ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၃၁၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
ကျန်းမာရေးအာမခံ Website ပီပြင်ရေး အိုဘားမား တာဝန်ယူ "ကျန်းမာရေးအာမခံကို ၀ယ်ယူဖို့ လူအများက အဲဒီဝဘ်ဆိုက်ကို သွားရောက် ကြည့်ရှုတဲ့အတွက် ၀ဘ်ဆိုက်ဟာ အရမ်းနှေးသွားခဲ့တဲ့အကြောင်း သမ္မတက မနေ့က ဘော်စတွန်မြို့မှာ ပြောသွားခဲ့တာပါ။ သူ့အနေနဲ့ အခုလို ဖြစ်ရတဲ့အတွက် စိတ်မကောင်းကြောင်းနဲ့ ဒီအတွက်" အပြည့်အစုံ ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး အလှမ်းဝေးဆဲ "ကျနော်တို့ ဒီ IDP တွေရဲ့ စိတ်နေသဘောထားကို အသေးစိတ် နားလည်တယ်။ စစ်တပ်တွေက ကျေးရွာတွေမှာ တနေ့ထက်တနေ့ များလာတော့ IDP တွေက ဘယ်လိုမှ ပြန်ဖို့ စိတ်ထဲမှာ ဆုံးဖြတ်ချက် မချနိုင်ဘူး။ ကျနော်တို့က အဲ့ဒါကို စိုးရိမ်ပြီးမှ...." အပြည့်အစုံ မြန်မာ့ရဲတပ်ဖွဲ့ ခေတ်မီရေး EU ကူမည် "ဒီစီမံကိန်းအတွက် အရင်ဦးဆုံးတော့ ရဲအရာရှိ ၃၀ နဲ့ ၄၀ ကြားကို ရွေးချယ်မှာပါ။ အဲဒီကနေ သူတို့ကို သင်တန်းတွေပေးမှာပါ။ ဒေါသထွက်နေတဲ့ ဆန္ဒပြနေသူတွေအကြား ရဲတွေအနေနဲ့ ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာမျိုးပါ။ ဒါ့အပြင် ရဲတွေရဲ့ အ၀တ်အစား၊ အသုံးပြုတဲ့ ပစ္စည်းတွေက အစ" အပြည့်အစုံ ကာတွန်းဦးအောင်ရှိန်ကွယ်လွန် "ကျနော်တို့က ဒီ ဗမာပြည်မှာဆိုရင် ဆရာကြီး ဦးအောင်ရှိန်ကို ဗမာပြည်က World Disney လို့တောင် ပြောကြတာကိုး။ ဆရာ့ရဲ့ အဆိုအမိန့်လေး ဒီစာအုပ်ထဲမှာ တွေ့တာကတော့ ကာတွန်းဆွဲတဲ့အခါမှာ အကျိုးမပြုနိုင်ရင်တောင် အကျိုးမယုတ်စေဖို့ပါပဲတဲ့။" အပြည့်အစုံ လိုင်ဇာတိုင်းရင်းသားဆွေးနွေးပွဲ သမ္မတဦးသိန်းစိန်သ၀ဏ်လွှာပို့ "ဒီသ၀ဏ်လွှာအရဆိုရင် သမ္မတကြီးကလည်း ဒီဆွေးနွေးပွဲရလဒ်ဟာ ပထမဆုံးကတော့ အပစ်အခတ်ရပ်စဲရေးဖြစ်လာမယ်။ အပစ်အခတ်ရပ်စဲရေးမှ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ် လာမယ်။ နိုင်ငံရေး ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးရလာလိမ့်မယ်လို့ သူ မျှော်လင့်တယ်။" အပြည့်အစုံ အမေရိကန် မြန်မာ စစ်ဘက်ဆက်ဆံရေး သတိနှင့်တိုးမြှင့်ဖို့ HRW တိုက်တွန်း "ဆက်ဆံရေး အလျှင်အမြန်လုပ်မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ မြန်မာ စစ်တပ် ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်မှာမဟုတ်သလို၊ စစ်တပ်က အရပ်သားအစိုးရအပေါ် လွှမ်းမိုးမှု ဆက်ပြီး ရှိနေဦးမှာပါ။ လူတွေကိုနှိပ်စက်တဲ့ စစ်တပ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံတယ်ဆိုတာပဲ ကျန်ပါလိမ့်မယ်" အပြည့်အစုံ အမေရိကန်ထောက်လှမ်းရေးဌာန Google နဲ့ Yahoo လျှို့ဝှက်အသုံးချ "ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။" အပြည့်အစုံ အိန္ဒိယယာဉ်တိုက်မှု လူ ၄၀ မက သေဆုံး "ယာဉ်မောင်းသူနဲ့ နောက်ထပ် တခြား ၅ ယောက်ကတော့ ပြတင်းပေါက်တွေကနေ ထွက်ပြေး လွတ်မြောက်ခဲ့ကြတာပါ။ အချိန်မီ ထွက်မပြေးနိုင်ဘဲ သေဆုံးခဲ့ကြတဲ့ တခြားခရီးသည်တွေကတော့ မတော်တဆမှု ဖြစ်ပွားချိန်မှာ အိပ်ပျော်နေပုံရတယ်လို့ လည်း ဒေသခံသတင်းတွေက ဖော်ပြပါတယ်။" အပြည့်အစုံ တီယန်နန်မင် အကြမ်းဖက်တိုက်ခိုက်မှု ၅ ယောက်ဖမ်း "တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က နာမည်ကျော် Tiananmen ရင်ပြင်မှာ အင်္ဂါနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ရည်ညွှန်းပြီး၊ ဆက်နွယ်သူတွေအဖြစ် သံသယရှိသူ လူ ၅ ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။" အပြည့်အစုံ ပြင်ဆင်ရေးဆွဲဖို့ ခက်ခဲနေတဲ့ အခြေခံဥပဒေ အောက်တိုဘာ ၃၀၊ ၂၀၁၃ - မြန်မာနိုင်ငံရဲ့လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ့် ဒီမိုကရေစီနှင့် ကိုက်ညီအောင် ပြုပြင်မယ့်အရေးကို စစ်တပ်က လက်ခံမလား။ အပြည့်အစုံ KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ဌာနချုပ်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံ ညီလာခံနဲ့ သမ္မတဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာ၊ Tiananmen ရင်ပြင်မှာ တနင်္လာနေ့က လူငါးဦးသေဆုံးခဲ့ရတဲ့ ကားတိုက်မှုနဲ့ ပတ်သက်ပြီး တရုပ်အာဏာပိုင်တွေရဲ့ ကြေညချက်နဲ့ တုန့်ပြန်ချက်တွေ၊ မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေကို စုံစမ်းထောက်လှမ်းနေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ မမှန်တဲ့အကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး NSA ငြင်းဆိုလိုက်တဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဘေဂျင်းမြို့တော်က တီရန်နန်ရင်ပြင်မှာ တနင်္လာနေ့က လူငါးဦးသေဆုံးခဲ့ရတဲ့ ကားတိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် တရုတ်အာဏာပိုင်တွေက ယုံကြည်နေပါတယ်။ ဒီတိုက်ခိုက်မှုဟာ တရုတ်ပြည် အနောက်ပိုင်း Xinjiang ဒေသမှာ မတည်မငြိမ်ဖြစ်အောင်လုပ်နေတဲ့ ၀ီဂါလူနည်းစုတိုင်းရင်းသားအုပ်စုရဲ့ အဖွဲ့ဝင်တွေမှာ တာဝန်ရှိတယ်လို့ တရုတ်အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ ပြည်ပအခြေစိုက် ၀ီဂါ အတိုက်အခံအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီစွတ်စွဲချက်ဟာ အချိန်မတန်သေးတဲ့ စွတ်စွဲချက်ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဗီအိုအေသတင်းထောက် Michael Lipin ရဲ့ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်ကပြောပြပေးပါမှာ။ အပြည့်အစုံ မြန်မာနိုင်ငံ နေပြည်တော်မှာ ၂၇ ကြိမ်မြောက် ပထမဆုံး အိမ်ရှင်အဖြစ် ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Game ကျင်းပဖို့ ပြင်ဆင်နေပါပြီ၊ မြန်မာ အားကစားသမားတွေက အရင်ကပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာထက် ဆုတံဆိပ်တွေ ပိုရပြီး အောင်မြင်မှုရမယ်လို့ မျှော်လင့်ပြီး အားတက်နေကြပါတယ်။ မမေစန္ဒီက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံရဲ့ သုံးရက်ကြာ ညီလာခံကို KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမှာ မနေ့က စတင်ကျင်းပပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်နဲ့ သဘောတူညီချက်တွေဟာ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်အောင် အထောက်အကူ ပြုမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ လိုင်ဇာမှာရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က အခုလို သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အောင်မြင်ဖို့ဆိုရင် အုပ်ချုပ်ရေး နဲ့ ဥပဒေ ပြုရေးပိုင်း ကဏ္ဍတွေမှာ ကျား-မ တန်းတူ ညီမျှမှု အခွင့်အရေး ရှိဖို့ အရေးကြီးတဲ့ အကြောင်း ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ ဒုတိယအကြိမ် ကျင်းပနေတဲ့ အမျိုးသမီး ဖိုရမ် အတွင်းမှာ ဥပဒေ ပြုရေး ပိုင်းက အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ကပြောပါတယ်။ မနေ့က ပြီးဆုံးသွားတဲ့ အမျိုးသမီး ဖိုရမ်မှာ တက်ရောက်ခဲ့သူတချို့က ညီလခံအတွင်း ဆွေးနွေးချက်တချို့အကြောင်း VOA ကို အခုလို ပြောပါတယ်။ အပြည့်အစုံ KIO ဌာနချုပ် လိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံရဲ့ ညီလာခံကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် မူဘောင်တွေ ချမှတ်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာအစိုးရ သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့ပါတယ်။ ဆွေးနွေးပွဲမှာ တက်ရောက်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးမှာ သဘောကွဲလွဲချက်တွေ သိပ်မရှိဘူးလို့ ဆိုပါတယ်။ မနေ့က ဆွေးနွေးပွဲ ပထမနေ့အပြီး ညီလာခံခန်းမက ထွက်လာတဲ့ ခေါင်းဆောင်တချို့ကို VOA အပါအ၀င် သတင်းဌာနတွေက ဆွေးနွေးပွဲ အခြေအနေ မေးမြန်းခဲ့ပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကျန်းမာရေးအာမခံ Website ပီပြင်ရေး အိုဘားမား တာဝန်ယူ
ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး အလှမ်းဝေးဆဲ
မြန်မာ့ရဲတပ်ဖွဲ့ ခေတ်မီရေး EU ကူမည်
ကာတွန်းဦးအောင်ရှိန်ကွယ်လွန်
လိုင်ဇာတိုင်းရင်းသားဆွေးနွေးပွဲ သမ္မတဦးသိန်းစိန်သ၀ဏ်လွှာပို့
အမေရိကန် မြန်မာ စစ်ဘက်ဆက်ဆံရေး သတိနှင့်တိုးမြှင့်ဖို့ HRW တိုက်တွန်း
အမေရိကန်ထောက်လှမ်းရေးဌာန Google နဲ့ Yahoo လျှို့ဝှက်အသုံးချ
အိန္ဒိယယာဉ်တိုက်မှု လူ ၄၀ မက သေဆုံး
တီယန်နန်မင် အကြမ်းဖက်တိုက်ခိုက်မှု ၅ ယောက်ဖမ်း
ပြင်ဆင်ရေးဆွဲဖို့ ခက်ခဲနေတဲ့ အခြေခံဥပဒေ
ဥရောပမုန်တိုင်း ၁၃ ဦးထက်မနည်း သေဆုံး
စီးပွားရေးလုပ်ကိုင်ဖို့အခြေအနေ ကောင်းမွန်တဲ့နိုင်ငံတွေအနက် မြန်မာအဆင့် ၁၈၂ လိုက်
ကချင်ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ဒေသခံတွေမျှော်လင့်
ဒေါ်စုကို ဂုဏ်ထူးဆောင် Turin မြို့တော်သူဆုချီးမြှင့်
ဥရောပနိုင်ငံသားတွေအပေါ် အမေရိကန် လျှို့ဝှက်ထောက်လှမ်းခြင်းမရှိ NSA အကြီးအကဲထွက်ဆို
Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ
FBI အကြီးအကဲသစ် Obama ခန့်အပ်
VOA60 World
ဒေါ်စု ဒီမိုကရေစီရေးကြိုးပမ်းမှု ပုပ်ရဟန်းမင်းကြီးထောက်ခံ
အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း
အီတလီအစိုးရနဲ့ ဒေါ်စု မြန်မာ့အရေးဆွေးနွေး
ဂုဏ်ထူးဆောင်ရောမမြို့သူဆု ဒေါ်စု လက်ခံယူ
မဟာမိတ်တွေအပေါ် အမေရိကန် လျှို့ဝှက် ထောက်လှမ်းမှု EU ရှုတ်ချ
ကန်ထောက်လှမ်းရေး အစီအစဉ် စပိန်အစိုးရမေးခွန်းထုတ်
တရုတ်နိုင်ငံ Tiananmen ရင်ပြင် မတော်တဆမှု ၅ ဦးသေ
ဂျာမဏီထောက်လှမ်းရေး တာဝန်ရှိသူများ အမေရိကန်လာရောက်
ပါလက်စတိုင်း အကျဉ်းသားများ ဒုတိယသုတ်လွတ်မြောက်