Saturday, March 31, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

၂၀၁၀ ရွေးကောက်ပွဲမျိုးမဖြစ်ဖို့ အရေးကြီးလို့ ကင်တာနားသတိပေး

ဧပြီလတစ်ရက်နေ့ရွေးကောက်ပွဲက ဒီမိုကရေစီရေးပြောင်းလဲမှုအတွက် စမ်းသပ်ချက်တစ်ရပ်လို့ ကုလသမဂ္ဂ၊ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် ကင်တားနားပြော

ဘင်လာဒင်ပုန်းခိုခဲ့ပုံ အငယ်ဆုံးဇနီးဆီကသိရ

ဘင်လာဒင်ရဲ့ အငယ်ဆုံးဇနီးကိုစစ်မေးပြီး ရေးတဲ့အစီရင်ခံစာမှာ အမေရိကန်ကို တိုက်ခိုက်ပြီးနောက်ပိုင်း ဘင်လာဒင် ရှောင်တိမ်းပုံတွေဖော်ပြထားပါတယ်

Policemen and residents stand near while demolition work is carried out on the building where al Qaeda leader Osama bin Laden was killed by U.S. special forces last May, in Abbottabad, February 26, 2012.

သန်း ၅၀၀ ကျော်ဆုအတွက် အမေရိကန်တွေ ထီအလုအယက်ထိုး

အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၅၀၀ ကျော်ရမယ့် ထီဖွင့်ပွဲအတွက် အမေရိကန်နိုင်ငံမှာ စိတ်လှုပ်ရှားနေကြပါတယ်။

ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ

ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းနည်းလမ်း မကျတာတွေဟာ လက်ခံနိုင်တဲ့ အခြေအနေတွေမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲစပေးပြီ

ကြားဖြတ်ရွေးကောက်ပွဲကြိုတင်မဲတွေမှာ မသမာမှုမရှိအောင် အသေအချာစီစဉ်ထားပါတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။

NLD မဲဆန္ဒပညာပေးပွဲသွားစဉ် ဝင်းကုန်းရွာလုံးကျွတ်နီးပါး မီးလောင်

စစ်ကိုင်းတိုင်း၊ ဝင်းကုန်းတစ်ရွာလုံး မဲဆန္ဒပေးနည်းနဲ့ ဖျော်ဖြေပွဲကိုသွားနေကြချိန်မှာ မီးလောင်ခဲ့တာကြောင့် ရွာလုံးကျွတ်ဆုံးရှုံးခဲ့ပါတယ်။

ပြည်ပစောင့်ကြည့်သူနှင့် မီဒီယာတွေ မဲရုံနားကပ်ခွင့်မရ

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရမယ်လို့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာမခံပေမဲ့ အကဲခတ်တွေအပေါ် ကန့်သတ်မှုရှိနေပါတယ်။

သြစတြေးလျလွှတ်တော်အမတ်တွေ မြန်မာပြည် ဝင်ခွင့်မရ

သြစတြေးလျပါလီမန်အမတ်နှစ်ဦး မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်ဖို့လျှောက်ထားချက်ကို သြစတြေးလျဆိုင်ရာ မြန်မာသံအမတ်ကငြင်းဆန်ခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံကြီးငါးခု ဖွံ့ဖြိုးရေးဘဏ်ထောင်မည်

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကငါးနိုင်ငံက ဖွံ့ဖြိုးရေးဘဏ်ထူထောင်ဖို့ အချက်အလက်တွေ မျှဝေကြဖို့ပြောလိုက်ပါတယ်။

တိဘက်သတင်းလွှင့်သူတွေကို တရုတ်ခြိမ်းခြောက်

တိဘက်သတင်းဖြန့်ဝေသူတွေကို ညှင်းပမ်းနှိပ်စက်မယ်ဆိုတဲ့ သတိပေးစာတွေကို နယ်မြေရဲတွေက လူမြင်သာတဲ့နေရာတွေမှာ လိုက်ကပ်နေပါတယ်။

A protester holds a placard next to a Free Tibet candlelit display showing the pictures of Tibetans who died of self-immolation, in front of the Liaison Office of the Central People's Government in the Hong Kong Special Administrative Region, Feb 22, 2012
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment