Tuesday, March 27, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

အခွန် ဥပဒေသစ် ဝင်ငွေနည်းသူတို့ သက်သာမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ၀င်ငွေခွန် နဲ့ ကုန်သွယ် လုပ်ငန်းခွန်တွေကို အစိုးရက ပြောင်းလဲ စည်းကြပ် တော့မှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ် ဗီယက်နမ် လာခွင့် မပြု

ရိုမန် ကက်သလစ် ခရစ်ယာန် အသင်းချုပ်ရှိရာ ဗာတီကန်က ကိုယ်စားလှယ် အဖွဲ့တဖွဲ့ လာမယ့် အစီအစဉ်ကို ဗီယက်နမ်နိုင်ငံက လက်မခံ ငြင်းဆန်လိုက်ပါတယ်

အမေရိကန် ရုရှား လက်နက် လျှော့ပေါ့ရေး နောက်တဆင့် ရှိလာနိုင်

ရုရှားနဲ့ နောက်ထပ် လက်နက် ထိန်းချုပ်ရေး သဘောတူမှု ရယူနိုင်မယ့် အနေအထား ရှိတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။

ကချင် ဒုက္ခသည်တွေထံ ကုလ ဒုတိယအကြိမ် အကူအညီပို့

စစ်ပွဲ ဒေသအတွင်း ဒုက္ခသည် တွေ အတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ ကူညီ ကယ်ဆယ်ရေး ပစ္စည်း ယာဉ်တန်း ဒုက္ခ သည်စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

ဒေါ်စု ကျန်းမာရေးကြောင့် ခေတ္တ အနားယူ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး တိုးတက်လာ ပေမဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အားလုံးကိုတော့ ဖျက်ထားလိုက်ပြီလို့ ပြောပါတယ်။

သီလဝါ ဆိပ်ကမ်းရှိ သစ်ပုံ မီးလောင်

ရန်ကုန်သီလ၀ါ ဆိပ်ကမ်း မှာ ဒီနေ့ခင်းပိုင်း က လောင်တဲ့မီးဟာ ညပိုင်း ရောက်တဲ့ထိ ငြှိမ်းနိုင်ခြင်း မရှိဘူးလို့ ဗဟိုမီးသတ်က ပြောပါတယ်။

မြောက်ကိုးရီးယား ဒုံးကျည် လွှတ်တင်မှု အမေရိကန် နှင့် တရုတ် တုံ့ပြန်မည်

မြောက်ကိုးရီးယား ဒုံးလက်နက် ပါဝင်နိုင်တဲ့ ဂြိုလ်တု လွှတ်မယ့် အစီအစဉ် ကို အမေရိကန် နဲ့ တရုတ် တို့ညှိနှိုင်း တုန့်ပြန်ကြဖို့ သဘောတူ ကြပါတယ်

美国总统奥巴马和中国国家主席胡锦涛3月26日在首尔举行会晤

ပုပ်ရဟန်းမင်းကြီး ကျုးဘားကို ဆိုက်ရောက်

ရိုမန် ကတ်သလစ် ဘာသာဝင် တွေ ရဲ့ ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် ဟာ ကျူးဘာနိုင်ငံကို တနင်္လာနေ့မှာ ရောက်ရှိသွားပါပြီ။

Pope Benedict XVI waves from the popemobile wearing a Mexican sombrero as he arrives to give a Mass in Bicentennial Park near Silao, Mexico, March 25, 2012.

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းတာကြောင့် ဒီကနေ့ မြိတ်မြို့က ကျေးရွာတွေကို သွားမယ့်ခရီးတွေကို ဖျက်လိုက်ပါတယ်။

Myanmar pro-democracy icon Aung San Suu Kyi attends her election campaign in Myeik township, Tanintharyi division, the southern most part of Myanmar, Sunday, March. 25, 2012. Suu Kyi has fallen ill wh

ဆီးရီးယား သူပုန်တွေ အကူအညီပေးရေး အမေရိကန် နည်းလမ်းရှာ

ဆီးရီးယားသမ္မတ အာဆတ်ကို နှစ်နဲ့ချီ ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ ဆီးရီးယားသူပုန်တွေကို လက်နက်မပါတဲ့ အကူအညီတွေပေးဖို့ အမေရိကန်က စဉ်းစားနေပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment