ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၀၁၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ တရုတ် အစိုးရက မူးယစ်ရာဇာ နော်ခမ်း ကို သေဒဏ် စီရင်မည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ပြည်သူ့တရားရုံးက သူတို့လေးဦးကို ဆေးထိုးပြီး သောကြာနေ့မှာ အဆုံးစီရင်မှာဖြစ်တယ်လို့ ကူမင်ပြည်သူ့တရားရုံးက ပြောပါတယ်။ အပြည့်အစုံ မြန်မာစစ်တပ်နဲ့ နွယ်တဲ့ စီးပွားရေး အမေရိကန် ရင်းနှီးမြုပ်နှံဖို့မရှိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်ပိုင်း နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်မှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ အပြည့်အစုံ မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ် မအူပင်မြို့နယ် မလက်တိုကျေးရွာက လယ်သမားတွေနဲ့ ရဲလုံခြုံရေး ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေ ကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့် တုန့်လှုပ်ရတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တာနားက ပြောလိုက်ပါတယ်။ အပြည့်အစုံ မအူပင် လယ်ယာပဋိပက္ခ အရှိန်လျော့ မအူပင်မှာ ပုဒ်မ၁၄၄ထုတ်ပြီး နှစ်ဖက်တင်းမာမှု အရှိန်မြှင့်နေချိန် ရွှေညဝါ ဆရာတော်ကြီးက နှစ်ဖက်ပြေလည်မှု ရဖို့ လယ်သမားတွေဘက်က စပြီး နောက်ဆုတ်ပေးဖို့ ညှိနှိုင်းပြောဆိုတာကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေကို လယ်သမားတွေဘက်က ရပ်ဆိုင်းပေးခဲ့ပါတယ်။ အပြည့်အစုံ ပုပ်ရဟန်းမင်းကြီးတာဝန်က ဘန်နာဒစ် တရားဝင် အနားယူ ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်ဟာ ၈ နှစ် နီးပါးလောက် ပုပ်ရဟန်းမင်းကြီး တာဝန်အဖြစ်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် တရားဝင် အနားယူလိုက်ပြီဖြစ်ပါတယ် အပြည့်အစုံ အမေရိကန်အစိုးရ အသုံးစရိတ်ဖြတ်တောက်မှု သောကြာနေ့ စတင် အမေရိကန်ပြည်ထောင်စုမှာ သောကြာနေ့ကစလို့ မဖြစ်မနေ အလိုအလျောက် အသုံးစရိတ် ဖြတ်တောက် ရတော့မယ်ဆိုရင် အစိုးရဌာနတွေအားလုံးအပေါ် သက်ရောက်မှုတွေ ရှိမှာဖြစ်ပါတယ်။ အပြည့်အစုံ ထိုင်းအစိုးရ မူဆလင် သူပုန်နဲ့ ဆွေးနွေးမည် ထိုင်းနိုင်ငံ တောင်ပိုင်းဒေသက အကြမ်းဖက်မှုတွေ အဆုံးသတ်သွားစေဖို့ ထိုင်းအစိုးရက အဓိက မူဆလင်သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့ ပထမဆုံးအကြိမ်အဖြစ် သဘောတူလိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ လွတ်လပ်ရေးကာလ ရက်စက်မှု ဘင်္ဂလားဒေ့ရှ်သေဒဏ်ပေး ၁၉၇၁ ခုနှစ်က စစ်ပွဲတွေအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အဆင့်မြင့် အစ္စလာမ်မစ် အတိုက်အခံခေါင်းဆောင်တဦးကို ဘင်္ဂလားဒေ့ရှ် စစ်ရာဇ၀တ်ခုံရုံးက သေဒဏ် အပြစ်ပေးလိုက်ပါတယ်။ အပြည့်အစုံ . အပြည့်အစုံ စစ်တပ် အသုံးစာရိတ် အနည်းငယ်လျော့၊ မအူပင်က လယ်သမား အရေး၊ ဥရောပရောက် သမ္မတ ဦးသိန်းစိန်၊ တရုတ်က မြန်မာနိုင်ငံသား နော်ခမ်းကို သေဒဏ်ပေးလိုက်ပြီ စတဲ့ ... အပြည့်အစုံ အမေရိကန်ပြည်ထောင်စုမှာ အစိုးရ ဘဏ္ဍာရေး အသုံးစရိတ်နဲ့ပတ်သက်ပြီး သဘောတူညီချက်မရလို့ မဖြစ်မနေ အသုံးစရိတ် ဖြတ်တောက်ရတာမျိုးတွေ ဖြစ်ခဲ့ရင် စီးပွားရေးပေါ် ထိခိုက်မှုတွေနဲ့ မလိုလားအပ်တဲ့ အကြိုးဆက်တွေ ရင်ဆိုင်ရတယ်ဆိုပြီး ကြိုတင်သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ၀င်ငွေနည်းပါးတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေ ကတော့ အစိုးရိမ်ဆုံး သူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေ ကို ထောက်ပံ့ကူညီတဲ့ လုပ်ငန်းတွေလည်း ထိခိုက်နိုင်တဲ့ အကြောင်း VOA သတင်းထောက် Cindy Saine ရဲ့ သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ပြီးခဲ့တဲ့နှစ်ကတရုတ်နိုင်ငံရဲ့ ကျောက်မျက်ရတနာဈေးကွက်ဟာအေးစက်စက်ဖြစ်ခဲ့ပြီးတဲ့နောက်၊ ဒီနှစ်မှာတော့ တရုတ်ကျောက်မျက်ရတနာဈေးကွက်ဟာ အရောင်းသွက်လာတဲ့ အနေအထားကို တွေ့ နေရပါတယ်။ တရုတ်နိုင်ငံ Shenzhen မြို့က ကျောက်မျက်ပြပွဲမှာ ခေတ်မီဒီဇိုင်းစုံလက်ရာတွေပြခင်းထားတာကြောင့် ဒီနှစ်တရုတ်ဈေးကွက်ဟာ အရောင်းသွက်မယ် လို့ခန့်မှန်းရပါတယ်။ ဒီအကြောင်းAP သတင်းဌာရဲ့ သတင်းဆောင်းပါးကို ကိုကျော်သိင်္ခ ကပြောပါလိမ့်မယ်။ အပြည့်အစုံ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ခရီးသွားတွေအတွက် တံခါးဖွင့်ပေးလာနေတာနဲ့အမျှ အရင်က ကမ္ဘာလှည့်ခရီးသွားတွေ ကျတ်စားလေ့ ရှိတတ်တဲ့ စားသောက်ဆိုင်တွေမှာ ရှားပါးသတ္တ၀ါတွေကို ဟင်းလျာအဖြစ် ရောင်းချနေတာတွေကို စတင်နှိမ်နင်း လာပါတယ်။ ခရီးသွားတွေ စိတ်ဝင်တစား လည်ပတ်လေ့ရှိတဲ့ ကျိုက်ထီးရိုးဘုရား တ၀ိုက်က စားသောက်ဆိုင်တွေမှာ ဒီလိုအသားဟင်းတွေ ရောင်းချတာကို သိသိသာသာ တွေ့လာရတာပါ။ မွန်ပြည်နယ် ကျိုက်ထိုမြို့က ကျိုက်ထီးရိုးဘုရားကို ရောက်သွားတဲ့ ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းပေးပို့ ထားတာကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ အမေရိကန်မီဒီယာတွေပေါ်က အမေရိကန်နိုင်ငံသား၊ အာဖရိကနွယ်ဖွားတွေနဲ့ လက်တင်အမေရိကန်လူမျိုးတို့ရဲ့ ရုပ်ရှင်၊ တီဗွီဇာတ်လမ်းနဲ့ ရေဒီယိုသီချင်းတွေကို ကြည့်ရှုနားဆင်နိုင်ပေမဲ့ အမေရိကန်နိုင်ငံနေ အာရှနွယ်ဖွားတွေအတွက်တော့ ဒီလိုမျိုး အခွင့်အရေးရဖို့ နည်းနေပါသေးတယ်။ Youtube အကျော်အမော် တွေဖြစ်တဲ့ အမေရိကန်နိုင်ငံသား အာရှနွယ်ဝင်တွေ ရဲ့အကြောင်းကို ဗွီအိုအေသတင်းထောက် Elizabeth Lee က Los Angeles ကနေသတင်းပေးပို့ထားပါတယ်။ မမေစန္ဒီကပြောပြပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ခရီးသွားတွေအတွက် တံခါးဖွင့်ပေးလာနေတာနဲ့အမျှ အရင်က ကမ္ဘာလှည့်ခရီးသွားတွေ ကျတ်စားလေ့ ရှိတတ်တဲ့ စားသောက်ဆိုင်တွေမှာ ရှားပါးသတ္တ၀ါတွေကို ဟင်းလျာအဖြစ် ရောင်းချနေတာတွေကို စတင်နှိမ်နင်း လာပါတယ်။ ခရီးသွားတွေ စိတ်ဝင်တစား လည်ပတ်လေ့ရှိတဲ့ ကျိုက်ထီးရိုးဘုရား တ၀ိုက်က စားသောက်ဆိုင်တွေမှာ ဒီလိုအသားဟင်းတွေ ရောင်းချတာကို သိသိသာသာ တွေ့လာရတာပါ။ မွန်ပြည်နယ် ကျိုက်ထိုမြို့က ကျိုက်ထီးရိုးဘုရားကို ရောက်သွားတဲ့ ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းပေးပို့ ထားတာကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
တရုတ် အစိုးရက မူးယစ်ရာဇာ နော်ခမ်း ကို သေဒဏ် စီရင်မည်
မြန်မာစစ်တပ်နဲ့ နွယ်တဲ့ စီးပွားရေး အမေရိကန် ရင်းနှီးမြုပ်နှံဖို့မရှိ
မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ်
မအူပင် လယ်ယာပဋိပက္ခ အရှိန်လျော့
ပုပ်ရဟန်းမင်းကြီးတာဝန်က ဘန်နာဒစ် တရားဝင် အနားယူ
အမေရိကန်အစိုးရ အသုံးစရိတ်ဖြတ်တောက်မှု သောကြာနေ့ စတင်
ထိုင်းအစိုးရ မူဆလင် သူပုန်နဲ့ ဆွေးနွေးမည်
လွတ်လပ်ရေးကာလ ရက်စက်မှု ဘင်္ဂလားဒေ့ရှ်သေဒဏ်ပေး
No comments:
Post a Comment