Saturday, March 24, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ကချင် ၃ နယ် ရွေးကောက်ပွဲရွှေ့ဆိုင်းမှု အမေရိကန် စောင့်ကြည့်

ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ် ၃ ခုမှာ လုံခြုံရေးအရ ရက်ရွှေ့ဆိုင်းမှုနဲ့ပတ်သက်လို့ နားလည်နိုင်ဖို့ အမေရိကန်က ကြိုးစားနေပါတယ်။

ကိုရီးယားပညာရှင်ကို ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် သမ္မတအိုဘားမား ရွေး

အမေရိကန်မဟုတ်သူကို ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌပေးစေချင်ကြောင်း ပြောဆိုနေကြချိန်မှာ သမ္မတအိုဘားမားက ကိုရီးယားလူမျိုးဆရာဝန်တဦးကို ရွေးချယ်လိုက်ပါတယ်။

金勇教授获奥巴马提名为下一任世行行长

သေဒဏ်ကျသူတွေရဲ့ ကိုယ်ခန္ဓာနဲ့ အစားထိုးကုသမှု တရုတ်ဖျက်သိမ်းမည်

တရုတ်နိုင်ငံမှာ သေဒဏ်ကျခံထားရတဲ့ အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ အစားထိုးကုသမှုကို ၃ နှစ်ကနေ ၅ နှစ်အတွင်း ပယ်ဖျက်ပေးပါတော့မယ်

လယ်/ဆည်ဝန်ကြီး လွှတ်တော်ကိုတောင်းပန်ရန် အမတ်များတောင်းဆို

လယ်/ဆည်ဝန်ကြီး လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် ပုတ်ခတ်မှု အရေးယူပေးဖို့ လွှတ်တော်အမတ်တွေက စုပေါင်းတိုင်ကြားလိုက်ပါတယ်။

မိုးကောင်း၊ ဗန်းမော်နဲ့ ဖားကန့်မှာရွေးကောက်ပွဲ ရွှေ့ဆိုင်း

ကချင်ပြည်နယ် မြို့နယ်သုံးခုမှာ လုံခြုံရေးကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ရွှေ့ဆိုင်းကြောင်းကြေညာ

Burma's pro-democracy leader Aung San Suu Kyi delivers a speech during her election campaign in Mandalay, March. 3, 2012.

သြစတြေးလျအကဲခတ်အဖွဲ့ မြန်မာပြည်ကို စေလွှတ်မည်

ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ်ကြောင်း သြစတြေးလျနိုင်ငံက ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲ အကဲခတ်ကွန်ယက် ဖွဲ့စည်း

ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိလေ့လာရေးအဖွဲ့တခုကို ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူလူငယ်တွေပေါင်းပြီး ဖွဲ့စည်းလိုက်

ရွေးကောက်ပွဲ တရားမျှတရုံနဲ့ မြန်မာ့ပြုပြင်ရေး မပြီးဆုံးသေး

ရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတရုံနဲ့မပြီးဘဲ လွှတ်တော် ကျင်းပချိန်မှာပါ နိုင့်ထက်စီးနင်းပုလုပ်မှု၊ မကောင်းကြံစည်မှုတွေ ကင်းဖို့လို

Derek Mitchell, Washington's special representative to Myanmar, talks during a press conference at Yangon International Airport in Yangon, Myanmar, (File September 14, 2011).

မြောက်ကိုရီးယား ဒုံးပျံအစီအစဉ် ကုလအတွင်းရေးမှူးချုပ် သတိပေး

မြောက်ကိုရီးယားရဲ့ ရှေ့လထဲ ဒုံးပျံ ပစ်လွှတ်မယ့်အစီအစဉ်ကြောင့် ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်မိကြောင်း မစ္စတာဘန်ကီမွန်းက ပြောလိုက်ပါတယ်။

UN Secretary-General Ban Ki-moon speaks at the opening of the Jakarta International Defense Dialogue in Jakarta, Indonesia, March 21, 2012.

ရေအရင်းအမြစ် ပြဿနာ တည်ငြိမ်မှု ထိခိုက်မှာ အမေရိကန်စိုးရိမ်

အမေရိကန် ထောက်လှမ်းရေးကောင်စီက ရေပြဿနာကြောင့် ဆယ်စုနှစ်အတွင်း အရေးကြီးတဲ့ကိစ္စတွေကို အာရုံမစိုက်နိုင်တာမျိုး ကြုံနိုင်ကြောင်း ပြောပါတယ်။

While each person drinks about two-to-three liters of water per day, agriculture accounts for 70 percent of the water drawn from rivers and aquifers worldwide.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment