ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၅၊ ၂ ၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ဆင်ဆာဆက်ရှိမည့် ပုံနှိပ်ဥပဒေကြမ်း သတင်သမားတွေ ကန့်ကွက် "၆၂ ခုနှစ် ဥပဒေနဲ့ အရမ်းတူတဲ့ ဥပဒေတခုကို ပြဌာန်းမယ်ဆိုရင် တချိန်ချိန်မှာ ဆင်ဆာဆိုတာ ပြန်ပြီး ပေါ်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်ပေါ့။ အဲ့ဒါကြောင့် ကန့်ကွက်နေကြတယ်လို့ ထင်ပါတယ်" အပြည့်အစုံ တာဝန်သိရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာကို ဗြိတိန် ပေါင် ၆ သိန်းထောက်ပံ့မည် "မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လူ့အခွင့်အရေးနဲ့ တာဝန်သိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အဖွဲ့အစည်း တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ထောက်ပံ့ငွေ စတာလင်ပေါင် ၆ သိန်း ပေးအပ်လိုက်တဲ့အတွက်" အပြည့်အစုံ USAID အကြီးအကဲ မြန်မာပြည်သွားမည် "လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးရေး၊ အုပ်ချုပ်မှုကောင်း ဖြစ်လာရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အထောက်အပံ့တွေအတွက် USAID အနေနဲ့ မြန်မာနိုင်ငံကို အကူအညီတွေ ပေးသွားဖို့ ရှိနေတာပါ" အပြည့်အစုံ ၂၀၁၅ ရွေးကောက်ပွဲ တိုင်းရင်းသားဒေသမှာ လူမျိုးစုတွေသာ ယှဉ်ပြိုင်လို "ဒီမိုကရေစီအနေနဲ့ ကြည့်ရင်တော့လည်း ဒါ သင့်တော်တဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာ ကျနော်တို့လည်း သဘောပေါက် နားလည်ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ရင်တွင်းခံစားချက် အမှန်ကတော့ ဒီလိုပဲ ရှိနေတာကိုး" အပြည့်အစုံ မအူပင်ဆန္ဒပြပွဲ ပါဝင်သူတွေ တရားစွဲဆိုခံရ "မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီးတော့ တရားလို ပြုလုပ်ပြီး ရွာသူရွာသားတွေကို ၃၀၂ အရ ရဲတဦး သေဆုံးတဲ့အတွက် လူသတ်မှုနဲ့ ရွာသားတွေကို တရားစွဲ လိုက်ပါတယ်" အပြည့်အစုံ မြောက်ကိုရီးယားခေါင်းဆောင် အမေရိကန်သမ္မတနဲ့ ဆွေးနွေးလို "သမ္မတ အိုဘားမားလိုပဲ ကင်ဂျုံအွန်းဟာ ဘက်စကက်ဘော အားကစားကို နှစ်သက်တာကြောင့် ဒီအခြေခံပေါ်မှာ ခေါင်းဆောင်နှစ်ဦး စပြီး ဆက်စပ်နိုင်လိမ့်မယ်လို့ ဒန်းနစ် ရော့မန်း က အကြံပြု" အပြည့်အစုံ အီရန်နျူကလီးယားလုပ်ငန်းတွေ စစ်ဆေးခွင့်ပြုဖို့ IAEA တောင်းဆို "အီရန်ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိရင် သူ့အဖွဲ့အနေနဲ့ အီရန်နိုင်ငံအတွင်း က နျူကလီးယား ထုတ်လုပ်ဖို့ ဆောင်ရွက်နေတဲ့ ပစ္စည်းကိရိယာတွေဟာ ငြိမ်းချမ်းစွာ အသုံးပြုဖို့အတွက် လုပ်နေတာ ဖြစ်တယ်လို့ ကောက်ချက်ချဖို့ရာ မဖြစ်နိုင်ဘူး" အပြည့်အစုံ "အသက် ၂ နှစ်အရွယ် ကလေးမလေးကို သူမွေးပြီးပြီးချင်း နာရီ ၃၀ အကြာမှာ စတင်ပြီး AIDS ရောဂါရှင်တွေအတွက် ပုံမှန်ပေးလေ့ရှိတဲ့ ဆေး ၃ မျိုးကို ပေးပြီး ကုသပေးခဲ့တာပါ" အပြည့်အစုံ မြန်မာနိုင်ငံအပေါ် ဆိုင်းငံ့ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အပြီးသတ် ရုပ်သိမ်းပေးဖို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်က မနေ့က ပန်ကြား၊ ရန်ကုန်မြို့မှာ နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုဆိုင်ရာ ရုံး တခု ဖွင့်လှစ်နိုင်ရေး ဗြိတိန်နိုင်ငံက ပေါင်ငွေ ခြောက်သိန်း ကူညီမှာဖြစ်၊ မြန်မာနိုင်ငံအတွင်း ILO ဌာနေကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရေးအခြေအနေန၊ ILO ဆက်သွယ်ရေးရုံး တာဝန်ခံ Steve Marshall နဲ့ VOA ဆက်သွယ်မေးမြန်းခန်း စတာတွေကို ဒီကနေ့အစီအစဉ်မှာ ရှုစားရမှာပါ။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်း ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ရဲ့ ဌာနေကိုယ်စားလှယ်ရုံး တိုးမြှင့် ဖွင့်လှစ်ရေး ကိစ္စဟာ မြန်မာနိုင်ငံအတွင်း တိုးတက်မှု အခြေအနေတွေကို ILO နှစ်ပတ်လည် ညီလာခံက သုံးသပ်ပြီးမှ ဆုံးဖြတ်မှာဖြစ်တဲ့အကြောင်း ILO ဆက်သွယ်ရေးရုံးတာဝန်ခံ Steve Marshall က ပြောပါတယ်။ ILO ဆက်သွယ်ရေးရုံးတာဝန်ခံ Steve Marshall ကို ဒေါ်ခင်စိုးဝင်း တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ ပြီးခဲ့တဲ့နှစ်က သွေးထွက်သံယို နှိမ်နင်းမှုတွေနဲ့ ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်စစ်ဆေးနေတဲ့ စုံစမ်းရေး ကော်မီတီက မကြာခင် တွေ့ရှိချက် အပြည့်အစုံကို ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့လည်း သံဃာတော်တွေ အပါအ၀င် လက်ပံတောင်း စီမံကိန်း ဆန့်ကျင်လှုပ်ရှားသူတွေကတော့ သူတို့ရဲ့တောင်းဆိုချက်တွေ မရမချင်းဆက်လက် လှုပ်ရှားသွားမယ်လို့ ပြောဆိုပါတယ်။ ကိုကျော်သိင်္ခက တင်ပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုမှာ အစိုးရ အသုံးစရိတ်တွေ မဖြစ်မနေ ဖြတ်ထောက်ဖို့ သမ္မတ Barack Obama သောကြာနေ့ညမှာ လက်မှတ် မထိုးရခင်ထဲက အစိုးရဌာနတော်တော်များများမှာ အသုံးစရိတ်ဖြတ်တောက်ရေး လုပ်ငန်းစဉ်တွေကို စတင်စီစဉ်ခဲ့ကြပါတယ်၊ ဒီအခြေအနေကို ရှောင်လွဲနိုင်ရေး လွှတ်တော်မှာ သဘောတူညီမှု မရတော့တဲ့နောက်မှာ အလိုအလျောက် အသုံးစရိတ်တွေ ဖြတ်ရမဲ့ အခြေအနေ ရောက်တော့မယ်ဆိုတာ သေချာသလောက်ဖြစ်သွားတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတာဖြစ်ပါတယ်၊ အစိုးရအသုံးစရိတ်ထဲက ဒေါ်လာ ၈၅ ဘီလျံလျှော့ချလိုက်ရမဲ့ ဂယက်က စီးပွားရေးအပေါ် ချက်ချင်းကြီး သက်ရောက်မှုရှိမှာ မဟုတ်သေးဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောပေမဲ့ အဲဒီရဲ့ ဂယက်ကတော့ စတင်ရိုက်ခတ်နေပြီဆိုတဲ့အကြောင်း သတင်းထောက် Mil Arcega ရဲ့ သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်၊ အပြည့်အစုံ ၂၀၀၃ ခုနှစ် မတ်လ ၅ ရက် အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ ဘာလင်တံတိုင်းကြီးကို ဖြည်းဖြည်းချင်း ဖြိုချလာနေရာက အခု ကျန်နေတဲ့ အပိုင်းထဲက အရှေ့ဘက်ခြမ်း ပန်းချီပြခန်းဆိုတဲ့ တမိုင်အရှည်ရှိတဲ့ နေရာကို အခု စပြီးဖြိုနေပါပြီ။ ဒါကြောင့် သမိုင်းဝင်ဘာလင်တံတိုင်းကို ဆက်မဖြိုဖို့ တားဆီးကြသူတွေက ခက်ခက်ခဲခဲ တားဆီးနေကြပါတယ်။ ဒီအကြောင်း Michael Scaturro ရဲ့သတင်းပေးပို့ချက်ကို မခွာညိုက တင်ပြပေးထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဆင်ဆာဆက်ရှိမည့် ပုံနှိပ်ဥပဒေကြမ်း သတင်သမားတွေ ကန့်ကွက်
တာဝန်သိရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာကို ဗြိတိန် ပေါင် ၆ သိန်းထောက်ပံ့မည်
USAID အကြီးအကဲ မြန်မာပြည်သွားမည်
၂၀၁၅ ရွေးကောက်ပွဲ တိုင်းရင်းသားဒေသမှာ လူမျိုးစုတွေသာ ယှဉ်ပြိုင်လို
မအူပင်ဆန္ဒပြပွဲ ပါဝင်သူတွေ တရားစွဲဆိုခံရ
မြောက်ကိုရီးယားခေါင်းဆောင် အမေရိကန်သမ္မတနဲ့ ဆွေးနွေးလို
အီရန်နျူကလီးယားလုပ်ငန်းတွေ စစ်ဆေးခွင့်ပြုဖို့ IAEA တောင်းဆို
No comments:
Post a Comment