Thursday, May 9, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မေ ၀၉၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မေ ၀၉၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမား တိုက်တွန်း မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမား တိုက်တွန်း
"မြောက်ကိုရီးယားအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေက အဖြစ်အပျက် အခြေအနေတွေကို အတုယူသင့်တယ်ဆိုတာကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အခုဆိုရင် အမေရိကန်နဲ့ တောင် ကိုရီးယားနိုင်ငံအပါအ၀င် နိုင်ငံတကာနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သံတမန်ရေး ဆက်ဆံမှုတွေ ပိုပြီး တိုးလုပ်လာနေပါပြီ။" အပြည့်အစုံ
 
အင်ဒိုနီးရှားရဲနဲ့ ပစ်ခတ်မှုအတွင်း သံရုံးတိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် သံသယရှိသူ ၃ ဦးသေဆုံး အင်ဒိုနီးရှားရဲနဲ့ ပစ်ခတ်မှုအတွင်း သံရုံးတိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် သံသယရှိသူ ၃ ဦးသေဆုံး
"အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိ သူတွေကို နောက်ထပ် လိုက်လံဖမ်းဆီးရင်း လုံခြုံရေး အာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်သွေးကြွ ၃ ယောက် သေဆုံးသွားပြီး၊ ၁ ဦးကိုတော့ အရှင် ဖမ်းမိခဲ့ပါတယ်" အပြည့်အစုံ
 
ဥက္ကံအကြမ်းဖက်မှု သံသယရှိသူ ၁၇ ဦး ဖမ်းဆီး ဥက္ကံအကြမ်းဖက်မှု သံသယရှိသူ ၁၇ ဦး ဖမ်းဆီး
“၂၅ ယောက်ဖမ်းပါတယ်ခင်ဗျ။ ၈ ယောက်ကို ပြန်လွှတ်ပေးလိုက်တော့ ၁၇ ယောက် ကျန်ပါတယ်ခင်ဗျ။ သူတို့ကိုတော့ ကျနော်တို့ ရဲတပ်ဖွဲ့က စစ်ဆေးဆဲပဲ ရှိပါသေး တယ်။ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ပြစ်မှုကျူးလွန်တယ်ဆိုရင် ကျူးလွန်တဲ့ သူကိုတော့ ပြစ်မှုကြောင်းအရ အရေးယူရမှာပဲ ဖြစ်ပါတယ်" အပြည့်အစုံ
 
မြန်မာနိုင်ငံ ဘာသာရေးအကြမ်းဖက်မှု Dalai Lama ဝေဖန် မြန်မာနိုင်ငံ ဘာသာရေးအကြမ်းဖက်မှု Dalai Lama ဝေဖန်
“ဘာသာရေးခေါင်းစဉ်တပ်ပြီး လူတွေကို သတ်ဖြတ်နေတာကို စဉ်းစားလို့ကို မရပါဘူး။ အတော်လေး ၀မ်းနည်းစရာ ကောင်းပါတယ်။ အခုကာလမှာ ဒါမျိုးတွေ မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ မူဆလင်ဗလီတွေကို ဖျက်ဆီးတာ၊ မူဆလင်မိသားစုတွေကို တိုက်ခိုက်တဲ့ကိစ္စတွေပါ” အပြည့်အစုံ
 
မြန်မာမိခင်တွေ အခြေအနေ ကမ္ဘာမှာ နိမ့်ကျနေဆဲ မြန်မာမိခင်တွေ အခြေအနေ ကမ္ဘာမှာ နိမ့်ကျနေဆဲ
"မိခင်တွေရဲ့ အရည်အသွေးနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ၁၇၆ နိုင်ငံကို သုံးသပ်ထား ရာမှာ မြန်မာနိုင်ငံကတော့ အဆင့် ၁၅၂ နဲ့ အတော်လေး အောက်ပိုင်းမှာ ရှိနေပါ တယ်။ အသက် ၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်းမှာလည်း တစ်ထောင်မှာ ၆၂ ဒဿမ ၄ ရှိတယ်လို့ ဖော်ပြထားပါတယ်" အပြည့်အစုံ
 
နိုင်ငံတကာ

WTO အကြီးအကဲသစ်အဖြစ် ဘရာဇီးသံအမတ်ကိုခန့် WTO အကြီးအကဲသစ်အဖြစ် ဘရာဇီးသံအမတ်ကိုခန့်
"ပထမဆုံး လက်တင် အမေရိကတိုက်သား တစ်ယောက်အဖြစ် WTO အကြီးအကဲကို ရွေးချယ်လိုက်တာဖြစ်ပြီး၊ စက်တင်ဘာလမှာ လက်ရှိအကြီးအကဲ Pascal Lamy ဆီကနေ ရာထူးတာဝန်ကို လွှဲပြောင်းယူရမှာ ဖြစ်ပါတယ်" အပြည့်အစုံ
 
Benghazi အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု စစ်ကူတောင်းပေမဲ့ မရခဲ့ Benghazi အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု စစ်ကူတောင်းပေမဲ့ မရခဲ့
"လစ်ဗျားနိုင်ငံ Benghazi မြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရစဉ်အတွင်း သူ့အနေနဲ့ စစ်ရေး အထောက်အကူရဖို့ ကြိုးစားခဲ့တယ်လို့ အဲ့ဒီအချိန်က ကောင်စစ်ဝန် ရုံးမှာ ဒုတိယအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ Gregory Hicks ပြောလိုက်ပါတယ်" အပြည့်အစုံ
 
မြောက်ကိုရီးယားခြိမ်းခြောက်မှု အောင်မြင်မည်မဟုတ် သမ္မတ Park ပြောကြား မြောက်ကိုရီးယားခြိမ်းခြောက်မှု အောင်မြင်မည်မဟုတ် သမ္မတ Park ပြောကြား
"နျူကလီးယားလက်နက် ကင်းရှင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ အမေရိကန်သမ္မတ Barack Obama ရဲ့အမြင်ကို ကိုရီးယားကျွန်းဆွယ်ကနေ စရမယ်လို့ တောင်ကိုရီးယားသမ္မတ Park Geun-hye က ပြောလိုက်ပါတယ်" အပြည့်အစုံ
 
မလေးရှားရွေးကောက်ပွဲရလဒ် ကန့်ကွက်ဆန္ဒပြ မလေးရှားရွေးကောက်ပွဲရလဒ် ကန့်ကွက်ဆန္ဒပြ
"မလေးရှားနိုင်ငံမှာ အတိုက်အခံတွေက မသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက် ဆန္ဒပြမယ်ဆိုရင် ဖမ်းဆီးမှာ ဖြစ်တဲ့ အကြောင်း ရဲတပ်ဖွဲ့က သတိပေးထားတဲ့ကြားကပဲ လူပေါင်းထောင်သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်" အပြည့်အစုံ
 
ဘင်္ဂလားဒေ့ရှ် စက်ရုံပြိုကျမှု သေဆုံးသူ ၈၀၀ နီးပါးရှိ ဘင်္ဂလားဒေ့ရှ် စက်ရုံပြိုကျမှု သေဆုံးသူ ၈၀၀ နီးပါးရှိ
"ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံတွေရှိရာ ကုန်တိုက်တခု ပြိုကျရာက သေ ဆုံးသူဦးရေ တဖြေးဖြေးနဲ့ ၈၀၀ နီးပါးအထိ တိုးလာနေပါတယ်။ အပျက်အစီးတွေကို ဆက်လက်ရှင်းလင်းရာက ထပ်မံတွေ့ရှိရတဲ့ အလောင်းတွေနဲ့ပါဆိုရင် သေဆုံးသူ ဦးရေဟာ ၇၈၂ ယောက်အထိ ရှိသွားပြီလို့" အပြည့်အစုံ
 
ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ
"အင်္ဂါနေ့မှာလည်း အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေ ထပ်ရှာတွေ့ ခဲ့တယ်လို့ ရဲကပြောပြီး သေဆုံးရသူအရေအတွက် ၇၀၅ ဦးလို့ အတည်ပြုခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာပြောဖို့ ပိုပြီး ခက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်" အပြည့်အစုံ
 
ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ
"အမေရိကန် ကာကွယ်ရေးဌာနရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ တာဝန်မဲ့ရာကျပြီး၊ တရုတ် အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ပြောသွားပါတယ်" အပြည့်အစုံ
 
အိုဘားမားနဲ့ တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားအရေး ရပ်တည်ချက်တူ အိုဘားမားနဲ့ တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားအရေး ရပ်တည်ချက်တူ
"သမ္မတ Barack Obama ဟာ တောင်ကိုရီးယား သမ္မတ Park Geun-Hye ကို သမ္မတ အိမ်ဖြူတော်မှာ ဧည့်ခံတွေ့ဆုံခဲ့ပြီး၊ မြောက်ကိုရီးယားအရေးနဲ့ နျူကလီးယား ခြိမ်းခြောက်မှု ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ မျှော်လင့်ရပါတယ်" အပြည့်အစုံ
 
ကျန်းမာရေး

 သွေးတိုးရောဂါ ကာကွယ်ရေး သွေးတိုးရောဂါ ကာကွယ်ရေး
မေ ၈၊ ၂၀၁၃။ ။ ။ သွေးတိုးရောဂါ မဖြစ်ခင် ကာကွယ်နိုင်ဖို့နဲ့ ဖြစ်လာခဲ့ရင် ပိုမဆိုးသွားအောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ဘာသာရေး ပဋိပက္ခ တားမြစ်ထိန်းချုပ်ရေး ဘာသာရေး ပဋိပက္ခ တားမြစ်ထိန်းချုပ်ရေး
မေ ၈၊ ၂၀၁၃ - ပြုပြင်ပြောင်းလဲရေးကာလအတွင်း ဘာသာရေး၊ လူမှုရေး ပဋိပက္ခတွေကို တာဝန်ရှိရှိ ကိုင်တွယ်ဖြေရှင်းသွားဖို့ သုံးသပ်ဆွေးနွေးထား ... အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ (၀၅.၀၉ .၁၃) နေ့ စဉ်တီဗွီသတင်းလွှာ (၀၅.၀၉ .၁၃)
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အတွင်း ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေ အကြီးအကျယ် ရှိခဲ့ပြီး စိုးရိမ်ရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်၊ တောင်ကိုရီးယား သမ္မတ Park Geun-hye ရဲ့ အမေရိကန် ပြည်ထောင်စုခရီးစဉ်အကြောင်း...စသည် အပြည့်အစုံ
 
နေ့စဉ်တီဗွီသတင်းလွှာ (၀၅-၀၈-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၀၅-၀၈-၂၀၁၃)
အင်ဒိုနီးရှားက မြန်မာသံရုံးအခြေအနေတည်ငြိမ်နေပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနပြော၊ မိတ္ထီလာအကြမ်းဖက်မှုမှာ ပါဝင်ပက်သက်သူ တွေကို ထပ်မံတရားစွဲဆို၊ ကုလ မြို့ပြဆိုင်ရာကော်မတီအကြီးအကဲနဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း ... စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

မြန်မာနိုင်ငံတွင်း ဘာသာရေးဖိနှိပ်မှုများ မြန်မာနိုင်ငံတွင်း ဘာသာရေးဖိနှိပ်မှုများ
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာပြီဆို ပေမယ့်လည်း ဘာသာရေး ဖိနှိပ်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေ အကြီးအကျယ် ရှိခဲ့တဲ့အကြောင်း အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မနေ့က ၀ါရှင်တန်မြို့တော်မှာ ရှိတဲ့ မြန်မာနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ NED National Endowment For Democracy ရုံးမှာ အစီရင်ခံစာနဲ့ ပတ်သက်လို့ ရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ မမေစန္ဒီက ကိုယ်တိုင် သတင်းသွားရောက်ယူထားပါတယ်။ အပြည့်အစုံ
 
တောင်ကိုရီးယား အမေရိကန် ပူးတွဲရပ်တည် တောင်ကိုရီးယား အမေရိကန် ပူးတွဲရပ်တည်
မြောက်ကိုရီးယား အစိုးရရဲ့ ရန်စတဲ့ လုပ်ရပ်တွေနဲ့ ပါတ်သက်ပြီး နိုင်ငံတကာက လက်မခံနိုင်ကြောင်း တညီတညွတ်တည်း တုန့်ပြန်ဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ Park Geun-hye က သမ္မတ အိုဘားမားနဲ့ တွေ့ဆုံအပြီး ပြောဆိုပါတယ်။ မနေ့ကလည်း သမ္မတ Park Geun-hye ဟာ အမေရိကန် လွှတ်တော်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုအောင်အောင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း
အင်ဒို မြန်မာသံရုံး ဗုံးခွဲဖို့ ကြံစည်သူလို့ သံသယရှိသူတွေကို ရဲက ၀င်ရောက်စီးနင်း၊ မြန်မာ့ ဘာသာရေး လွတ်လပ်ခွင့်အပေါ် ဝေဖန်ချက်၊ မြန်မာနိုင်ငံတွင်းက ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလာမား ဝေဖန်၊ ရင်းနှီးမြှုပ်နှံမှုတွေကို လွယ်ကူစေဖို့ မြန်မာ အစိုးရ စီစဉ် စတာတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
သူပုန်ကျောင်းသားတဦး၏ ရည်မှန်းချက် သူပုန်ကျောင်းသားတဦး၏ ရည်မှန်းချက်
၁၉၈၈ ခုနှစ် နောက်ပိုင်း နယ်စပ်ဒေသတွေမှာ ကျဆုံးသွားတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက အဖွဲ့ဝင် ငါးရာကျော်လောက် ရှိတဲ့အကြောင်း သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး စာအုပ်ကို ရေးသားသူ ABSDF အဖွဲ့ဝင် ထက်အောင်ကျော် ခေါ် ကိုဝင်းထိန်က ပြောပါ တယ်။ ဒီကျောင်းသားတွေရဲ့ သမိုင်းမပျောက်ပျက်အောင် သူ စာအုပ်ရေးသားခဲ့တာလို့ ဆိုပါတယ်။ ထက်အောင်ကျော်ကို ရန်ကုန်မြို့ VOA ရုံးမှာ VOA ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း က တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
့မြန်မာသံရုံး ဖေါက်ခွဲဖို့ကြံစည်မှု နောက်ဆက်တွဲ ဖမ်းဆီ့း မြန်မာသံရုံး ဖေါက်ခွဲဖို့ကြံစည်မှု နောက်ဆက်တွဲ ဖမ်းဆီး
အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကိုတိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံ သယရှိသူတွေကို နောက်ထပ်လိုက်လံဖမ်းဆီးရင်း လုံခြုံရေး အာဏာပိုင်တွေ နဲ့ ပစ်ခတ်မှုဖြစ်ပွားရာက စစ်သွေးကြွ ၃ ယောက် သေဆုံးသွားပြီးအနည်းဆုံး ၁ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။ မကြာသေးခင်တုန်းက မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေမှာ မူဆလင်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုပြီး မကျေနပ်ကြ တဲ့ အစွန်းရောက်သူတွေက တိုက်ခိုက်ဖို့ လှုံ့ဆော်မှုတွေကြားမှာပဲ စစ်သွေးကြွတွေကို အင်ဒိုနီးရှားအာဏာပိုင်တွေက လိုက်လံနှိမ်နှင်း နေတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထား ပါတယ်။ အပြည့်အစုံ
 
ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်း ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်း
အင်ဒိုနီးရှား မြန်မာသံရုံး လုံခြုံရေး အခြေအနေ၊ မိတ္ထီလာ အဓိကရုဏ်းမှာ ပါဝင်သူတွေလို့ ယူဆရသူတွေကို ရုံးတင်စစ်ဆေး စတဲ့ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
အမေရိကန်အလုပ်လက်မဲ့ နှုန်းလျော့ကျ အမေရိကန်အလုပ်လက်မဲ့ နှုန်းလျော့ကျ
အမေရိကန်ပြည်ထောင်စုတ၀ှမ်း အစိုးရဌာနတွေမှာ အလိုအ လျောက် ဘက်ဂျက်ဖြတ်တောက်မှုတွေရှိနေပေမယ့်၊ အမေရိကန် စီပွားရေးကတော့ ကြံ့ကြံခံ ရပ်တည်နေတုန်းပါပဲ။ စီးပွားရေး လုပ်ငန်းတွေကနေ အခုလအတွင်း အလုပ်သမားငှားရမ်းမှု နှုန်းက ပြီးခဲ့တဲ့လ နဲ့ နှိုင်းယှဉ်ရင် ပိုပြီးတော့တောင် မြှင့်တက်လာနေတာပါ။ အစိုးရအနေနဲ့လည်း ဖေဖော်ဝါရီ လ နဲ့ မတ်လတွေအတွင်း အလုပ် အကိုင်အရေ အတွက်မြင့်မားလာအောင် ဖန်တီးပေးခဲ့တဲ့အတွက်၊ အလုပ်လက်မဲ့နှုန်း ၇.၅ ရာခိုင်နှုန်းအထိလျော့ကျသွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းဆိုရင် ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံးအနေအထားကို ကျဆင်း သွားတာ လည်း ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Mil Arcega သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment