Sunday, May 12, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မေလ ၁၂၊ ၂၁၀၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မေလ ၁၂၊ ၂၁၀၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

 ရခိုင် ဆိုင်ကလုန်း အန္တရာယ် သတိပေး ရခိုင် ဆိုင်ကလုန်း အန္တရာယ် သတိပေး
အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း One ရဲ့ လမ်းကြောင်းဟာ ရခိုင်ကမ်းရိုးတန်းကိုရော ကုန်းတွင်းပိုင်းကိုပါ ဦးတည် လာနိုင်ခြေရှိတဲ့အတွက် ဒေသခံပြည်သူတွေ သတိအနေအထားမှာ အသင့်ရှိနေကြပါလို့ ဒေသတွင်းမှာ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေဘက်က မုန်တိုင်းသတိပေးနိုးဆော်ချက်တွေနဲ့ အဆက်မပြတ် ဆော်သြပေးနေကြပါတယ်။ အပြည့်အစုံ
 
အင်အားပြင်း မုန်တိုင်း မြန်မာဘက် ဦးတည် အင်အားပြင်း မုန်တိုင်း မြန်မာဘက် ဦးတည်
အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဘက်ကို ဦးတည်လာနေတယ်လို့ အမေရိကန်မုန်တိုင်းသတိပေးဌာနက သတိပေးထားပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အကြမ်းဖက်မှုကြား ပါကစ္စတန် ရွေးကောက်ပွဲ မဲပေးသူများ အကြမ်းဖက်မှုကြား ပါကစ္စတန် ရွေးကောက်ပွဲ မဲပေးသူများ
ဒီရွေးကောက်ပွဲဟာ ပါကစ္စတန်နိုင်ငံသမိုင်းမှာ ပထမဦးဆုံး အရပ်သားအစိုးရတရပ် သက်တမ်း ကုန်ဆုံးပြီး နောက်ရွေးကောက်ခံရတဲ့ အရပ်သားအစိုးရတရပ်ကို အာဏာ လွှဲပြောင်းပေးဖို့ ပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ အပြည့်အစုံ
 
အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက် အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်
တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်နျူကလီယားစွမ်းအင်သုံး USS Nimitz လေယာဉ်တင်စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ်အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်းကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ အပြည့်အစုံ
 
အကြမ်းဖက်မှုကြားက ပါကစ္စတန် ရွေးကောက်ပွဲ အကြမ်းဖက်မှုကြားက ပါကစ္စတန် ရွေးကောက်ပွဲ
ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲမကျင်းပခင် တရက်အလိုမှာ ဗုံးပေါက်ကွဲ မှုတွေ ဖြစ်ခဲ့တာကြောင့် လူ ၄ ယောက်ထက်မနည်းသေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရသွားပါတယ်။ အပြည့်အစုံ
 
အာကာသစခန်းထဲမှာ အမိုးနီးယားယိုစိမ့် အာကာသစခန်းထဲမှာ အမိုးနီးယားယိုစိမ့်
နိုင်ငံတကာအာကာသစခန်းမှာ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်နေတာ တွေ့ခဲ့ရတာကြောင့် အာကာသယာဉ်မှူးတွေ ဒါကို ပြန်ပြင်ဖို့ ကြိုးစားနေကြပါတယ်။ အပြည့်အစုံ
 
တိုက်ရိုက်လေလှိုင်း

လူမပြောင်းပဲ မူပြောင်းရုံနဲ့ ဒီမိုကရေစီဖော်ဆောင်နိုင်မလား လူမပြောင်းပဲ မူပြောင်းရုံနဲ့ ဒီမိုကရေစီဖော်ဆောင်နိုင်မလား
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အဖုအထစ်တွေ ပေါ်လာတိုင်း ဒါဟာ စနစ်ဟောင်းရဲ့ စရိုက် အကျင့်တွေကြောင့်၊ စရိုက်ဟောင်းရဲ့ လူတွေရှိနေသေးတာကြောင့်လို့ ဝေဖန်မှုတချို့ရှိနေပါတယ်။ လူမပြောင်းပဲ မူပြောင်းရုံနဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်လို့ သောတရှင်တွေ ယုံကြည်ကြသလား၊ မယုံကြည်ဘူးလား ဆိုတာကို ဒီသီတင်းပတ်ရဲ့ တိုက်ရိုက်လေလှိုင်းဆွေးနွေးခန်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်နဲ့ ပြည်သူ့ခေတ်ဂျာနယ်အယ်ဒီတာချုပ် ဦးမော်လင်းတို့ကိုပင်တိုင်ထားပြီး မြန်မာ့အရေးလေ့ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ဦးသိန်းစိန်အစိုးရ နဲ့ ကချင်အမျိုးသားရေး ဦးသိန်းစိန်အစိုးရ နဲ့ ကချင်အမျိုးသားရေး
မေ ၁၁၊ ၂၀၁၃ - ကချင်လွတ်မြောက်ရေးအဖွဲ့ကို နေရာမပေးချင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကချင်ပြည်နယ်စစ်ပွဲအကြောင်း သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
အပတ်စဉ် တီဗွီမဂ္ဂဇင်း

အပတ်စဉ် တီဗွီသတင်းလွှာ အပတ်စဉ် တီဗွီသတင်းလွှာ
တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းများ၊ ရခိုင်ပဋိပက္ခအရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်ရင်ရင်နွယ်နဲ့ သီးသန့်တွေ့ဆုံမေးမြန်း၊ နိုင်ငံတကာ ထင်ပေါ်ကျော်ကြားသူများနဲ့ အနုပညာရှင်များအကြောင်း သက်တန့်ရောင် သတင်းလွှာ ... အပြည့်အစုံ
 
ဗွီဒီယိုသတင်း

စနေနေ့ မြန်မာတီဗွီသတင်းများ စနေနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ခုနှစ်မေလ ၁၁ရက်စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
နိုင်ငံရေးနဲ့ ဘောလုံးအားကစား နိုင်ငံရေးနဲ့ ဘောလုံးအားကစား
. အပြည့်အစုံ
 
ဗကသမျိုးဆက် တွေ့ဆုံပွဲ ဗကသမျိုးဆက် တွေ့ဆုံပွဲ
မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာဖို့အတွက် ကျောင်းသားသမဂ္ဂ ခိုင်ခိုင်မာမာ ဖွဲ့စည်း တည်ထောင်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း မနေ့က ရန်ကုန်မြို့မှာ ကျင်းတဲ့ ခေတ်အဆက်ဆက် ဗကသမျိုးဆက် ကျောင်းသားတွေ တွေ့ဆုံပွဲမှာ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း ကျောင်းသား ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ ၁၉၃၆ နှစ် မေလ ၁၀ ရက် မြန်မာနိုင်ငံ သမိုင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် စတင်တည်ထောင်ခဲ့တဲ့ နှစ်ပတ်လည် အခမ်းအနား ကျင်းပတာဖြစ်ပါတယ်။ ကိုကျော်သိင်္ခက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
အာရှနဲ့ တရုပ် ရေတပ်အင်အား အာရှနဲ့ တရုပ် ရေတပ်အင်အား
အာရှတိုက်အတွင်း နိုင်ငံတွေဟာ ရေတပ်တိုးချဲ့လာနေကြပြီး ပင်လယ်ပြင်အတွင်း ငါးဖမ်းခွင့်နဲ့ ရေအောက် သဘာဝ လောင်စာ ထုတ်ယူသုံးစွဲခွင့်အပေါ်မှာလည်း ယှဉ်ပြိုင်နေကြပါတယ်။ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ရေတပ်အင်အား တိုးချဲ့မှုဟာ ရှေ့ကဦးဆောင်နေပြီး ရေတပ်အင်အား ဘာလို့ တိုးချဲ့နေသလဲဆိုတာကို နိုင်ငံခြားရေး ဌာန ဆိုင်ရာ ဗွီအိုအေ သတင်းထောက် Scott Stearns က သတင်းပေးပို့ထားတာကို မခွာညိုက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
လက်ပန်းတောင်းတောင်နဲ့ ဒေါ်စုရပ်တည်ချက် လက်ပန်းတောင်းတောင်နဲ့ ဒေါ်စုရပ်တည်ချက်
လက်ပန်းတောင်တောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြသူတွေကို ပြီးခဲ့တဲ့နှစ်က နှိမ်နှင်းခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ တရားဥပဒေစိုးမိုးရေးအတွက် ရပ်တည်လုပ်ဆောင်ခဲ့သူတွေ ဖြစ်ပြီး သူတို့ကို အပြစ်ပေးအရေးယူတာမျိုး မလုပ်သင့်ဘူးလို့ မြင်တဲ့အကြောင်း စီမံကိန်းနဲ့ပတ်သက်တဲ့ အစီရင်ခံစာထုတ်ပြန်ရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောဆိုသွားပါတယ်။ ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ အခြေခံဥပဒေနဲ့ ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲတစ်ခုအတွင်း တရားဥပဒေစိုးမိုးမှု ခေါင်းစဉ်နဲ့ ဆွေးနွေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စကို ပြောဆိုသွားတာပါ။ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment