Thursday, March 15, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ကြားဖြတ်ရွေးကောက်ပွဲအရေး အမေရိကန်ကိုယ်စားလှယ် ဒေါ်စုနဲ့ဆွေးနွေး

အမေရိကန်က မူဝါဒဆိုင်ရာညှိနှိုင်းရေးမှူး Derek Mitchell နဲ့ ဒေါ်စုတို့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲနဲ့ လက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

လုပ်ငန်းရှင်ဦးတေဇသားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု EU ရုပ်သိမ်းမည်

ဦးတေဇရဲ့သား ပြည့်ဖြိုးတေဇအပေါ် ပိတ်ဆို့မှုကို အယူခံခဲ့တာကို EU ရဲ့ အမြင့်ဆုံးတရားရုံးက ရုပ်သိမ်းသင့်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနဲ့ရေပိုင်နက်အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ်နိုင်

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြားက ရေပိုင်နက်အငြင်းပွားမှုမှာ ကုလသမဂ္ဂပင်လယ်ပြင်ဆိုင်ရာ တရားရုံးက ဘင်္ဂလားဒေ့ရှ်ကို အနိုင်ပေးလိုက်ပါတယ်။

အမတ်တွေစွပ်စွဲချက် အီရန်သမ္မတ ပါလီမန်မှာ ဖြေရှင်း

အီရန်နိုင်ငံမှာ ပထမဦးဆုံးအကြိမ် သမ္မတကို မူဝါဒတွေနဲ့ပတ်သက်ပြီး ထွက်ဆိုဖို့ လွှတ်တော်က ဆင့်ခေါ်တာကို သမ္မတ အမာဒီနီဂျက် ရင်ဆိုင်ခဲ့ရပါတယ်။

Iranian President Mahmoud Ahmadinejad answers questions in an open session in parliament in Tehran, March 14, 2012

ကွန်ဂိုသူပုန်ခေါင်းဆောင် ကလေးစစ်သားစုဆောင်းတဲ့ ပြစ်မှုထင်ရှား

ကွန်ဂိုသူပုန်ခေါင်းဆောင် Lubanga နဲ့ အဖွဲ့က ကလေးစစ်သားစုဆောင်းခဲ့တယ်လို့ နိုင်ငံတကာတရားရုံး ICC က ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

Thomas Lubanga awaits ICC verdict in The Hague, Netherlands, March 14, 2012.

အစိုးရဝန်ထမ်းများ အပိုထောက်ပံ့ကြေး ခံစားခွင့်ရ

ဧပြီလ ၁ ရက်နေ့ကစပြီး အစိုးရဝန်ထမ်းတွေ အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ တိုးပေးဖို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

The Voice ရေးသားချက် သတ္ထုတွင်းဝန်ကြီးဌာန အရေးယူမည်

The Voice Weekly ဂျာနယ်ဖော်ပြချက်မှာ မမှန်မကန်ရေးသားမှု ပါဝင်တယ်ဆိုပြီး သတ္ထုတွင်းဝန်ကြီးဌာနက အရေးယူမယ်လို့ အစိုးရသတင်းစာက ဖော်ပြပါတယ်။

တရုတ်နိုင်ငံသားတဦးသတ်ဖြတ်ခံရမှု စုံစမ်းရန် တရုတ်ဖိအားပေး

တရုတ်နိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ခဲ့တဲ့ မြန်မာစစ်သား ၂ ဦးက ဒေသခံလယ်သမားကို ပစ်သတ်ခဲ့တာအရေးယူပေးဖို့ တရုတ်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးပြုပြင်မှုလုပ်ဖို့ တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

အနားယူတော့မယ့် ဝန်ကြီးချုပ်ဝမ်က နိုင်ငံရေးပြုပြင်မှုမလုပ်ရင် ယဉ်ကျေးမှုတော်လှန်ရေးပုံစံ လူထုအုံကြွမှုတွေ ဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။

China's Premier Wen Jiabao gestures as he speaks at a news conference after the closing ceremony of the National People's Congress (NPC) at the Great Hall of the People in Beijing, March 14, 2012.

မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး အပြည့်အ၀ခံစားနိုင်ဖို့ ဒေါ်စု ဆန္ဒပြု

မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ လူ့အခွင့်ရေးတွေကို ရယူ ခံစားနိုင်ခွင့် ရှိရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment