ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မေလ ၀၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင် "၄ အင်းကတော့ ကယ်ဆယ်တော့ လုံးဝ လွတ်တယ်ပေါ့နော်။ ကျန်တဲ့အင်းတွေ ကတော့ အဲ့လိုမျိုး နွံတွေ၊ သဲတွေ အကုန်ပြည့်သွားတယ်ဆိုတော့ အဲ့ဒီအချိန်မှာ အကုန်လုံး အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီအင်းထဲမှာရှိတဲ့သူ အကုန်လုံးကတော့ လစ်မှာပဲဗျ။ အဲ့လိုမျိုး။" အပြည့်အစုံ မဲခေါင်သစ်တောပြုန်းတီးမှု WWF စိုးရိမ် "မြန်မာနိုင်ငံမှာ တနိုင်ငံလုံး သစ်တောပမာဏရဲ့ ၂၄ ရာခိုင်နှုန်း ပြုန်းတီးသွားပြီလို့ အစီရင်ခံစာက ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ သစ်ခိုးထုတ်သူတွေကို ပြတ်ပြတ် သားသား အရေးယူတာမျိုး မရှိသလို၊ မြေသိမ်း၊ ယာသိမ်းပြီး အဲ့ဒီလို သိမ်းဆည်းထား တဲ့ မြေတွေမှာ သစ်ပင် ပြန်ပြီး စိုက်ပျိုးတာတွေ မရှိတာကလည်း သစ်တောတွေ ပြုန်း တီးရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ပါတယ်လို့" အပြည့်အစုံ ရခိုင်ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းသွားဖို့ သမ္မတဦးသိန်းစိန် ကတိပြု "ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက် တွေထဲက နယ်မြေ တည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့အတွက် အဓိကကျတဲ့ တရားဥပဒေ စိုးမိုးရေး အစီအမံတွေကို ချမှတ်ဆောင်ရွက်ဖို့ ပထမဦး ဆုံး လုပ်ဆောင်မယ်လို့ သမ္မတက ပြောပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး...." အပြည့်အစုံ လုံခြုံရေးစိုးရိမ်မှုကြောင့် Aerosmith အင်ဒိုနီးရှားပွဲစဉ်ပျက် "အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို ရည်ရွယ်ပြီး ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတာကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးအရေးယူခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံမှာ ဖျော်ဖြေဖို့ ပြင်ဆင်ထားတဲ့ Aerosmith အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေ ပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ တေးဂီတဖျော်ဖြေပွဲကိစ္စ တိုက်ရိုက် ဆက်နွယ်မှု ရှိ မရှိ ဆိုတာကတော့ မသဲကွဲပါဘူး" အပြည့်အစုံ မဒေးကျွန်းဆန္ဒပြပွဲ ဦးဆောင်သူတွေ တရားစွဲဆိုခံရ "ကျနော်တို့ဒေသမှာ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ စီးပွားရေးလုပ်ငန်းတွေ လာလုပ်တယ်။ ဒေသခံတွေကျတော့ အကျိုးမရှိတဲ့အပြင် ဒေသခံတွေဘက်က အကျိုးယုတ်တယ်။ အဲ့ဒီကိစ္စကို နိုင်ငံတော် သမ္မတကြီးထံကို ဒေသခံတွေရဲ့ ခံစားချက်တွေကို သိရှိစေချင်တယ်။ ကျနော်တို့ဘက်က ဒီလို မလုပ်လို့ရှိရင်လည်း ကျနော်တို့ဘက်က ကူညီဖြေရှင်းပေးနိုင်တဲ့သူ မရှိဘူး" အပြည့်အစုံ NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ချစ်ကြည်ရေး ခရီးသွားရောက်မည် “ကျနော်တို့ဆီက ၁၂ ယောက်ဖိတ်ပါတယ်။ အခုဟာက ကွန်မြူနစ်ပါတီက ဖိတ်တာပါ။ သူ့ကန့်သတ်ချက်က အသက် ၆၀ အောက် ဗဟိုကော်မတီဝင်များ ဆိုပြီးတော့ ဖိတ်ပါတယ်။" အပြည့်အစုံ တောင်ကိုရီးယားသမ္မတနဲ့ အိုဘားမား တွေ့ဆုံမည် "အင်္ဂါနေ့မှာ တောင်ကိုရီးယား သမ္မတ Park Geun-hye ဟာ အမေရိကန်သမ္မတ Barack Obama နဲ့ သမ္မတအိမ်ဖြူတော်မှာ နှစ်ဘက် ထိပ်သီးဆွေးနွေးပွဲ လုပ်ဖို့ ရှိပါတယ်။ မြောက်ကိုရီးယားကိစ္စအပေါ် ဘယ်လို ပူးပေါင်းကိုင်တွယ်ကြမလဲဆိုတာ ကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်" အပြည့်အစုံ ဆီးရီးယား ဓာတုလက်နက်အသုံးပြုမှု သက်သေ ကုလ မတွေ့ "ဆီးရီးယား ပြည်တွင်းစစ်အတွင်းမှာ အစိုးရဘက်ကရော သူပုန်ဘက်ကပါ ဓာတု လက်နက် အသုံးပြုတယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရဘူးဆိုပြီး ဆီးရီးယားနိုင်ငံတွင်း စစ်ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂကော်မရှင်က ပြောပါတယ်" အပြည့်အစုံ ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲ ၂၀ ယောက်သေ "ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့တော်မှာ ဘာသာရေးစော်ကားမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား တနင်္ဂနွေနေ့ည တညလုံး အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ လူအနည်းဆုံး ၂၀ ယောက် သေဆုံးကာ ရာနဲ့ချီပြီးတော့ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ရဲက ရာဘာကျည်တွေနဲ့ ပြန်ပြီးတော့ ပစ်ခတ်ခဲ့ပါတယ်" အပြည့်အစုံ ဆီးရီယားနိုင်ငံတွင်း အစ္စရေးလေကြောင်းတိုက်ခိုက် ဆီးရီးယားမြို့တော်အပြင်ဘက်မှာရှိတဲ့ စစ်တပ်ပစ်မှတ်တွေကို အစ္စရေးစစ်လေယာဉ်တွေက တနင်္ဂနွေနေု့က ဗုံးကျဲခဲ့တယ်လို့ ထောက်လှမ်းရေး တာဝန်ရှိသူတွေကပြောပါတယ်။ အပြည့်အစုံ မလေးရှားအာဏာရပါတီ ရွေးကောက်ပွဲအနိုင်ရ မလေးရှားနိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ညွှန့်ပေါင်းအစိုးရကပဲ အနိုင်ရရှိသွားပါတယ်။ အပြည့်အစုံ ရခိုင်ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်၊ အင်ဒိုနီးရှားနိုင်ငံမှာ ဖျော်ဖြေဖို့ ပြင်ဆင်ထားတဲ့ အမေရိကန် Aerosmith ရော်ခ် တေးဂီတဖျော်ဖြေပွဲ အစီအစဉ်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ဖျက်သိမ်း...စသည် အပြည့်အစုံ Sweat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ မေ ၆၊ ၂၀၁၃ - ဒီတပတ် no sweat, in a cold sweat, နဲ့ don’t sweat the small stuff စတဲ့ အသုံးအနှုန်းများကို တင်ပြထားပါတယ်။ အပြည့်အစုံ အမေရိကန်ရဲ့ အာရှ ပစိဖိတ် ဒေသ အတွင်း နိုင်ငံရေး စီးပွားရေး ဆက်ဆံမှု တိုးမြှင့်လုပ်ဆောင်လာတာဟာ တရုတ်ကို ခြိမ်းခြောက်ဖို့ မဟုတ်တဲ့ အကြောင်း အမေရိကန်က ပြောဆိုပါတယ်။ မခွာညို တင်ပြထားတာကို ရှုစားကြပါ။ အပြည့်အစုံ မလေးရှားရွေးကောက်ပွဲမှာတော့ လက်ရှိ အာဏာရ ပါတီက အနိုင်ရသွားပါတယ်။ တဖက်မှာလည်း အတိုက်အခံတွေက ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကလည်း ရှိနေပြန်ပါတယ်။ ကိုကျော်သိင်္ခက တင်ပြထားပါတယ်ရှင်။ အပြည့်အစုံ ၂၀၁၃ခုနှစ်မေလ ၇ရက်အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အထည်ချုပ်စက်ရုံတွေရှိတဲ့ အဆောက်အဦပြိုကျ မှုကြောင့် သေဆုံးခဲ့တဲ့အရေအတွက်ဟာ ခြောက်ရာကျော်သွားပြီလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ဒီအဖြစ်ဆိုးကြီးကြောင့် တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာရှိတဲ့ အထည်ချုပ် စက်ရုံ တွေရဲ့ ဘေးအန္တရယ်ကင်းမှုအပေါ် အများစုက အာရုံစိုက်လာခဲ့ပါတယ်။ VOA သတင်းထောက် Deborah Block ပေးပို့ထားတဲ့ သတင်းအပြည့်အစုံကို မမေစန္ဒီကပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်
မဲခေါင်သစ်တောပြုန်းတီးမှု WWF စိုးရိမ်
ရခိုင်ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းသွားဖို့ သမ္မတဦးသိန်းစိန် ကတိပြု
လုံခြုံရေးစိုးရိမ်မှုကြောင့် Aerosmith အင်ဒိုနီးရှားပွဲစဉ်ပျက်
မဒေးကျွန်းဆန္ဒပြပွဲ ဦးဆောင်သူတွေ တရားစွဲဆိုခံရ
NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ချစ်ကြည်ရေး ခရီးသွားရောက်မည်
တောင်ကိုရီးယားသမ္မတနဲ့ အိုဘားမား တွေ့ဆုံမည်
ဆီးရီးယား ဓာတုလက်နက်အသုံးပြုမှု သက်သေ ကုလ မတွေ့
ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲ ၂၀ ယောက်သေ
ဆီးရီယားနိုင်ငံတွင်း အစ္စရေးလေကြောင်းတိုက်ခိုက်
မလေးရှားအာဏာရပါတီ ရွေးကောက်ပွဲအနိုင်ရ
Sweat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
VOA60 World
VOA60 World
No comments:
Post a Comment