နိုင်ငံတစ်ခုမှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ ဖြူးမြို့နယ် NLD ရုံးသစ်ဖွင့်ပွဲမှာ NLD နာယက ဦးတင်ဦးက ပြောပါတယ်။
အီရန်အရေးကိစ္စကို သံတမန်ရေးနည်းနဲ့ အရေးယူ ပိတ်ဆို့မှု လုပ်ဆောင်ပါလို့ အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန် သမ္မတက ပန်ကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ စစ်တပ်ရဲ့ကဏ္ဍအသီးသီးမှာ အဆင့်အတန်း တိုးမြှင့်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီမိုကရေစီစနစ်မှာ အစိုးရနဲ့ ပြည်သူ အပြန်အလှန် ယုံကြည်လေးစားမှု ရှိရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်က မိန့်ခွန်းမှာ ပြောသွားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ မကြာခင် တွေ့ဆုံဖို့ရှိပါတယ်။
အမေရိကန် သမ္မတအိုဘားမားနဲ့ အစ္စရေး ၀န်ကြီးချုပ် Benjamin Netanyahu တို့ အီရန်အရေးနဲ့ပတ်သက်ပြီး ဒီကနေ့ အိမ်ဖြူတော်မှာ ဆွေးနွေးဖို့ရှိပါတယ်။
တနင်္ဂနွေနေ့က ရုရှားသမ္မတ ရွေးကောက်ပွဲဟာ ၀န်ကြီးချုပ် ပူတင် အနိုင်ရဖို့ တမင်ကျင်းပခဲ့တာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ အကဲခတ်အဖွဲ့က ပြောပါတယ်။
NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး မကောင်းတဲ့ ကြားကပဲ ဒီကနေ့ စစ်ကိုင်းမြို့က လူထုနဲ့ တွေ့ဆုံ ဟောပြောခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ တနင်္ဂနွေနေ့ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဝန်ကြီးချုပ်က အနိုင်ရကြောင်း ကြေညာနေတာမို့ တတိယအကြိမ် သမ္မတဖြစ်လာဖွယ် ရှိနေပါတယ်။
အီရန်နိုင်ငံမှာ လွှတ်တော် ရွေးကောက်ပွဲရလဒ် တချို့ကို ကြေညာလိုက်ပြီဖြစ်သလို အီရန်သမ္မတရဲ့ အတိုက်အခံ ရှေးရိုးစွဲဝါဒီတွေက အနိုင်ရနေပါတယ်။
သတင်း မြန်မာသတင်း နိုင်ငံတကာသတင်း သတင်းသုံးသပ်ချက်
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်
သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်
No comments:
Post a Comment