ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မေလ ၁၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မဟာဆန်မုန်တိုင်း ရခိုင်မြောက်ပိုင်း ၀င်ရောက်နိုင်ဖွယ်ရှိ မဟာဆန်ဆိုင်ကလုန်းဟာ မေ ၁၆ ရက်မနက်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွေကို ၀င်ရောက်လိမ့်မယ်လို့ မြန်မာ့ မိုး/ဇလ က ခန့်မှန်းထားပြီး ပြင်းအား အဆင့် (၂)၊ တနာရီ ၉၇ မိုင်နှုန်းနဲ့ တိုက်ခတ်မှာဖြစ်တယ်လို့ အမေရိကန်ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်းစောင့်ကြည့်ရေးဌာနက ခန့်မှန်းထားပါတယ်။ အပြည့်အစုံ အိန္ဒိယ သမုဒ္ဒရာထဲမှာ မုန်တိုင်းအားပြင်း One အပူပိုင်းမုန်တိုင်းဟာ အခုခါမှာ ပိုမိုအားကောင်းလာနေပြီး “မဟာဆန်” ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ပြောင်းလဲလာပြီး မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဦးတည်လာနေပြီလို့ အမေရိကန် ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်းစောင့်ကြည့်ရေးဌာန ပြောပါတယ်။ အပြည့်အစုံ တရုတ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ၂၇ ဦး သေဆုံး တရုတ်နိုင်ငံ Sichuan ခရိုင်မှာ စနေနေ့က ကျောက်မီးသွေး သတ္တုတွင်းပေါက်ကွဲပြီး သတ္တုတွင်းလုပ်သား ၂၇ ဦး သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံ FA ဖလား Wigan အသင်းအနိုင်ရ The FA Cup ဘောလုံးဖိုင်နယ် မှာ Wigan Athletic အသင်းက Manchester City ကို အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ အပြည့်အစုံ ပါကစ္စတန်ဝန်ကြီးချုပ် သူ့ပါတီ နိုင်ကြာင်း ကြေညာ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Nawaz Sharif က စနေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ ရှေးရိုးစွဲဝါဒီ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်က အနိုင်ရရှိတယ်လို့ ကြေငြာလိုက်ပါတယ်။ အပြည့်အစုံ BBG အသံလွှင့်ဘုတ်အဖွဲ့ဝင်သစ် အိုဘားမားအဆိုပြုမည် အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက သံအမတ်ဟောင်း Ryan Crocker ကို အမေရိကန်နိုင်ငံရဲ့ BBG အသံလွှင့်ဘုတ်အဖွဲ့ရဲ့ အကြီးအကဲအဖြစ် အဆိုပြုမယ်လို့ ကြေငြာလိုက်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံက မီးတွင်းမိခင်တွေရဲ့ အခြေအနေ "ကျေးလက်ဒေသက အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ကို အပ်နှံမှုမရှိတဲ့အတွက် ကိုယ်ဝန်ဆောင်စဉ် ကာလမှာ မိခင်ရဲ့ကျန်းမာရေး၊ ကလေးရဲ့ကျန်းမာရေး အနေအထားကို ဘယ်လိုရှိတယ်ဆိုတာ မသိကြဘူး။ မသိတဲ့အချိန်မှာ ကလေးမွေးတဲ့အခါကျမှ ကြိုတင်မသိထားတဲ့အတွက် မျှော်မှန်းမထားတဲ့ အရေးပေါ် ပြဿနာတွေက မွေးဖွားတဲ့အခါမှာ ပေါ်လာတတ်ကြပါတယ်။ အထူးသဖြင့် မွေးဖွားစဉ်မှာ" အပြည့်အစုံ မနှစ်က ရခိုင်ပြည်နယ်တွင်း လူပေါင်း ၁၉၂ ယောက်သေဆုံး၊ ၂၆၅ ယောက် ဒဏ်ရာရ၊ နေအိမ်ပေါင်း ၈,၆၀၀ ကျော် ဖျက်ဆီးခံခဲ့ ရပြီးတော့ ခန့်မှန်းခြေ လူပေါင်း ၁၀၀,၀၀၀ အိုးအိမ်စွန့် ထွက်ပြေး ခဲ့ကြရတယ်လို့ စုံစမ်းရေး ကော်မရှင်ရဲ့ ဧပြီလ ၂၂ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ လူမှုအ၀န်းအ၀ိုင်းနှစ်ခုကြား ပဋိပက္ခတွေဖြစ်ခဲ့ပြီးတဲ့နောက် ပုံမှန် အခြေအနေပြန်ရောက်ဖို့ အချိန်ယူရမှာဖြစ်သလို နိုင်ငံသားဖြစ်မှုမှာလည်း တည်ဆဲ ဥပဒေတွေနဲ့အညီ လိုက်နာရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဥပဒေကိုသာ မှန်ကန်စွာနဲ့ လိုက်နာခဲ့မယ်ဆိုရင် ပြဿနာတွေကို တားဆီး နိုင်ခဲ့မှာဖြစ်ပြီး ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေနဲ့ တခြားတာဝန်ရှိသူ တွေကြား မသမာမှုတွေရှိတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကို VOA ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မဟာဆန်မုန်တိုင်း ရခိုင်မြောက်ပိုင်း ၀င်ရောက်နိုင်ဖွယ်ရှိ
အိန္ဒိယ သမုဒ္ဒရာထဲမှာ မုန်တိုင်းအားပြင်း
တရုတ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ၂၇ ဦး သေဆုံး
FA ဖလား Wigan အသင်းအနိုင်ရ
ပါကစ္စတန်ဝန်ကြီးချုပ် သူ့ပါတီ နိုင်ကြာင်း ကြေညာ
BBG အသံလွှင့်ဘုတ်အဖွဲ့ဝင်သစ် အိုဘားမားအဆိုပြုမည်
မြန်မာနိုင်ငံက မီးတွင်းမိခင်တွေရဲ့ အခြေအနေ
No comments:
Post a Comment