Thursday, May 2, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မေလ ၀၂၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မေလ ၀ ၂၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

၂၀၁၃ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် သိသာစွာတိုးတက် ၂၀၁၃ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် သိသာစွာတိုးတက်
“ဒီနှစ်မှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် တိုးတက်မှု အများဆုံး ရှိလာတဲ့ နိုင်ငံတခုပါ။ ကမ္ဘာ့နိုင်ငံတွေကြားမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတိုးတက်ဆုံး နိုင်ငံတခုလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကျမတို့ စာရင်းပြုစုတဲ့ နိုင်ငံပေါင်း ၁၉၇ နိုင်ငံထဲမှာ ၁၆၂ နိုင်ငံမြောက်အထိ တက်လာပါ" အပြည့်အစုံ
 
ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် အမြန်ဆောင်ရွက်ဖို့ Quintana တိုက်တွန်း ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် အမြန်ဆောင်ရွက်ဖို့ Quintana တိုက်တွန်း
"အစီရင်ခံစာပါ အကြံပြုချက်တွေက အပြုသဘော ဆောင်ပါတယ်။ ဒါတွေကို အစိုးရက လက်တွေ့ အကောင်အထည်ဖော်ရမှာပါ။ တချိန်တည်းမှာပဲ ကျနော် စိုးရိမ်မိတာကတော့ အာဏာပိုင်တွေရဲ့ တာဝန်ရှိမှု၊ ကျူးလွန်မှုတွေကို ဥပဒေ ကင်းလွတ်ခွင့် ပေးတာတွေ မဖြစ်စေဖို့ အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ပါ" အပြည့်အစုံ
 
ဥက္ကံအကြမ်းဖက်မှု တစ်ဦးသေဆုံး ဥက္ကံအကြမ်းဖက်မှု တစ်ဦးသေဆုံး
"ဘယ်သူနဲ့မှလည်း ရန်ငြိုးမရှိပါဘူး။ ကိုယ့်ဗုဒ္ဓဘာသာ ကိုယ်လုပ်၊ အဖိုးကြီးကလည်း သူ့ မူဆလင်အလုပ်ကို သူ့ဟာသူ လုပ်ဆိုတော့။ အကုန်လုံးလိုက်လျောပေးတယ် ကိုယ်တွေကို။ သားတွေ ရှင်ပြု၊ ပဉ္ဇင်းခံ၊ ပဉ္ဇင်းခံတာတောင်မှ နှစ်ခါရှိသွားပါပြီ" အပြည့်အစုံ
 
မေဒေးနေ့ အားလပ်ခွင့်ရရှိရေး ဆန္ဒပြတောင်းဆို
“မေဒေးနေ့ပေါ့အမရာ၊ အလုပ်ပိတ်ရမယ်ပေါ့။ အလုပ်ပိတ်ရမယ့်ရက်မှာ အလုပ်မပိတ်တဲ့အတွက် အလုပ်သမားတွေက မကျေနပ်ကြဘူး။ မကျေနပ်တဲ့အတွက် သူတို့ ဒီနေ့ အလုပ်မဆင်းနိုင်ဘူးဆိုပြီး စက်ရုံရှေ့မှာ ဆန္ဒထုတ်ဖော်ကြတာပဲ" အပြည့်အစုံ
 
နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၄၀၀ ကျော်ပြီ ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၄၀၀ ကျော်ပြီ
"ကယ်ဆယ်ရေးလုပ်သားတွေဟာ အဆောက်အဦးပျက်နေရာမှာ စက်ယန္တယားတွေ သုံးပြီး ရှာဖွေရှင်းလင်းနေတုန်းပါ။ လူရာနဲ့ချီ ပျောက်ဆုံးနေတာမို့ သေဆုံးသူ အရေ အတွက် တိုးလာမယ်လို့လည်း ခန့်မှန်းရပါတယ်။ ပြိုကျတဲ့အချိန်မှာ အဆောက်အဦး ထဲ လူ ၃ ထောင်ကျော် ရှိနေတာပါ။" အပြည့်အစုံ
 
Boston ဗုံးခွဲမှု လူ နောက်ထပ် ၃ ဦး ရဲဖမ်းဆီး Boston ဗုံးခွဲမှု လူ နောက်ထပ် ၃ ဦး ရဲဖမ်းဆီး
"လူအသေအပျောက်ရှိခဲ့တဲ့ Boston မာရသွန် ဗုံးကွဲမှုအပေါ် စုံစမ်းစစ်ဆေးရေးမှာ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုနဲ့ အမေရိကန် အာဏာပိုင်တွေက လူငယ် ၃ ဦးကို တရားရုံး တင်လိုက်ပါတယ်။ သူတို့ ၃ ဦးအနေနဲ့ ပြစ်ဒဏ် ထင်ရှားရင်တော့ ထောင် ဒဏ်ရော၊ ငွေဒဏ်ပါ ကျခံရမှာ ဖြစ်ပါတယ်" အပြည့်အစုံ
 
ကမ္ဘာတ၀ှမ်း မေဒေးနေ့ ကျင်းပ ကမ္ဘာတ၀ှမ်း မေဒေးနေ့ ကျင်းပ
"တူရကီနိုင်ငံ အစ္စတန်ဘူမှာတော့ ဆန္ဒပြသူတွေဟာ Taksim ရင်ပြင်ကို ချီတတ်ဖို့ ကြိုးစားကြရာမှာ သူတို့ကို တားဆီးတဲ့ ရဲတွေနဲ့ အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။ ဆန္ဒပြ သူတွေဘက်က ခဲတွေနဲ့ ပစ်ပေါက်သလို၊ လုံခြုံရေးတပ်ဖွဲ့တွေဘက်ကလည်း မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေနဲ့ ထိုးပြီး လူစုခွဲပါတယ်" အပြည့်အစုံ
 
ဆီးရီးယားအတိုက်အခံကိုလက်နက်ပေးဖို့ အိုဘားမားစဉ်းစား ဆီးရီးယားအတိုက်အခံကိုလက်နက်ပေးဖို့ အိုဘားမားစဉ်းစား
ဆီးရီးယားအတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ အမေရိကန် သမ္မတ စဉ်းစားနေပါတယ်။ အပြည့်အစုံ
 
ကျန်းမာရေး

အရိုးပါးရောဂါ [Osteoporosis] အရိုးပါးရောဂါ [Osteoporosis]
မေ ၁၊ ၂၀၁၃။ ဒီနေ့ မြန်မာနိုင်ငံမှာ အဖြစ်များလာတဲ့ အရိုးပါးရောဂါ (Osteoporosis) ကို ဘယ်လို ကာကွယ်ကုသနိုင်ပါသလဲ။ အပြည့်အစုံ
 
စီးပွားရေး

မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ စိန်ခေါ်မှုများ မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ စိန်ခေါ်မှုများ
မြန်မာ့အထည်ချုပ်လုပ်ငန်းမှာ လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ် အကဲစမ်းမှုတွေနဲ့ အမေရိကန်ရဲ့ မြန်မာ့ပို့ကုန် အခွန်လွတ် အလားအလာတွေအကြောင်းကို နားဆင်ကြရမှာပါ။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

စစ်မှန်တဲ့ သတင်းလွတ်လပ်ခွင့် ရရှိတော့မလား စစ်မှန်တဲ့ သတင်းလွတ်လပ်ခွင့် ရရှိတော့မလား
မေ ၁၊ ၂၀၁၃ - စစ်မှန်တဲ့ သတင်းလွတ်လပ်ခွင့် ပေါ်ထွန်းရေးအတွက် အစိုးရနဲ့ မီဒီယာလောကအကြား အခြေအနေကို သုံးသပ်ဆွေးနွေးထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ (၀၅.၀၂.၂၀၁၃) နေ့ စဉ်တီဗွီသတင်းလွှာ (၀၅.၀၂.၂၀၁၃)
မြန်မာနဲ့ ကမ္ဘာ မေဒေးနေ့ အခမ်းအနားဆင်နွှဲ၊ ရန်ကုန်တိုင်း ဥက္ကံမြို့ မှာဖြစ်ပွားတဲ့ ပဋိပက္ခမှာ လူတဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ...မြောက်ကိုရီးယားကေဆောင်း စက်မှုဇုံမှာ ကျန်နေတဲ့ တောင်ကိုရီးယား အလုပ်သမားတွေကို ပြန်ခွင့်ပြု...စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဥက္ကံမြို့အခြေအနေ တည်ငြိမ်လာ ဥက္ကံမြို့အခြေအနေ တည်ငြိမ်လာ
ရန်ကုန်တိုင်း ဥက္ကံမြို့ အနီးတ၀ိုက်မှာ အင်္ဂါနေ့က ဘာသာရေးကွဲပြားမှုအပေါ် အခြေခံတဲ့ ပဋိပက္ခ ဖြစ်ပွားရာက ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ပွါးခဲ့တဲ့အတွက်ကြောင့် အစ္စလာမ်ဘာသာဝင်တွေဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပြီး အခုအခါမှာတော့ သူတို့ဟာ နေရပ်ရင်းကို ပြန်လည်ရောက်ရှိလာပါပြီ။ ဒါပေမယ့် သူတို့ရဲ့နေအိမ်တွေရဲ့နေရာမှာ ပြာပုံနဲ့ ဖျက်စီးခံထားရတဲ့ ပစ္စည်းတွေကိုသာ တွေ့ရတော့တာပါ။ ဒီအကြောင်း အေပီသတင်းဌာနရဲ့ သတင်းကို ကိုးကားပြီး ကိုအောင်အောင် က ဆက်လက်တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
အလုပ်သမားနေ့ ကမ္ဘာတလွှားကျင်းပ အလုပ်သမားနေ့ ကမ္ဘာတလွှားကျင်းပ
မေလ ၁ ရက်နေ့ ကျရောက်တဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်နဲ့ အလုပ်သမား အခွင့်အရေး တိုးမြှင့်ရရှိရေး အာရှ တလွှား လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
ကြာသပတေးနေ့ မြန်မာတီဗွီသတင်း ကြာသပတေးနေ့ မြန်မာတီဗွီသတင်း
ဥက္ကံမြို့က မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ကြား အဓိကရုဏ်းကြောင့် လူတဦးသေဆုံး၊ အလုပ်သမားနေ့ အခမ်းအနား မြန်မာပြည်တွင်း ကျင်းပ စတာတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
အမေရိကန်လူဝင်မှုပြုပြင်ရေး အမေရိကန်လူဝင်မှုပြုပြင်ရေး
အမေရိကန် လူဝင်မှု ကြီးကြပ်ရေး ဥပဒေပြုပြင်ဖို့ အရေး၊ နောက် မက္ကဆီကို နိုင်ငံတွင်းက မူးယစ်ကုန်ကူးသူတွေဆီကို အမေရိကန် လက်နက်တွေ မရောက်ရေး စတာတွေနဲ့ အမေရိကန် အစိုးရက လုပ်ဆောင်နေတာပါ။ မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။ အပြည့်အစုံ
 
ရခိုင်အစီရင်ခံစာအပေါ် တုန့်ပြန်ချက် ရခိုင်အစီရင်ခံစာအပေါ် တုန့်ပြန်ချက်
ရခိုင် ပဋိပက္ခအပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်တွေ အပေါ်မှာ သဘောတူသူတွေ ရှိသလို သဘောမတူသူတွေကလည်း ရှိနေပါတယ်။ ဒီအကြောင်းကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးမှာပါ။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment