တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ အိမ်ယာတွေ တည်ဆောက်မပေးနိုင်ဘူးဆိုရင် သူတို့ အနေနဲ့ ၀င်ငွေရဲ့ အချိုးအစား အများအပြားကို နေစာရိတ် အတွက် အသုံးပြုနေကြရလိမ့်မယ်လို့ ကုလ မြို့ပြဆိုင်ရာ ကော်မတီ တခုရဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။ အပြည့်အစုံ အမေရိကန်ရဲ့ အာရှ ပစိဖိတ် ဒေသ အတွင်း နိုင်ငံရေး စီးပွားရေး ဆက်ဆံမှု တိုးမြှင့်လုပ်ဆောင်လာတာဟာ တရုတ်ကို ခြိမ်းခြောက်ဖို့ မဟုတ်တဲ့ အကြောင်း အမေရိကန်က ပြောဆိုပါတယ်။ မခွာညို တင်ပြထားတာကို ရှုစားကြပါ။ အပြည့်အစုံ မလေးရှားရွေးကောက်ပွဲမှာတော့ လက်ရှိ အာဏာရ ပါတီက အနိုင်ရသွားပါတယ်။ တဖက်မှာလည်း အတိုက်အခံတွေက ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကလည်း ရှိနေပြန်ပါတယ်။ ကိုကျော်သိင်္ခက တင်ပြထားပါတယ်ရှင်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာနိုင်ငံ ဘာသာရေးအကြမ်းဖက်မှု Dalai Lama ဝေဖန်
မြန်မာမိခင်တွေ အခြေအနေ ကမ္ဘာမှာ နိမ့်ကျနေဆဲ
မိတ္ထီလာအကြမ်းဖက်မှု လူ ၂၀ ရုံးတင်
အကြမ်းဖက်ပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အင်ဒိုကျေနပ်
သမ္မတဦးသိန်းစိန်မိန့်ခွန်းအပေါ် မတူကွဲပြားအမြင်
ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်
မဲခေါင်သစ်တောပြုန်းတီးမှု WWF စိုးရိမ်
ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ
ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ
အိုဘားမားနဲ့ တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားအရေး ရပ်တည်ချက်တူ
တရုတ်ငှက်တုပ်ကွေး နောက်ထပ် ၄ ဦးသေ
တာလတ်ပစ်ဒုံး မြောက်ကိုရီးယားဖယ်ရှား
တောင်ကိုရီးယားသမ္မတနဲ့ အိုဘားမား တွေ့ဆုံမည်
ဆီးရီးယား ဓာတုလက်နက်အသုံးပြုမှု သက်သေ ကုလ မတွေ့
Sweat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
VOA60 World
No comments:
Post a Comment