ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၂၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုပြင် “ကိုယ်စားလှယ်တွေ လျာထားတာတို့ ဘာတို့တော့ လုပ်နေတာတွေ ရှိပါတယ်။ လောလော ဆယ်တော့ သိတဲ့အတိုင်းပဲ ကျနော်တို့က လွှတ်တော်တက်နေရတော့ ခုနကလို လျာထား တာတို့ ဘာတို့တော့ စတော့ လုပ်နေပြီပေါ့ဗျာ။” အပြည့်အစုံ လက်ပံတောင်းတောင်ဆန္ဒပြခွင့် ဒေသခံတွေ တောင်းဆို "ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာ အင်မတန်မှ အရသာရှိတဲ့ စကားလုံးပဲ။ တကယ်တော့ အဲ့ဒါကို ပုံစံမျိုးစုံနဲ့ ဖမ်းဆီးမယ့် ရဲမှူးဆီမှာ မြို့နယ်ရဲမှူးဆီမှာ ခွင့်ပြုချက် တောင်းရတာဆိုတော့ ဘယ်လိုမှလဲ သဘာဝ မကျဘူး" အပြည့်အစုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ဆွေးနွေးမည် "ဒီခေတ်နဲ့ လျော်ညီစွာ အခြေခံဥပဒေကို ပြန်ပြင်ဆင်ဖို့ လိုအပ်လိမ့်မယ်လို့ အမှန်တကယ် ယုံကြည်တဲ့အတွက် ကျနော်တို့ ပါတီက တင်တာလို့ ကျနော် ထင်မြင်ယူဆပါတယ်" အပြည့်အစုံ ဗန်းမော်-မြစ်ကြီးနားကားလမ်း ပြန်ဖွင့် "လမ်းပွင့်သွားတဲ့အတွက်ကြောင့် ကျနော်တို့ ဗန်းမော်မြို့အနေနဲ့လည်း တိုးတက်သွား မယ်လို့ မြင်ပါတယ်။ ငြိမ်းချမ်းရေးအတွက်လည်း ရှေ့လျှောက် ကောင်းသွားမယ် လို့ မြင်ပါတယ်ခင်ဗျ" အပြည့်အစုံ ပုပ်ရဟန်းမင်းသစ် တရားဝင် တင်မြှောက်ပွဲ Vatican မှာကျင်းပ "ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ဘုရားကျောင်းတွေနဲ့ ဝေနေယျသတ္တ၀ါ အပေါင်းကို အကာအကွယ်ပေး စောင့်ရှောက်ကြဖို့၊ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်" အပြည့်အစုံ အိုဘားမား အရှေ့အလယ်ပိုင်းခရီး စတင် "၄ ရက်ကြာမယ့် သမ္မတခရီးစဉ်မှာ အစ္စရေးလ် အနောက်ဘက်ကမ်းဒေသ နဲ့ ဂျော်ဒန် နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။" အပြည့်အစုံ "ဗွီဒီယိုထဲမှာ အမေရိကန်လွှတ်တော်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖျက်ဆီးတာကို ပြသသလို၊ သမ္မတအိမ်ဖြူတော်ကို ပစ်ခတ်ဖို့ ကွန်ပြူတာစနစ်သုံးပြီး ချိန်ရွယ်ထားပုံကိုလည်း ပြသ ထားပါတယ်။" အပြည့်အစုံ အမေရိကန်နဲ့ လက်တွဲဆောင်ရွက်ဖို့ တရုတ်သမ္မတသစ် ကတိပြု "မစ္စတာ လျူး ကလည်း တရုတ်နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ကြား ဆက်ဆံရေးဟာ အလွန်အရေးပါတဲ့အကြောင်း အလေးအနက် ထောက်ပြပြောဆို ခဲ့ပါတယ်" အပြည့်အစုံ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံသားတိုင်းရဲ့ အခွင့်အရေး အာမခံချက်ပေးတဲ့ အခြေခံဥပဒေမျိုးဖြစ်အောင် ပြင်ဆင်ဖို့ ရည်ရွယ်တဲ့အကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တဦးကပြော၊ ကချင်ဒေသရဲ့အခြေအနေ တိုးတက်ကောင်းမွန်လာ တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ အသက်ဝင်လာ...စတဲ့ သတင်းတွေ နဲ့အတူ သတင်းဆောင်းပါးတွေကို ရှုစားကြရဖို့ ရှိပါတယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ် မတ်လ ၂၀ရက်ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ ပုပ်ရဟန်းမင်းကြီး Francis အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ အာဂျင်တီးနားနိုင်ငံသား ဘုန်းတော်ကြီး Jorge Mario Bergolio ကို ပုပ်ရဟန်းမင်းကြီးအဖြစ် အခုလို ရွေးချယ်တင်မြှောက်ခံခဲ့ ရတဲ့အတွက် ဂုဏ်ယူဝမ်းမြှောက်ကြောင်း အမေရိကန်အစိုးရ အရာရှိတွေက ပြောကြားလိုက်ပါတယ်။ လူမှုရေးဆိုင်ရာ တရားမျှ တမှု၊ ဒုက္ခ နဲ့ ချို့တဲ့မှု စတဲ့ အခက်အခဲတွေကို အလေးအနက်ထား ပြီး လုပ်ဆောင်သွားဖို့ဆိုတဲ့ ပုပ်ရဟန်းမင်းကြီးအသစ်ရဲ့ မျှော်လင့် ချက်တွေကိုလည်း အမေရိကန် အစိုးရအရာရှိတွေက ကြိုဆိုကြပါ တယ်။ ဒီအကြောင်း နဲ့ ပ က်သက်ပြီး အမေရိကန်အစိုးရရဲ့ မူဝါဒ ဆိုင်ရာ အကျဉ်းချုပ်ကို ကိုကျော်သိင်္ခက တဆင့် ပြန်လည် ပြောပြပေးထားပါတယ်။ အပြည့်အစုံ ပြီးခဲ့တဲ့ သတင်းပတ်ကုန်က အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Austin မြို့မှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဂီတပွဲတော်မှာ ထောင်နဲ့ချီရှိတဲ့ အနုပညာရှင်တွေနဲ့ ဂီတပွဲတော်လာရောက်ကြည့်ရှုသူ တွေနဲ့လမ်းတွေပေါ်မှာ ပြည့်ကျပ်စည်ကားနေခဲ့ပါတယ်။ ဂီတ ဖျော်ဖြေပွဲတွေနဲ့ စီးပွားရေးအရပါ ရောထွေးနေတဲ့ ဒီပွဲတော်အကြောင်းကို ဗွီအိုအေသတင်းထောက် Greg Flakus - Austin မြို့ကနေ သတင်းပေးပို့ထားတာကို မမေစန္ဒီကပြောပြပါလိမ့်မယ်။ အပြည့်အစုံ ကမ္ဘာတလွှား သမားရိုးကျ လက်နက်တွေ အထိန်းအကွပ်မရှိ ရောင်းချနေတာတွေ တားဆီးနိုင်မယ့် မလိုက်နာမနေရ သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ နိုင်ငံပေါင်း ၁၅၀ က ကိုယ်စားလှယ်တွေ နယူးယောက်မြို့မှာ မတ်လ ၁၈ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံက လက်နက်ကိုင်ဆောင်ခွင့်ရှိရေး စည်းရုံးလှုံ့ဆော်နေတဲ့အဖွဲ့ကတော့ အစိုးရအနေနဲ့ ဒီသဘောတူညီချက်ကို လက်မခံဖို့ တိုက်တွန်း ပြောဆိုနေပါတယ်။ ဒီအကြောင်း ရိုက်တာ သတင်းဌာနရဲ့ ဆောင်းပါးအပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ခွင့်ပြုတဲ့အထဲမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပါဝင်နေတာကြောင့် ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ ထိခိုက်နစ်နာနိုင်တယ်ဆိုပြီး ခရီးသွားလုပ်ငန်းရှင်တွေက ပြင်းပြင်းထန်းထန် ကန့်ကွက်နေကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး၊ အဆင့်မြင့် ကြယ်ငါးပွင့်ဟိုတယ်ဆောက်လုပ်ရေးစတဲ့ အခြေခံအဆောက်အဦးထူထောင်ရေးလုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အကျိုးရှိပေမဲ့ တနိုင်တပိုင် ပြည်တွင်းခရီးသွားလုပ်ငန်းတွေကိုတော့ ခွင့်မပြူစေလိုကြောင်း ခရီးသွားလုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။ ကိုစည်သူကပြောပြပေးမှာပါ။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုပြင်
လက်ပံတောင်းတောင်ဆန္ဒပြခွင့် ဒေသခံတွေ တောင်းဆို
အခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ဆွေးနွေးမည်
ဗန်းမော်-မြစ်ကြီးနားကားလမ်း ပြန်ဖွင့်
ပုပ်ရဟန်းမင်းသစ် တရားဝင် တင်မြှောက်ပွဲ Vatican မှာကျင်းပ
အိုဘားမား အရှေ့အလယ်ပိုင်းခရီး စတင်
အမေရိကန်နဲ့ လက်တွဲဆောင်ရွက်ဖို့ တရုတ်သမ္မတသစ် ကတိပြု
No comments:
Post a Comment