Saturday, May 4, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဧပြီလ ၀၄၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဧပြီလ ၀၄၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ကလောမြေပြို လူဆယ်ဦးကျော်သေဆုံး
ရှမ်းပြည်တောင်ပိုင်း ကလောမြို့မှာ မိုးသည်းထန်စွာရွာတဲ့အတွက် ရွှေသတ္တုတွင်း ပြိုကျပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံ
 
ရခိုင်အရေး HRW အမြင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်ပယ်ချ ရခိုင်အရေး HRW အမြင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်ပယ်ချ
ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် "ဆုတောင်းရုံက လွဲပြီး ဘာမှ မလုပ်နိုင်ဘူး" ဆိုတဲ့ HRW အစီရင်ခံစာကို ရခိုင်ပဋိပက္ခအရေး စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဒေါက်တာ ရင်ရင်နွယ်က ပယ်ချလိုက်ပါတယ်။ အပြည့်အစုံ
 
မြန်မာသံရုံးတိုက်ခိုက်ဖို့အစီအစဉ် အင်ဒိုနီးရှားရဲဖော်ထုတ် မြန်မာသံရုံးတိုက်ခိုက်ဖို့အစီအစဉ် အင်ဒိုနီးရှားရဲဖော်ထုတ်
မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေကို မကျေနပ်ကြောင်းပြဖို့ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြသူတွေကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံ
 
 ပြန်ကြားရေးဝန်ကြီးရဲ့ မီဒီယာလွတ်လပ်ခွင့်အမြင် ပြန်ကြားရေးဝန်ကြီးရဲ့ မီဒီယာလွတ်လပ်ခွင့်အမြင်
ဒီမိုကရေစီ ပုံဖော်ရေးကို စောင့်ကြည့်တဲ့နေရာမှာ၊ လူမှုဘဝအဆင့်မြှင့်တင်ရေးတွေ မှာ ပြည်သူတွေ ဘာပြောချင်တယ်ဆိုတာကို မီဒီယာတွေက ကိုယ်စားပြု လာကြောင်း- ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။ အပြည့်အစုံ
 
မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာပိတ်ပင်မှု ရုပ်သိမ်း မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာပိတ်ပင်မှု ရုပ်သိမ်း
“၁၉၉၆ ခုနှစ် ဗီဇာပိတ်ပင်မှုလို့ အသိများတဲ့ သမ္မတရဲ့ထုတ်ပြန်ချက်ဟာ ဆက်ပြီး အသက်မ၀င်တော့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ဆုံးဖြတ်လိုက်ပါပြီ။" အပြည့်အစုံ
 
မြန်မာအပေါ် ၉၇ ဒဏ်ခတ်မှုသက်တမ်းတိုးဖို့ အိုးဘားမား လိုလား မြန်မာအပေါ် ၉၇ ဒဏ်ခတ်မှုသက်တမ်းတိုးဖို့ အိုးဘားမား လိုလား
၁၉၉၇ ခုနှစ် သမ္မတဘီလ်ကလင်တန် လက်ထက်က မြန်မာအပေါ်ချမှတ်ခဲ့တဲ့ အရေးယူမှုဥပဒေကို သက်တမ်းတိုးဖို့ သမ္မတအိုဘားမားက လွှတ်တော်နှစ်ရပ်လုံးကို အသိပေးခဲ့ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဘနာဇီယာဘူတို လုပ်ကြံမှု စုံစမ်းသူ အသတ်ခံရ ဘနာဇီယာဘူတို လုပ်ကြံမှု စုံစမ်းသူ အသတ်ခံရ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Bhutto လုပ်ကြံခံရမှု၊ အိန္ဒိယနိုင်ငံ? မွမ်ဘိုင်းမြို့မှာ ၂၀၀၈ ခုနှစ်က အကြမ်းဖက် တိုက်ခိုက်မှုတွေကို စစ်ဆေးနေတဲ့ အစိုးရရှေ့နေ သတ်ဖြတ်ခံလိုက်ရတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။ အပြည့်အစုံ
 
သမ္မတအိုဘားမား မက္ကဆီကိုရောက် သမ္မတအိုဘားမား မက္ကဆီကိုရောက်
အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ဟာ ဟိုးအရင်နှစ်တွေကထက်စာရင် ပိုပြီး လုံခြုံမှုရှိလာပေမဲ့ အများကြီးလုပ်ဖို့လိုနေသေးတယ်လို့ အမေရိကန်သမ္မတ ကပြောပါတယ်။ အပြည့်အစုံ
 
စကားပြောကြရအောင်

လူငယ်တွေနဲ့ ပရဟိတ လူငယ်တွေနဲ့ ပရဟိတ
လူမှုရေး ပရဟိတလုပ်ငန်းတွေ လူငယ်တွေအနေနဲ့ အသက်မွေးကျောင်းလုပ်ငန်းအဖြစ်နဲ့ ရပ်တည်မယ်ဆိုရင် ရှင်သန်ရပ်တည်နိုင်တဲ့ အနေအထားဘယ်လိုရှိသလဲဆိုတာကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် ကို ရောက်ရှိခဲ့တဲ့ မြန်မာလူငယ်နှစ်ဦးဖြစ်တဲ့ ကိုစည်သူနဲ့ ကိုမော်ထွန်းအောင်တို့နဲ့ ဒီတပတ်စကားပြောထားပါတယ်။ အပြည့်အစုံ
 
နေ့စဉ် တီဗွီသတင်းလွှာ

နေ့စဉ်တီဗွီသတင်းလွှာ (၀၅-၀၃-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၀၅-၀၃-၂၀၁၃)
အမေရိကန်ရဲ့ မြန်မာအပေါ် ဗီဇာပိတ်ပင်မှု တချို့ ရုပ်သိမ်း၊ ဥက္ကံ အကြမ်းဖက် အဓိကရုဏ်းနောက်ဆက်တွဲ စိုးရိမ်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေ ဆိုင်ရာသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

သောကြာနေ့ မြန်မာတီဗွီသတင်းများ သောကြာနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ခုနှစ်မေလ ၃ရက်သောကြာနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
မြန်မာအပေါ် ပိတ်ဆို့မှုဆိုင်ရာ အထူးကြေညာချက် မြန်မာအပေါ် ပိတ်ဆို့မှုဆိုင်ရာ အထူးကြေညာချက်
မြန်မာနိုင်ငံအတွင်းက အမေရိကန် ရင်းနှီးမြုတ်နှံမှုအသစ်တွေကို တားမြစ်ရေး ၁၉၉၇ ခုနှစ်က ပြဌာန်းခဲ့တဲ့ အမေရိကန် အမျိုးသား အရေးပေါ် အက်ဥပဒေကို သမ္မတအိုဘားမားက သက်တမ်းတိုးဖို့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို အကြောင်းကြားလိုက်ပါတယ်။ ၁၉၉၆ ခုနှစ်က ပြဌာန်းထားတဲ့ မြန်မာနိုင်ငံသားတချို့အပေါ် ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ဥပဒေကိုတော့ ဖျက်သိမ်းလိုက်ပါတယ်။ အပြည့်အစုံ
 
ဆီးရီးယား အမေရိကန် စစ်ရေးရွယ်ချယ်မှု ဆီးရီးယား အမေရိကန် စစ်ရေးရွယ်ချယ်မှု
ဆီးရီးယားနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ဓါတု လက်နက်သုံးစွဲမှု အပေါ် သမ္မတ အိုဘားမားနေနဲ့ စစ်ရေးအရ ကိုင်တွယ်ဖို့ စဉ်းစားနိုင်အောင် ပင်တဂွန် တာဝန်ရှိသူတွေက စစ်ရေး အစီအစဉ်တွေကို ပြင်ဆင်ပေးထားပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်တွေဟာ ရိုးရှင်းလွယ်ကူတဲ့ အစီအစဉ်တွေတော့ မဟုတ်ပါဘူး။ စစ်အင်အား ထောင်သောင်းချီ တပ်ဖြန့်ချရတာ၊ ဓာတု အဆိပ်သင့်မှု အန္တရယ်ကို အကြီးအကျယ် ကြုံရနိုင်တာ၊ ပဋိပက္ခနဲ့ စစ်ပွဲအရှိန်ပိုပြီး ကြီးထွားလာနိုင်တဲ့ အန္တရယ်တွေလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဗွီအိုအေ ပန်တဂွန် သတင်းထောက် Luis Ramirez ပေးပို့ထားတာကို ကိုအောင်အောင်က ဆက်လက်တင်ပြပါမယ်။ အပြည့်အစုံ
 
ကမ္ဘာတ၀ှမ်း သတင်းလွတ်လပ်ခွင့် ကမ္ဘာတ၀ှမ်း သတင်းလွတ်လပ်ခွင့်
ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန် နိုင်ငံ အခြေစိုက် Freedom House အဖွဲ့က မနက်ဖြန်ကျရောက်မယ့် ကမ္ဘာ့ စာနယ်ဇင်းကင်းလွတ်ခွင့်နေ့ အတွက် အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ဒီနှစ်အတွင်း ကမ္ဘာတ၀ှမ်း နိုင်ငံတချို့မှာ မီဒီယာနဲ့ စာနယ်ဇင်း ကင်းလွတ်ခွင့်တွေ တဖြည်းဖြည်း နိမ့်ကျလာတာနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို မမေစန္ဒီက ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 
ဥက္ကံအကြမ်းဖက်မှု စိုးရိမ်မှုများ ဥက္ကံအကြမ်းဖက်မှု စိုးရိမ်မှုများ
ရန်ကုန်တိုင်း ဒေသကြီး ဥက္ကံမြို့က မူဆလင်တွေရဲ့ အိုးအိမ်တွေ စီးပွားရေး လုပ်ငန်းတွေ မီးရှို့ ဖျက်စီးခံရပြီးနောက်ပိုင်း မူဆလင် မိသားစုတွေ အနေနဲ့ နေစရာ အိမ်မရှိတော့သလို သွားစရာလည်း မြေမရှိ ဖြစ်နေကြရပါတယ်။ မူဆလင် နဲ့ ဗုဒ္ဒဘာသာတွေကြား အကြမ်းဖက် ပဋိပက္ခတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာကြောင့် မြန်မာနိုင်ငံတ၀န်းမှာလည်း စိုးရိမ်မှုတွေ ရှိလာကြတဲ့ အကြောင်း အေပီ သတင်းတပုဒ်ကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးမှာပါ။ အပြည့်အစုံ
 
ဆိုမာလီ ပင်လယ်ဓားပြ ဆိုမာလီ ပင်လယ်ဓားပြ
ဆိုမာလီ ပင်လယ်ဓားပြလို့ စွပ်စွဲခံထားရသူ ၃ ဦးကို ပင်လယ်ပြင်မှာ အမေရိကန် ၄ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဇွန်လ ၃ ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ စပြီး ရုံးတင်စစ်ဆေးမှာဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် သေဒဏ် ကျခံရနိုင်ပါတယ်။ ကမ္ဘာတလွှားက တရားရုံးတွေမှာလည်း ပင်လယ်ဓားပြတွေကို ဖမ်းဆီးစစ်ဆေးပြီး စီရင်ချက်တွေ ချမှတ်နေပါတယ်။ ဒါပေမယ့်လည်း ပင်လယ်ဓားမြတိုက်မှုတွေကနေ အကျိုးအမြတ် အများစု ရယူနေကြတဲ့ ခေါင်းဆောင်တွေကိုတော့ အပြစ်ပေးအရေးယူနိုင်ခြင်း မရှိကြပါဘူး။ ဗွီအိုအေ သတင်းထောက် Mary Alice Salinas ရဲ့ သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က ပြန်ပြောပြမှာပါ။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment