Friday, May 10, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မေလ ၁၀၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မေလ ၁၀၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းတင်သွင်းမည် လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းတင်သွင်းမည်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်း တရပ်ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အပြည့်အစုံ
 
အာရှ (၆) နိုင်ငံ မူးယစ်တိုက်ဖျက်ရေးညီလာခံ နေပြည်တော်မှာကျင်းပ အာရှ (၆) နိုင်ငံ မူးယစ်တိုက်ဖျက်ရေးညီလာခံ နေပြည်တော်မှာကျင်းပ
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေကြား နယ်စပ် လုံခြုံရေးကို ပိုမိုတင်းကြပ်ဖို့ မြန်မာနိုင်ငံအပါအဝင် အာရှ ၆ နိုင်ငံက သဘောတူခဲ့ကြပါတယ် အပြည့်အစုံ
 
ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး
မြန်မာအစိုးရတပ်နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ တပ်ဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အတွက် ရာချီတဲ့ ဒေသခံတွေ တရုတ်ပြည်ဘက်ကို စစ်ပြေးဒုက္ခသည်တွေအဖြစ် တိမ်းရှောင်နေကြရပါတယ်။ အပြည့်အစုံ
 
အင်ဒို စစ်သွေးကြွ ၄ ဦး ထပ်မံသေဆုံး အင်ဒို စစ်သွေးကြွ ၄ ဦး ထပ်မံသေဆုံး
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားခရိုင် အလယ်ပိုင်းမှာ နောက်ဆုံးဖြစ်ခဲ့တဲ့ စီးနင်းမှုအတွင်းမှာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့တွေရဲ့လက်ချက်နဲ့ စစ်သွေးကြွတွေလို့ သံသယရှိသူ ၄ ယောက် ထပ်မံသေဆုံးခဲ့ပါတယ်။ အပြည့်အစုံ
 
မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမား တိုက်တွန်း မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမား တိုက်တွန်း
"မြောက်ကိုရီးယားအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေက အဖြစ်အပျက် အခြေအနေတွေကို အတုယူသင့်တယ်ဆိုတာကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အခုဆိုရင် အမေရိကန်နဲ့ တောင် ကိုရီးယားနိုင်ငံအပါအ၀င် နိုင်ငံတကာနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သံတမန်ရေး ဆက်ဆံမှုတွေ ပိုပြီး တိုးလုပ်လာနေပါပြီ။" အပြည့်အစုံ
 
နိုင်ငံတကာ

မန်ယူ နည်းပြသစ် ရွေးချယ် မန်ယူ နည်းပြသစ် ရွေးချယ်
လက်ရှိ အဲဗာတန်အသင်းရဲ့ နည်းပြ David Moyes ကို မန်ချက်စတာ ယူနိုက်တက်အသင်းက နည်းပြသစ်အဖြစ်နဲ့ ရွေးချယ် လိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ
 
 ပါကစ္စတန် ဝန်ကြီးချူပ်ဟောင်း သား ပြန်ပေးဆွဲခံရ ပါကစ္စတန် ဝန်ကြီးချူပ်ဟောင်း သား ပြန်ပေးဆွဲခံရ
ပါကစ္စတန် နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ ၀န်ကြီးချုပ်ဟောင်း Yousuf Raza Gilani ရဲ့ သားကို သေနတ်သမားတွေက ပြန်ပေးဆွဲသွားပါတယ်။ အပြည့်အစုံ
 
WTO အကြီးအကဲသစ်အဖြစ် ဘရာဇီးသံအမတ်ကိုခန့် WTO အကြီးအကဲသစ်အဖြစ် ဘရာဇီးသံအမတ်ကိုခန့်
"ပထမဆုံး လက်တင် အမေရိကတိုက်သား တစ်ယောက်အဖြစ် WTO အကြီးအကဲကို ရွေးချယ်လိုက်တာဖြစ်ပြီး၊ စက်တင်ဘာလမှာ လက်ရှိအကြီးအကဲ Pascal Lamy ဆီကနေ ရာထူးတာဝန်ကို လွှဲပြောင်းယူရမှာ ဖြစ်ပါတယ်" အပြည့်အစုံ
 
Benghazi အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု စစ်ကူတောင်းပေမဲ့ မရခဲ့ Benghazi အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု စစ်ကူတောင်းပေမဲ့ မရခဲ့
"လစ်ဗျားနိုင်ငံ Benghazi မြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရစဉ်အတွင်း သူ့အနေနဲ့ စစ်ရေး အထောက်အကူရဖို့ ကြိုးစားခဲ့တယ်လို့ အဲ့ဒီအချိန်က ကောင်စစ်ဝန် ရုံးမှာ ဒုတိယအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ Gregory Hicks ပြောလိုက်ပါတယ်" အပြည့်အစုံ
 
မြောက်ကိုရီးယားခြိမ်းခြောက်မှု အောင်မြင်မည်မဟုတ် သမ္မတ Park ပြောကြား မြောက်ကိုရီးယားခြိမ်းခြောက်မှု အောင်မြင်မည်မဟုတ် သမ္မတ Park ပြောကြား
"နျူကလီးယားလက်နက် ကင်းရှင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ အမေရိကန်သမ္မတ Barack Obama ရဲ့အမြင်ကို ကိုရီးယားကျွန်းဆွယ်ကနေ စရမယ်လို့ တောင်ကိုရီးယားသမ္မတ Park Geun-hye က ပြောလိုက်ပါတယ်" အပြည့်အစုံ
 
ကျန်းမာရေး

 သွေးတိုးရောဂါ ကာကွယ်ရေး သွေးတိုးရောဂါ ကာကွယ်ရေး
မေ ၈၊ ၂၀၁၃။ ။ ။ သွေးတိုးရောဂါ မဖြစ်ခင် ကာကွယ်နိုင်ဖို့နဲ့ ဖြစ်လာခဲ့ရင် ပိုမဆိုးသွားအောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ။ အပြည့်အစုံ
 
စီးပွားရေး

အာဖရိကနိုင်ငံတွေက လူနေမှုဘဝများ အာဖရိကနိုင်ငံတွေက လူနေမှုဘဝများ
အာဖရိကနိုင်ငံတွေအတွင်း အာဏာရှိသူတွေ အမှီပြုတဲ့ လူချမ်းသာတွေနဲ့ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားသူတွေကြားက လူထုအကျိုးစီးပွားအပေါ် မျှဝေခံစားပုံခြင်း မတူညီမှုတွေကို ယှဉ်ပြ တင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ဘာသာရေး ပဋိပက္ခ တားမြစ်ထိန်းချုပ်ရေး ဘာသာရေး ပဋိပက္ခ တားမြစ်ထိန်းချုပ်ရေး
မေ ၈၊ ၂၀၁၃ - ပြုပြင်ပြောင်းလဲရေးကာလအတွင်း ဘာသာရေး၊ လူမှုရေး ပဋိပက္ခတွေကို တာဝန်ရှိရှိ ကိုင်တွယ်ဖြေရှင်းသွားဖို့ သုံးသပ်ဆွေးနွေးထား ... အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ ၀၅-၁၀-၂၀၁၃ နေ့ စဉ်တီဗွီသတင်းလွှာ ၀၅-၁၀-၂၀၁၃
အင်ဒိုနီးရှား နိုင်ငံ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေကို လိုက်လံဖမ်းဆီးရင်း ဂျာဗားကျွန်းမှာ အကြမ်းဖက်သမားလို့ မသင်္ကာသူတွေ ခိုအောင်းနေတဲ့နေရာကို ရဲတွေက စီးနင်းပြီး ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွား၊ တောင်ပိုင်း ရှမ်းပြည် တပ်မတော်ခေါ် ရှမ်းပြည် ပြန်လည် တည်ထောင်ရေးကောင်စီ တပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာအစိုးရတပ်တွေ ၀င်ရောက်တိုက်ခိုက်၊ သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး စာအုပ်ကို ရေးသားသူ ထက်အောင်ကျော်ရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ချက်....စသည် အပြည့်အစုံ
 
နေ့ စဉ်တီဗွီသတင်းလွှာ (၀၅.၀၉ .၁၃) နေ့ စဉ်တီဗွီသတင်းလွှာ (၀၅.၀၉ .၁၃)
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အတွင်း ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေ အကြီးအကျယ် ရှိခဲ့ပြီး စိုးရိမ်ရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်၊ တောင်ကိုရီးယား သမ္မတ Park Geun-hye ရဲ့ အမေရိကန် ပြည်ထောင်စုခရီးစဉ်အကြောင်း...စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

သောကြာနေ့ မြန်မာတီဗွီသတင်းများ သောကြာနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ခုနှစ်မေလ၁၀ရက်သောကြာနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
သူပုန်ကျောင်းသားတဦးရဲ့ သုံးသပ်ချက် သူပုန်ကျောင်းသားတဦးရဲ့ သုံးသပ်ချက်
မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့တဲ့ သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး စာအုပ်ကို ရေးသားသူ ABSDF ဗဟိုကော်မတီဝင်ဟောင်း၊ သတင်းသမား ထက်အောင်ကျော်က မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲတွေဟာ စစ်အစိုးရ သွားတဲ့ လမ်းကြောင်းကို အတိုက်အခံတွေက လိုက်နေရတဲ့ ဖြစ်စဉ်တခုလို သုံးသပ်ပါတယ်။ သူမြန်မာနို်င်ငံကို ပြန်လာတဲ့ ခရီးစဉ်ဟာ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ခရီးစဉ်တခု မဟုတ်ဘူးလို့လည်း ၀န်ခံပါတယ်။ ကိုထက်အောင်ကျော်ကို ကိုကျော်ကျော်သိန်းက ရန်ကုန် VOA ရုံးမှာ တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
ပါကစ္စတန်ရွေးကောက်ပွဲနဲ့ အမျိုးသမီးမဲ ပါကစ္စတန်ရွေးကောက်ပွဲနဲ့ အမျိုးသမီးမဲ
ပါကစ္စတန်နိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ တ၀က်ခန့်ဟာ အမျိုးသမီးတွေဖြစ်ကြပေမဲ့ အနောက်တောင်ပိုင်းမှာရှိတဲ့ ဘလူချီစတန် ဒေသမှာတော့ ရွေးကောက်ပွဲအတွင်း အမျိုးသမီးပါဝင်ယှဉ်ပြိုင်နိုင်ဝင်မှုဟာ အရင်ခေတ်တွေကတည်းက နည်းခဲ့ပါတယ်။ ဒါပေမဲ့လည်း လာမယ့် မေလ ၁၁ ရက်နေ့မှာ ကျရောက်မယ့် ရွေးကောက်ပွဲမှာ ဒီအခြေအနေကို ပြောင်းပစ်ဖို့ ပါကစ္စတန်အမျိုးသမီးတွေက အားခဲထားကြပါတယ်။ ဗွီအိုအေသတင်းထောက် Sharon Behn ပေးပို့တဲ့ သတင်းအပြည့်အစုံကို မမေစန္ဒီ ပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ
 
ဘန်ဂါဇီတိုက်ခိုက်မှုအပေါ် လုံခြုံရေး ကြားနာပွဲ ဘန်ဂါဇီတိုက်ခိုက်မှုအပေါ် လုံခြုံရေး ကြားနာပွဲ
ပြီးခဲ့တဲ့နှစ်က လစ်ဗျားနိုင်ငံ ဘန်ဂါဇီမှာရှိတဲ့ အမေရိကန်သံရုံး ဗုံးဖေါက်ခွဲ တိုက်ခိုက်မှုနဲ့ ပါတ်သတ်ပြီး သံရုံးလုံခြုံရေး အစီအစဉ်အပေါ် အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှုထက် ဆန္ဒပြပွဲ တခုသဘောမျိုး သမ္မတအိုဘားမား အစိုးရက အစက သတ်မှတ်ခဲ့တဲ့အပေါ်မှာလည်း အံသြမိတယ်လို့ ဆိုပါတယ်။ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ်စတိုဖာ စတီဗင် အပါအ၀င် အမေရိကန် ၄ ဦး သေဆုံးခဲ့တဲ့ ဒီတိုက်ခိုက်မှုနဲ့  ပါတ်သတ်ပြီး အခုနောက်ဆုံး အောက်လွှတ်တော်မှာ ကျင်းပတဲ့ စုံစမ်းစစ်ဆေးရေး ကြားနာပွဲကို နိုင်ငံခြားရေးဌာနက တာဝန်ရှိသူ ၃ ဦး တက်ရောက်ပြီး အစစ်ဆေးခံခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Michael Boman သတင်းပေးပို့ ထားတာကို ကိုအောင်အောင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ဂွါတာနာမို အစာငတ်ခံ ဆန္ဒပြမှု ဂွါတာနာမို အစာငတ်ခံ ဆန္ဒပြမှု
အတင်းအဓမ္မ အစာကျွေးမှု အပါအ၀င် အကန့်အသတ်မရှိ ထိန်းသိမ်းခံနေရတာတွေ အပေါ် ဂွါတာနာမိုက အကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။ အပြည့်အစုံ
 
ကယ်လီဖိုးနီးယား ခလေးဈေးသယ်များ ကယ်လီဖိုးနီးယား ခလေးဈေးသယ်များ
ကာလီဖိုးနီးယားပြည်နယ် Pasadena မြို့မှာ အသက် ၅ နှစ်အရွယ်ဝန်းကျင်ရှိတဲ့ ကလေးငယ်တွေဟာ ကိုယ်ပိုင်စီးပွားရေးကို ဘယ်လိုလုပ်ရသလဲ ဆိုတဲ့ နည်းကို ဒီအရွယ် မှာကတည်းက စပြီးလေ့လာသင်ယူနေကြပါပြီ။ ကလေးဈေးသည်လေးတွေဟာ ကစားစရာအဟောင်းတွေကအစ၊ အ၀တ်အထည်အဆုံး အကုန်ရောင်းချနေကြတာပါ။ ပြီး တော့ သူတို့ကိုယ်တိုင်ဖန်တီးတဲ့ လက်ဖြစ်ပစ္စည်းလေးတွေကိုလည်း ရောင်းကြပါသေးတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Elizabeth Lee ၊ Pasdadena မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
တောင်ကိုရီးယား အမေရိကန် ပူးတွဲရပ်တည် တောင်ကိုရီးယား အမေရိကန် ပူးတွဲရပ်တည်
မြောက်ကိုရီးယား အစိုးရရဲ့ ရန်စတဲ့ လုပ်ရပ်တွေနဲ့ ပါတ်သက်ပြီး နိုင်ငံတကာက လက်မခံနိုင်ကြောင်း တညီတညွတ်တည်း တုန့်ပြန်ဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ Park Geun-hye က သမ္မတ အိုဘားမားနဲ့ တွေ့ဆုံအပြီး ပြောဆိုပါတယ်။ မနေ့ကလည်း သမ္မတ Park Geun-hye ဟာ အမေရိကန် လွှတ်တော်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုအောင်အောင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း
အင်ဒို မြန်မာသံရုံး ဗုံးခွဲဖို့ ကြံစည်သူလို့ သံသယရှိသူတွေကို ရဲက ၀င်ရောက်စီးနင်း၊ မြန်မာ့ ဘာသာရေး လွတ်လပ်ခွင့်အပေါ် ဝေဖန်ချက်၊ မြန်မာနိုင်ငံတွင်းက ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလာမား ဝေဖန်၊ ရင်းနှီးမြှုပ်နှံမှုတွေကို လွယ်ကူစေဖို့ မြန်မာ အစိုးရ စီစဉ် စတာတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
သူပုန်ကျောင်းသားတဦး၏ ရည်မှန်းချက် သူပုန်ကျောင်းသားတဦး၏ ရည်မှန်းချက်
၁၉၈၈ ခုနှစ် နောက်ပိုင်း နယ်စပ်ဒေသတွေမှာ ကျဆုံးသွားတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက အဖွဲ့ဝင် ငါးရာကျော်လောက် ရှိတဲ့အကြောင်း သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး စာအုပ်ကို ရေးသားသူ ABSDF အဖွဲ့ဝင် ထက်အောင်ကျော် ခေါ် ကိုဝင်းထိန်က ပြောပါ တယ်။ ဒီကျောင်းသားတွေရဲ့ သမိုင်းမပျောက်ပျက်အောင် သူ စာအုပ်ရေးသားခဲ့တာလို့ ဆိုပါတယ်။ ထက်အောင်ကျော်ကို ရန်ကုန်မြို့ VOA ရုံးမှာ VOA ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း က တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment