ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မေလ ၁ ၈၊ ၂ ၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ သမ္မတဦးသိန်းစိန် VOA မှာ နယ်ပယ်စုံပုဂ္ဂိုလ်တွေရဲ့ မေးမြန်းမှုကို ဖြေကြားမည် အစိုးရဧည့်သည်တော်အဖြစ် အမေရိကန်ကို ရောက်လာမယ့် သမ္မတဦးသိန်းစိန်ဟာ VOA မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ နယ်ပယ်စုံက လူပုဂ္ဂိုလ်အသီးသီးနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အပြည့်အစုံ နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်မှု အမေရိကန်ကြိုဆို မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာကို ကြိုဆိုပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ မြန်မာအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်နဲ့အချိန်ကိုက်ပြီး မြန်မာ့ကျောက်မျက်ရတာတွေ ပိတ်ပင်တဲ့ ဥပဒေကို သက်တမ်းတိုးဖို့ အထက်လွှတ်တော်အမတ် Crowley က အဆိုတင်ခဲ့ပါတယ်။ အပြည့်အစုံ သန်း ၆၀၀ ဆုထီဖွင့်ပွဲ အမေရိကန်တွေ စိတ်လှုပ်ရှား တစ်စောင်ကို ၂ ဒေါ်လာပေးရတဲ့ အမေရိကန်ပါဝါဘောထီဟာ အခုဆိုရင် ပေါက်မဲဟာ သန်း ၆၀၀ ထိ တက်လာတဲ့အတွက် အမေရိကန်တဝှမ်း စိတ်လှုပ်ရှားနေကြပါတယ်။ အပြည့်အစုံ နေပြည်တော် နဲ့ နိုင်ငံခြား အကူအညီ မေ ၁၈၊ ၂၀၁၃ - နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရာမှ ဒီနေ့ နိုင်ငံခြား အကူအညီအများအပြား ရုတ်တရက် ဝင်လာတာဟာ ပြဿနာတခုဖြစ်ကြောင်း သုံးသပ်တင်ပြထား... အပြည့်အစုံ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား အယောက် (၂၀) ကျော်ကို အာဏာပိုင်တွေက မနေ့က ပြန်လွှတ်ပေးလိုက်တဲ့သတင်း၊ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့သူတွေ မူလနေရာတွေကို ပြန်လာနေကြပြီးဆိုတဲ့ သတင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စက်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေ ပြီးဆုံးသွားပြီး ပိတ်ထားတဲ့ စက်ရုံတွေလည်း ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဆိုတဲ့ သတင်းတွေ အပါအ၀င် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ရေနံချက်စက်ရုံ တည်ဆောက်ရေးကို ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြနေကြတဲ့ အကြောင်း စတဲ့သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။ အပြည့်အစုံ . အပြည့်အစုံ ၂၀၁၃ ခုနှစ် မေလ ၁၈ ရက် စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ မေလ ၁၇ ရက်၊ သောကြာနေ့က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အင်းစိန်အကျဉ်းထောင်က ၁၀ ဦး ပါဝင်ပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်နဲ့ သူတို့ကို ဘယ်လို လွှတ်ပေးခဲ့တယ်၊ အင်းစိန်အကျဉ်းထောင်တွင်းအခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာတွေကို နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူ၊ ကိုယ်တိုင် လွတ်မြောက်လာသူတွေနဲ့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ တွေ့ဆုံ မေးမြန်းပြီး ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံရဲ့ ပညာရေးမှာ ဘုန်းတော်ကြီးကျောင်းသင် အခမဲ့ ပညာရေးကျောင်းတွေရဲ့ အခန်းကဏ္ဍက ပိုပြီး ကြီးမားလာနေပါတယ်။ စားဝတ်နေရေးအကြပ်အတည်းနဲ့ ရုန်းကန်နေရတဲ့ မိသားစုတွေအဖို့ ခလေးတွေရဲ့ ပညရေးအတွက် ဘုန်းတော်ကြီးကျောင်းတွေကို မှီခိုအားနေရတာပါ။ မြစ်မခမီဒီယာက မမေသင်္ကြန်ဟိန်က တင်ပြထားပါတယ်။ အပြည့်အစုံ . အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
သမ္မတဦးသိန်းစိန် VOA မှာ နယ်ပယ်စုံပုဂ္ဂိုလ်တွေရဲ့ မေးမြန်းမှုကို ဖြေကြားမည်
နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်မှု အမေရိကန်ကြိုဆို
မြန်မာအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု
သန်း ၆၀၀ ဆုထီဖွင့်ပွဲ အမေရိကန်တွေ စိတ်လှုပ်ရှား
နေပြည်တော် နဲ့ နိုင်ငံခြား အကူအညီ
No comments:
Post a Comment