Sunday, May 5, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မေလ ၀၅၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မေလ ၀၅၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မဒေးကျွန်းဒေသခံတွေကို ရုံးတင်တရားစွဲမည် မဒေးကျွန်းဒေသခံတွေကို ရုံးတင်တရားစွဲမည်
“လာမယ့်တနင်္လာနေ့မှာ သူတို့ကို ရုံးချိန်းထားတယ်လို့ပြောတယ်။ သူတို့ကိုယ်တိုင်မှပဲ ဘယ်ပုဒ်မနဲ့ သူတို့ကို ရုံးတင်တယ်ဆိုတာ သိရလိမ့်မယ်။" အပြည့်အစုံ
 
လိုအပ်ချက်တွေနဲ့ အမျိုးသားသတင်းဆု လိုအပ်ချက်တွေနဲ့ အမျိုးသားသတင်းဆု
အမျိုးသားသတင်းဆုနဲ့ပတ်သက်လို့ စိတ်တိုင်းမကျမှု၊ ဘဝင်မကျမှုတွေ ရှိနေတဲ့အကြောင်း အယ်ဒီတာ့အာဘော်ဆုရသူ မသီတာ(စမ်းချောင်း) က ဆုလက်ခံစဉ်မှာပဲ ထည့်သွင်းပြောသွားခဲ့ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဆီးရီးယားလက်နက်သိုလှောင်ရုံတွေ အစ္စရေးလေတပ်တိုက်ခိုက် ဆီးရီးယားလက်နက်သိုလှောင်ရုံတွေ အစ္စရေးလေတပ်တိုက်ခိုက်
အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံကို ဒီရက်ပိုင်းအတွင်း လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောဆိုပါတယ်။ အပြည့်အစုံ
 
နေစွမ်းအင်သုံးလေယာဉ်ကို လူကိုယ်တိုင်မောင်းနှင်ပျံသန်း နေစွမ်းအင်သုံးလေယာဉ်ကို လူကိုယ်တိုင်မောင်းနှင်ပျံသန်း
အမေရိကန်နိုင်ငံမှာ နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုတဲ့ လေယာဉ်ငယ်တစီးကို လေယာဉ်မှူးတဦးက ပထမဆုံးအကြိမ် အောင်မြင်စွာ မောင်းနှင်ဆင်းသက်ပြခဲ့ပါတယ်။ အပြည့်အစုံ
 
သမ္မတ အိုဘားမား Costa Rica ရောက် သမ္မတ အိုဘားမား Costa Rica ရောက်
အမေရိကန်နဲ့ ကော်စတာရီကာနိုင်ငံကြားမှာ ဆွေးနွေးမှုတွေလုပ်ဖို့ သမ္မတအိုဘားမားဟာ ကော်စတာရီကာ သမ္မတ Laura Chinchilla နဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ
 
တရုတ်မှာ ကြွက်သားတွေ ညာရောင်း တရုတ်မှာ ကြွက်သားတွေ ညာရောင်း
အာဏာပိုင်တွေက ကြွက်နဲ့ တခြားအသေးစား နို့တိုက်သတ္တ၀ါတွေရဲ့ အသားနဲ့ လုပ်ထားတဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ လူတွေ မစားရမနေချင်အောင် စွဲဆောင်တဲ့ဆေးတွေနဲ့ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ အသားတန်ချိန် ၂ သောင်းကျော်ကို သိမ်းဆည်းခဲ့ပါတယ်။ အပြည့်အစုံ
 
တိုက်ရိုက်လေလှိုင်း

မြန်မာနိုင်ငံ အလုပ်သမားထု အခြေအနေ မြန်မာနိုင်ငံ အလုပ်သမားထု အခြေအနေ
မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အကောင်းဆုံး အကာအကွယ်နဲ့ အခွင့်အရေးတွေ ပေးအပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကမ္ဘာ့အလုပ်သမားနေ့ သဝဏ်လွှာ မှာ ဖော်ပြလိုက်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံတွင်းက အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ လက်ရှိကြုံနေရတဲ့အခြေအနေတွေနဲ့ စစ်မှန်တဲ့ အကာအကွယ် စောင့်ရှောက်မှုတွေရဖို့ ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်နေပါသလဲဆိုတာကို အလုပ်သမားရေးလှုပ်ရှားသူ မအိရွှေစင်၊ မသက်သက်အောင်၊ ရှေ့နေကြီး ဦးသိန်းသန်းဦး၊ မမာမာသွင်၊ လွှတ်တော်အမတ် ဦးဖေသန်းတို့နဲ့အတူ ဆွေးနွေးထ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ဥရောပသမဂ္ဂ နဲ့ မြန်မာ ဆက်ဆံရေး ဥရောပသမဂ္ဂ နဲ့ မြန်မာ ဆက်ဆံရေး
မေ ၄၊ ၂၀၁၃ - EU ဥရောပသမဂ္ဂမှ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းလိုက်တဲ့အတွက် ဘယ်သူတွေ အရင်ဆုံး အကျိုးခံစားရမယ်ဆိုတာကို သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

အပတ်စဉ် တီဗွီသတင်းလွှာ အပတ်စဉ် တီဗွီသတင်းလွှာ
တပတ်အတွင်း မြန်မာ နဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ နဲ့ တွေ့ဆုံမေးမြန်းခန်း၊ ဥက္ကံမြို့ အခြေအနေ တည်ငြိမ်ပေမယ့် ဒေသခံတွေ စိုးရိမ်နေဆဲ၊ မြန်မာသတင်း လွတ်လပ်ခွင့် တိုးတက်မှုရှိလာကြောင်း Freedom House ပြော၊ ထင်ပေါ်ကျော်ကြားသူများအကြောင်း သက်တန့်ရောင် သတင်းလွှာ ..... အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အမျိုးသားသတင်းဆုနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အမျိုးသားသတင်းဆုနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ တိုးတက်မှုတွေ အများအပြား ရှိခဲ့တယ်လို့ ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို လေ့လာ စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်ရဲ့စာပေလွတ်လပ်ခွင့်အပေါ် ထိမ်းချုပ်ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေပါတယ်။ မနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ အမျိုးသားသတင်းဆုပေးပွဲနဲ့ပတ်သက်လို့လည်း ဝေဖန် ငြင်းခုံမှုတွေ ငြင်းခုံမှုတွေ ရှိနေခဲ့ပါတယ်။ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ရွှေတူးဖေါ်ရေးနဲ့ သဘာ၀၀န်းကျင် ရွှေတူးဖေါ်ရေးနဲ့ သဘာ၀၀န်းကျင်
မြန်မာနိုင်ငံအတွင်းက ရွှေတူးဖေါ်ရေးလုပ်ငန်းတွေမှာ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေ အသုံးပြုတဲ့အတွက် ပတ်ဝန်းကျင် ထိခိုက်မှုတွေ ပိုများလာတဲ့အကြောင်း တူးဖေါ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့နေရာတွေက ဒေသခံတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ မိုးမခ မီဒီယာက မေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
စနေနေ့ မြန်မာတီဗွီသတင်းများ စနေနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ခုနှစ်မေလ ၄ရက်စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
ဂျကာတာ မြန်မာသံရုံး တိုက်ခိုက်ရန်ကြံစည်မှု ဂျကာတာ မြန်မာသံရုံး တိုက်ခိုက်ရန်ကြံစည်မှု
ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် လူ ၂ ယောက်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို မကျေနပ်ကြောင်း ပြသတဲ့အနေနဲ့ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာလို့လည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံတွင်းက သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေအထိ ရိုက်ခတ်လာနေတဲ့ အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment