Saturday, March 10, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ဒေါ်စု ရုပ်သံကလွှင့်မယ့်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ

ဒေါ်စုရဲ့ ရွေးကောက်ပွဲစည်းရုံးရေး ရုပ်သံဟောပြောချက်မှာ သမိုင်းကြောင်းဆိုင်ရာ အချက်တချက်ကို ပြည်ထောင်စု ကော်မရှင်က ပြင်ခိုင်းခဲ့ပါတယ်။

မန်းငြိမ်းမောင် စိတ်ဓာတ်အခြေအနေ ရှေ့နေ သံသယရှိ

KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ရဲ့အမှု ရှေ့သီတင်းပတ်မှာ အမိန့်ချဖို့ရှိပြီး ဝန်ခံဖို့ ဖိအားပေးခံနေရတယ်လို့ယူဆကြောင်း ရှေ့နေကပြောပါတယ်။

ကိုဖီအာနန် ဆီးရီးယားသမ္မတနှင့် တွေ့မည်

ဆီးရီးယားမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေး ကြိုးပမ်းချက်အဖြစ် ကုလအဖွဲ့အကြီးအကဲဟောင်း ကိုဖီအာနန် သမ္မတအာဆဒ်နဲ့တွေ့ပါလိမ့်မယ်။

Mr. Kofi Annan, former General Secratery of the United Nations.

ရှေးအကျဆုံး အရိုးစုကျောက်ဖြစ် ရုပ်ကြွင်း သြစတြေးလျမှာတွေ့

သြစတျေးလျနိုင်ငံတောင်ပိုင်းမှာ ရှေးအကျဆုံးသတ္တဝါရဲ့ အရိုးရုပ်ကြွင်းကို သြစတြေးလျနိုင်ငံ တောင်ပိုင်းမှာ တွေ့ခဲ့ရပါတယ်။

ဒေါ်စု စည်းရုံးရေးခရီး လုံခြုံမှုအတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ်စည်းရုံးရေးခရီးစဉ် လုံခြုံရေးအတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်းထားကြောင်း NLD ပြောခွင့်ရသူက ပြောပါတယ်။

NLD စည်းရုံးရေး ဥပဒေချိုးဖောက်ဟု ရန်ကုန်တိုင်း ကော်မရှင်ဝေဖန်

NLD ပါတီက စည်းရုံးရေးဆင်းရာမှာ ဥပဒေနဲ့အညီလုပ်ဆောင်သင့်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။

အလုပ်သမားဆန္ဒပြတောင်းဆိုမှု အလုပ်ရှင်လိုက်လျော

ကိုရီးယားပိုင် မြန်မာ-ဆန်နီဖိနပ်စက်ရုံအလုပ်သမားတွေရဲ့ တောင်းဆိုချက်တချို့ အလုပ်ရှင်ဘက်က အထိုက်အလျှောက် လိုက်လျောခဲ့ပါတယ်။

အစ္စရေးက အီရန်ကို ချက်ချင်းတိုက်ခိုက်မှာမဟုတ်

အစ္စရေးဝန်ကြီးချုပ်က အီရန်နိုင်ငံကို ချက်ချင်းတိုက်အုံးမှာမဟုတ်ဘဲ နိုင်ငံတကာ ပိတ်ဆို့မှု အလုပ်ဖြစ်မဖြစ် စောင့်ကြည့်အုံးမယ်လို့ ပြောပါတယ်။

Israeli Prime Minister Benjamin Netanyahu, accompanied by House of Representatives members, gestures during a news conference on Capitol Hill in Washington, March 6, 2012.

ရွေးကောက်ပွဲ မသမာမှု ရှိမှာ ဒေါ်အောင်ဆန်းစုကြည်စိုးရိမ်

မဲစာရင်းမမှန်မကန်လုပ်မှုတွေရှိတာကို တွေ့နေရတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ မသမာမှုရှိမှာကို ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်နေပါတယ်။

နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင် သတ္တိရှင် အမျိုးသမီးဆုရ

အမေရိကန်အစိုးရချီးမြှင့်တဲ့ သတ္တိရှင် အမျိုးသမီးဆုကို ဒီမိုကရေစီနဲ့လူနည်းစု တိုင်းရင်းသားအရေး ဆောင်ရွက်နေသူ မဇင်မာအောင်ရခဲ့ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment