Thursday, March 22, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ရွေးကောက်ပွဲ ​စောင့်ကြည့်ဖို့ မြန်မာ ဖိတ်ခေါ်ချက် အမေရိကန်ကြိုဆို

ကြားဖြတ်ရွေးကောက်ပွဲကိုလေ့လာဖို့ အမေရိကန်ကိုယ်စားလှယ်နဲ့သတင်းထောက်တချို့ကို မြန်မာအစိုးရဖိတ်ခေါ်တာကို အမေရိကန်က ကြိုဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ EU ရွေးကောက်ပွဲ အကဲခတ် ပုဂ္ဂိုလ်တွေကို မြန်မာ အစိုးရကဖိတ်ခေါ်

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာလေ့လာရေးအဖွဲ့တွေ ကို ဖိတ်ခေါ်တာဟာ အလားအလာကောင်းတယ်လို့ နိုင်ငံရေးပါတီတွေက မြင်ပါတယ်။

တရုတ်ရှေ့နေတွေ ကွန်မြူနစ်ပါတီကို သစ္စာခံကျမ်းကျိန်ရမည်

တရုတ်မူ၊ တရုတ်ဟန် ဆိုရှယ်လစ်စနစ်ကို သစ္စာစောင့်သိဖို့ ရှေ့နေအပါအဝင် တရားရေးဝန်ထမ်းတွေ ကျမ်းသစ္စာကျိန်ဖို့ တရားရေးဝန်ကြီးဌာနက အမိန့်ထုတ်

有人走过银川郊外一家电影制片厂的文革宣传画

ဗြိတိန်ဓားစာခံ ဆိုမာလီပြန်ပေးလက်မှ လွတ်မြောက်

ဆိုမာလီယာနိုင်ငံမှာ ပြန်ပေးအဆွဲခံထားရတဲ့ ဗြိတိန်အမျိုးသမီးလွတ်မြောက်လာပြီး သားဖြစ်သူနဲ့ ပြန်တွေ့ခဲ့ရပါပြီ။

British hostage Judith Tebbutt, is pictured at a house in Adado, central Somalia, before her departure, March 21, 2012.

ကြားဖြတ်ရွေးကောက်ပွဲမှာ သတ္တိရှိရှိ မဲပေးဖို့ ဒေါ်စု တိုက်တွန်း

ဘယ်လိုခြိမ်းခြောက်မှုမှ မကြောက်ပဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့ ဆန္ဒ အတိုင်းမဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

အီလီနွိုက် (Illinois) မှာ ရွန်မနီအနိုင်ရ

Republican သမ္မတလောင်း ပဏာမရွေးပွဲမှာ လိုအပ်မဲ ၁,၁၄၄ ထဲက Mitt Romney က ၅၀၀ ကျော် ရနေပြီး လက်ရှိသမ္မတနဲ့ယှဉ်ပြိုင်ဖို့ ဦးဆောင်နေပါတယ်။

mitt_romney_supporters_illinois

သေနတ်သမား လက်နက်ချဖို့ ပြင်သစ်ရဲ ညှိနှိုင်း

ပြင်သစ်မှာ ကလေး ၃ ဦးနဲ့ ဂျူးတရားဟောဆရာတဦးကို သတ်ဖြတ်ခဲ့သူကို သူကိုယ်တိုင်အဖမ်းခံဖို့ ပြင်သစ်ရဲတပ်ဖွဲ့က ကြိုးစားနေပါတယ်။

ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ် လူ့အခွင့်အရေး ဆက်ချိုးဖောက်

မြန်မာအစိုးရက ဖော်ဆောင်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ကချင်ပြည်နယ်ဘက်ဆီတော့ မရောက်သေးဘူးလို့ HRW က ပြောပါတယ်။

အာရှမှာ အပြိုင်အဆိုင် လက်နက်တပ်ဆင်မယ့်အန္တရာယ် တရုတ်သတိပေး

အာရှ-ပစိဖိတ်ဒေသက ကမ္ဘာ့လက်နက်တင်သွင်းမှု စုစုပေါင်းရဲ့ ၄၄ % ရှိတဲ့အတွက် ကမ္ဘာမှာ လက်နက်အများဆုံးတင်သွင်းတဲ့ဒေသ ဖြစ်လာပါတယ်။

A deminer from the Cambodian Mine Action Center looks over a pile of derelict artillery shells and hand grenades at a scrap yard in Poipet, northwest Cambodia.  After decades of war, Cambodia is awash in live bombs, (File)

အမေရိကန် မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်မှုရပ်ပစ်ဖို့ ပါကစ္စတန်တောင်းဆို

အမေရိကန်က အဝေးထိန်းဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်နေတာရပ်ဖို့နဲ့ ပါကစ္စတန်တပ်သား ၂၄ ဦးသေဆုံးမှုကို တောင်းပန်ဖို့ ပါကစ္စတန်က တောင်းဆိုခဲ့ပါတယ်။

A Pakistani villager holds the wreckage of a suspected surveillance drone that crashed in Pakistani border town of Chaman along the Afghanistan border in Pakistan, August 2011. (file photo)
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment