Saturday, March 30, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မတ်လ ၃၀၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
တ်လ ၃၀၊ ၂ ၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ခန့်အပ် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ခန့်အပ်
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်အဖြစ် ဝါရင့်သံတမန် Mark McDowell ကို ခန့်အပ်လိုက်ပါတယ်။ အပြည့်အစုံ
 
မန္တလေးမှာ ဘာသာစုံ ငြိမ်းချမ်းရေးဆုတောင်း မန္တလေးမှာ ဘာသာစုံ ငြိမ်းချမ်းရေးဆုတောင်း
မိတ္ထီလာနဲ့ တခြားမြို့တွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် ငြိမ်းချမ်းရေးရစေဖို့၊ အကြမ်းဖက် ပဋိပက္ခတွေအဆုံးသတ်စေဖို့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို မန္တလေးမှာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံ
 
အကြမ်းဖက်ရာ ပါဝင်ပတ်သက်မှု အစိုးရငြင်းဆန် အကြမ်းဖက်ရာ ပါဝင်ပတ်သက်မှု အစိုးရငြင်းဆန်
ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေနောက်ကွယ်မှာ အာဏာပိုင်တွေ ပါဝင် ပတ်သက်မှု ရှိတယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ပြောကြားချက်ကို ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်က ပယ်ချလိုက်ပါတယ်။ အပြည့်အစုံ
 
 ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည် ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
ဧပြီလဆန်းမှာ သမ္မတဦးသိန်းစိန်က တရုတ်ပြည်ခရီးစဉ်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်ကို လလယ်ပိုင်းမှာ သွားပါလိမ့်မယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ယူရိုငွေကြေး ဆိုက်ပရပ်စ် စွန့်လွှတ်မည်မဟုတ် ယူရိုငွေကြေး ဆိုက်ပရပ်စ် စွန့်လွှတ်မည်မဟုတ်
ဆိုက်ပရပ်စ်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂထဲက ယူရိုငွေကြေးအသုံးပြုတဲ့ အဖွဲ့ဝင် ၁၇ နိုင်ငံထဲကနေ ထွက်မှာမဟုတ်ဘူးလို့ သမ္မတနီကိုးစ်က ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီးယား စစ်ရေးအင်အားပြ မြောက်ကိုရီးယား စစ်ရေးအင်အားပြ
အမေရိကန်ကို စစ်ရေးအရ တိုက်နိုင်ကြောင်း ကင်ဂျုံအန်းရဲ ခြိမ်းခြောက်မှုကို ထောက်ခံတဲ့ စစ်သားနဲ့ အလုပ်သမားတွေက ကီအင်ဆွန်းရင်ပြင်မှာ စုရုံးခဲ့ကြပါတယ်။ အပြည့်အစုံ
 
သမရိုးကျလက်နက် ကန့်သတ်ရေး ၃ နိုင်ငံကန့်ကွက် သမရိုးကျလက်နက် ကန့်သတ်ရေး ၃ နိုင်ငံကန့်ကွက်
နိုင်ငံတကာ လက်နက်ရောင်းဝယ်ရေး စည်းကမ်းဥပဒေကို ကုလသမဂ္ဂ သဘောတူညီချက်အပေါ် အီရန်၊ ဆီးရီးယား နဲ့ မြောက်ကိုးရီးယားတို့က ကန့်ကွက်လိုက်ပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ (၀၃-၃၀-၂၀၁၃) နေ့ စဉ်တီဗွီသတင်းလွှာ (၀၃-၃၀-၂၀၁၃)
မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ အစိုးရအဖွဲ့ အစည်းတွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာအစိုးရ တာဝန်ရှိသူတွေက ငြင်းဆို၊ ရာသီဥတုဖောက်ပြန်မှုကြောင့် မဲခေါင်မြစ်ဝှမ်းတလျှောက်က စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေအပေါ် ရိုတ်ခက်မှု...စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

စနေနေ့ မြန်မာတီဗွီသတင်းများ စနေနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ ခုနှစ် မတ်လ ၃၀ရက်စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
မဲခေါင် ရာသီဥတု ရိုက်ခတ်မှု မဲခေါင် ရာသီဥတု ရိုက်ခတ်မှု
အရှေ့တောင်အာရှဒေသတွင်းက နိုင်ငံတွေမှာ ရာသီ ဥတုဖေါက်ပြန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ပညာရှင်တွေ အစည်းအဝေးကနေ ထောက်ပြပြော ဆိုလိုက်ပါတယ်။ အထူးသဖြင့် မဲခေါင်မြစ်ဝှမ်းတလျှောက်က စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ မဲခေါင်မြစ်အတွင်း ငါးဖမ်းလုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိနိုင်တဲ့အကြောင်း ထောက်ပြခဲ့တာပါ။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ ရေကာတာ တည်ဆောက်မှုတွေဟာ ရာသီဥတုဖေါက်ပြန်မှုတွေ ဖြစ်စေပြီး ငါးဖမ်းသမား အများအပြားလည်း ဒီအတွက် ဒုက္ခ ကြုံရနိုင်တယ်ဆိုပြီးတော့ သတိပေးပြောဆိုခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် Daniel Schearf ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးပါမယ်။ အပြည့်အစုံ
 
အမျိုးသမီးစစ်သည် တိုက်ခိုက်ရေးတာဝန် အမျိုးသမီးစစ်သည် တိုက်ခိုက်ရေးတာဝန်
အမေရိကန် ပန်တဂွန် စစ်ဌာနချုပ်က တိုက်ခိုက်ရေးအပိုင်းမှာ အမျိုးသမီးတွေ တိုက်ရိုက်ပါဝင်ခွင့်ပြုကြောင်း မကြာသေးခင်ကပဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒီ ဆုံးဖြတ်ချက်နဲ့ အီရတ် နဲ့ အာဖဂန် စစ်ပွဲ တွေမှာ အတွေ့အကြုံတွေရှိထားပြီးတဲ့ အမျိုးသမီးစစ်သည် တွေရဲ့ သဘောထားတေါအကြောင်း ဗွီအိုအေသတင်းထောက် Luis Ramirez သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
သံလွင်ရေကာတာ ကန့်ကွက်သံ သံလွင်ရေကာတာ ကန့်ကွက်သံ
ကယားပြည်နယ် သံလွင်မြစ် အတွင်းက ရေအားလျှပ်စစ်ထုတ်လုပ်မယ့် ရေကာတာတွေ နဲ့ပတ်သက်ပြီး ဒေသခံတွေကြားမှာ ကန့်ကွက်မှုတွေ ရှိနေပါတယ်။ ဒီရေကာတာနဲ့ပတ်သက်လို့ ဒေသခံပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ရှင်းလင်း ပြောဆိုတာမျိုး မရှိသလို၊ သဘာဝ ဘေးအန္တရယ်တွေ ကြုံရနိုင်တဲ့ အနေအထားရှိမရှိ စနစ်တကျ စမ်းသပ်စစ်ဆေးတာတွေ မရှိဘူးလို့လည်း ဖေ၀န် ပြောဆိုနေပါတယ်။ မြစ်မခ မီဒီယာက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
တရုတ် ပြုပြင်ထိန်းသိမ်းရေး စခန်းများ တရုတ် ပြုပြင်ထိန်းသိမ်းရေး စခန်းများ
တရုတ်နိုင်ငံမှာ ဆယ်စုနှစ်ချီရှိခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းသားတွေကို ခိုင်းစေတဲ့၊ ရဲဘက် ပြုပြင်ထိမ်းသိမ်းရေး စခန်းတွေကို ဒီနှစ်အကုန်မှာ ပြုပြင်ပြောင်းလဲဖို့ အသစ်တက်လာတဲ့ ခေါင်းဆောင်တွေက ကတိပေးပြောဆိုထားပါတယ်။ဒါပေမယ့်လည်း အသေးစိတ် အစီအစဉ်တော့ မသိရသေးပါဘူး။ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ စိန်ခေါ်မှုတွေအကြောင်း ဗွီအိုအေသတင်းထောက် Shannon Van Sant က သတင်း ပေးပို့ ထားပါတယ်။ ဒီအကြောင်းကို ဒေါ်ညိုညိုက ပြောပြပါမယ်။ အပြည့်အစုံ
 
လူ့အခွင့်အရေးကော်မရှင် လုပ်ခဲ့ပြီးသမျှနဲ့ စိန်ခေါ်မှုများ လူ့အခွင့်အရေးကော်မရှင် လုပ်ခဲ့ပြီးသမျှနဲ့ စိန်ခေါ်မှုများ
ပြည်သူလူထုတိုင်ကြားစာတွေအပေါ် သက်ဆိုင်ရာက ကိုင်တွယ်အရေးယူနိုင်အောင် ဆက်သွယ်အကြံပေးတာ နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးအပါအ၀င် လူ့အခွင့်အရေးမြှင့်တင်ရေးကိစ္စတွေကို အထိုက်အလျောက် အောင်မြင် အောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရက ပြောပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ အနေအထားနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်မှုမရှိကြသေးတာနဲ့ ခေတ်နဲ့အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်အောင် ကြိုးစားနေရတဲ့ စိန်ခေါ်မှုတွေနဲ့တော့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ဦးဝင်းမရကို ရန်ကုန်မြို့မှာ သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ် အပြည့်အစုံ
 
ဆီနီဂေါလ် အမျိုးသမီးအလှကုန် အန္တရာယ် ဆီနီဂေါလ် အမျိုးသမီးအလှကုန် အန္တရာယ်
Senegal နိုင်ငံက အမျိုးသမီး လေးပုံတပုံဟာ အသားဖြူစေတဲ့ အလှကုန်ပစ္စည်းတွေကို ပုံမှန်သုံးလေ့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောပါတယ်။ ဒီအလှကုန်ပစ္စည်းတွေဟာ သဘာဝအတိုင်း ဖော်စပ် ထုတ်လုပ်ထားတယ် - ဆိုပေမဲ့ အဲဒီထဲ မှာ မာကျူရီ လို့ ခေါ်တဲ့ ပြဒါး၊ (Hydroquinone) ဒါမှမဟုတ် ဆိုဒီယံ ဟိုက်ဒရောက်ဆိုဒ်လိုမျိုး အသားကို တိုက်စားစေတတ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ပါတယ်။ ဒီ ဓာတ်ပစ္စည်းတွေဟာ ကင်ဆာရောဂါဖြစ်စေနိုင်ပြီး အရေပြားရဲ့ ရှိရင်းစွဲအလှကိုတောင် ထိခိုက်ပျက်စီးသွားစေနိုင်ပါတယ်။ အသားအရေ လှပဖို့ သုံးစွဲတဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်အကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် Anne Look သတင်းပေးပို့ထားပါတယ်။ မခွာညို က ပြောပြပေးပါ့မယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment