ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မေလ ၁၆၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ဟောင်ကောင်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ညီလာခံ ကျင်းပ "မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပြည်တွင်းက Partner တွေ ကောင်းကောင်း မရဘဲနဲ့ ရင်းနှီးမြှုပ်နှံဖို့ ခက်ခဲနိုင်တဲ့အကြောင်း သူတို့ ထပ်တလဲလဲ ပြောတာတွေ့ရပါ တယ်။” အပြည့်အစုံ မုန်တိုင်းလွတ်ရာပြောင်းဖို့ ဒုက္ခသည်အချို့ စိုးရိမ် "အဲ့တော့ သမ္မတကြီး အာမခံထားတဲ့အထဲမှာ တပ်က ရွှေ့ပေးမယ်။ လုံခြုံရေးတာဝန် လုံးဝ ယူပါတယ်။ နံပါတ်နှစ်ကတော့ စာသင်ကျောင်းတွေမှာ နေရာချထားပေးမှာ ဖြစ် ပါတယ်။ နံပါတ်သုံးကတော့ မုန်တိုင်းပြီးလို့ရှိရင် မူလနေရာကို ပြန်ရွှေ့ပေးမယ်ဆိုတဲ့ အာမခံချက် ပေးထားပြီးသား ဖြစ်ပါတယ်" အပြည့်အစုံ အမေရိကန်နဲ့ မြန်မာ သမ္မတနှစ်ဦး တွေ့ဆုံမည် "ဒီမိုကရေစီ ထွန်းကားရေး၊ လူ့ဘောင်အသိုင်းအဝိုင်းတွေကြားနဲ့ လူမျိုးစုတွေ ကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့၊ နိုင်ငံသားတွေအတွက် စီးပွားရေး အခွင့်အလန်းတွေ ဆောင်ကြဉ်းပေးဖို့ အပိုင်းတွေမှာ ကြုံနေရသေးတဲ့ အခက် အခဲတွေ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဘယ်အပိုင်းကနေ ကူညီပေးနိုင်မလဲ ဆိုတာတွေကို သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးဖို့" အပြည့်အစုံ ကုလအထွေထွေညီလာခံ ဆီးရီးယားအရေး ဆုံးဖြတ်ချက်မဲခွဲ "ကာတာနိုင်ငံက မူကြမ်းရေးဆွဲပေးတဲ့ မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ ဆုံးဖြတ်ချက် ကို ထောက်ခံမဲ ၁၀၇ မဲ ကန့်ကွက်မဲ ၁၂ မဲနဲ့ ၅၉ နိုင်ငံက မဲမပေးဘဲ နေခဲ့တာမို့လို့ မနှစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန်တဲ့ ကြေငြာချက်ကို ထောက်ခံ တဲ့ အရေအတွက်ထက် ဒီနှစ်မှာ လျော့နည်းသွားပါတယ်" အပြည့်အစုံ သွေးလွန်တုတ်ကွေးရောဂါ မေ ၁၅၊ ၂၀၁၃ - သွေးလွန်တုတ်ကွေးရောဂါကြောင့် အသက်အန္တရာယ် ထိခိုက်တဲ့အထိ မဖြစ်ရအောင် ဘယ်လို ကာကွယ်၊ တားဆီးလုပ်ဆောင်နိုင်ပါသလဲ။ အပြည့်အစုံ ရခိုင်ပြည်နယ်အတွင်း မဟာစင်ဆိုင်ကလုံးမုန်တိုင်း အခြေအနေ၊ မြန်မာနိုင်ငံ စွမ်းအင် အရင်းအမြစ်ကြွယ်ဝပေမဲ့ စီမံခန့် ခွဲ့မှုမှာ အနိမ့်ဆုံး အဆင့်မှာရှိ၊ အမေရိကန်ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေကို သမ္မတအိုဘားမား ရှုံ့ချ...စသည် အပြည့်အစုံ ပါကစ္စတန်နဲ့ အာဖဂန်နယ်ခြားဒေသမှာမကြာသေးခင်က ဖြစ်ပွား ခဲ့တဲ့ နှစ်ဘက်ပစ်ခတ်မှုမှာ၊အာဖဂန်စစ်သားတဦးသေဆုံးပြီးတဲ့ နောက်၊ ပါကစ္စတန် နဲ့ အာဖဂန် နှစ်နိုင်ငံ အကြား တင်းမာမှုတွေက ပိုပြီး မြင့်တက်လာနေပါတယ်။ အဲဒီနယ်ခြားဒေသဟာ ဗြိတိသျှတွေ အိန္ဒိယနိုင်ငံကိုအုပ်ချုပ်စဉ်ကတည်းက နှစ်နိုင်ငံ နယ်နိမိတ်အဖြစ် သတ်မှတ် ခဲ့တာဖြစ်ပြီး၊ ဒီနေရာကိုပဲ အာဖဂန်က သူပိုင်တယ်ဆိုပြီး အငြင်းပွားနေတာပါ။ ဒါကိုပဲ ဗြိတိသျှ ကိုလိုနီစံနစ်ဆိုးရဲ့ အမွေတခုအဖြစ် ဥပမာပေး၊ ဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။ ဗြိတိ သျှတွေဖန်တီးခဲ့တဲ့ ပြဿနာကို ဗြိတိသျှတွေ ပဲ ဖြေရှင်းရမယ်ဆိုပြီး ပြောဆိုမှုတွေလည်းရှိနေတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်း ထောက် Henry Ridgwell လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကိုကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။ အပြည့်အစုံ ၂၀၁၃ ခုနှစ် မေလ ၁၆ ရက် ကြာသပတေးနေ့ ဗွီအိုအေ မြန်မာတီဗွီ သတင်းများကို တင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ တောင်အာဖရိက နိုင်ငံမှာ မွေးကင်းစကလေးငယ်တွေကို စွန့်ပစ်ကြတဲ့ အခါမှာ ပန်းခြံတွေ အမှိုက်ပုံတွေမှာ စွန့်ပစ်ကြတာမို့ ကလေးငယ်တွေ သေဆုံးကြရတဲ့ အထိ ဖြစ်ရပါတယ်။ ဒါကြောင့် မိခင်ဖြစ်သူတွေ အနေနဲ့ ကလေးတွေကို စွန့်ပစ်ကြဖို့ အတွက် လုံခြုံ စိတ်ချရတဲ့ နေရာလေးတွေ ဖန်တီးပေးပြီး ကလေးတွေကို မွေးစားတဲ့ အဖွဲ့တွေ အကြောင်းကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးမှာပါ။ အပြည့်အစုံ ဒီသီတင်းပတ်အတွင်းမှာတော့ သမ္မတအိုဘားမားအစိုးရ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ အသေးစိတ်စစ်ဆေးမှုတွေဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခြေအနေကို ရောက်သွားနိုင်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံး အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ထပ်ရှိလာနေသလိုပဲ အမေရိကန်အခွန်ဌာန IRS ကလည်း ဌာနရဲ့အမှားကျူးလွန်ခဲ့မှုကို ၀န်ခံခဲ့ပါတယ်။ အပြည့်အစုံ မဟာစန် ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက် တိုက်ခတ်နိုင်ခြေရှိနေတဲ့ ရခိုင်ပြည်နယ် အတွင်းမှာ အစိုးရက မုန်တိုင်းကြောင့် အပျက်အစီ အဆုံးအရှုံး အနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ ကိုကျော်ကျော်သိန်းက ကိုယ်တိုင် တက်ရောက် သတင်းရယူထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မုန်တိုင်းလွတ်ရာပြောင်းဖို့ ဒုက္ခသည်အချို့ စိုးရိမ်
အမေရိကန်နဲ့ မြန်မာ သမ္မတနှစ်ဦး တွေ့ဆုံမည်
ကုလအထွေထွေညီလာခံ ဆီးရီးယားအရေး ဆုံးဖြတ်ချက်မဲခွဲ
သွေးလွန်တုတ်ကွေးရောဂါ
No comments:
Post a Comment