Saturday, March 16, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မတ်လ ၁၆၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မတ် လ ၁၆၊ ၂၀၁

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မြန်မာဆိုင်ရာ နိုင်ငံခြားအကူအညီ သုံးသပ်ဆွေးနွေးပွဲ မြန်မာဆိုင်ရာ နိုင်ငံခြားအကူအညီ သုံးသပ်ဆွေးနွေးပွဲ
"မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပြီး စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ပေးနေတာဟာ ပြောင်းလဲမှုအားလုံး ပြီးပြည့်စုံသွားပြီလို့ လက်ခံလိုက်တာမျိုး မဟုတ်" အပြည့်အစုံ
 
ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆို အောက်လွှတ်တော် အတည်ပြု ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆို အောက်လွှတ်တော် အတည်ပြု
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီရဲ့ အဆိုတင်သွင်းမှုကို အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး NLD ဘက်ကလည်း သတိနဲ့ ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်းကိစ္စ လူထုနဲ့ဒေါ်စု သဘောမကွဲသင့် လက်ပံတောင်းကိစ္စ လူထုနဲ့ဒေါ်စု သဘောမကွဲသင့်
လက်ပံတောင်းတောင် အစီရင်ခံစာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကြားက နှစ်ပေါင်းများစွာ တွဲလာတဲ့လက်တွေ ပြုတ်မသွားစေလိုကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဒုံးခွင်းစနစ် အမေရိကန်ပြည်ထောင်စုမှာ တပ်ဆင် ဒုံးခွင်းစနစ် အမေရိကန်ပြည်ထောင်စုမှာ တပ်ဆင်
မြောက်ကိုရီးယားက စစ်ရေးအရခြိမ်းခြောက်မှုတွေ တိုးလာတာကို ရင်ဆိုင်ဖို့ အစီအစဉ်တွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ကြေညာလိုက်ပါတယ်။ အပြည့်အစုံ
 
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Rick Barton မြန်မာနိုင်ငံသွား အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Rick Barton မြန်မာနိုင်ငံသွား
မြန်မာနိုင်ငံကို သွားမယ့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြေမြှုပ်မိုင်းရှိတဲ့နေရာမှာ နေသူတွေကို အကူအညီပေးဖို့ ဆွေးနွေးပါမယ်။ အပြည့်အစုံ
 
HIV ပိုးတွေ့ပြီး ချက်ချင်းကုသလျင် AIDS ပပျောက်နိုင် HIV ပိုးတွေ့ပြီး ချက်ချင်းကုသလျင် AIDS ပပျောက်နိုင်
HIV ရောဂါပိုး ကူးစက်ခံရသူတွေကို ဆေးဝါးကုသမှု အလျှင်အမြန် ပေးနိုင်ရင် ပျောက်ကင်းစေတဲ့အထိ ဖြစ်နိုင်တယ် ပြင်သစ် သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
 Cyber တိုက်ခိုက်မှု အမေရိကန်ကို မြောက် ကိုရီးယား စွပ်စွဲ Cyber တိုက်ခိုက်မှု အမေရိကန်ကို မြောက် ကိုရီးယား စွပ်စွဲ
မြောက်ကိုရီးယား အင်တာနက်စာမျက်နှာတွေ ကြည့်လို့မရအောင် အမေရိကန်က ကွန်ပျူတာဆိုင်ဗာနည်းနဲ့ တိုက်ခိုက်တယ်လို့ မြောက်ကိုရီးယားသတင်းတွေကနေ ဖော်ပြထားပါတယ်။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

စီးပွားရှာတဲ့ စစ်တပ်နဲ့ မြေယာသိမ်းယူမှု ပြဿနာ စီးပွားရှာတဲ့ စစ်တပ်နဲ့ မြေယာသိမ်းယူမှု ပြဿနာ
မတ် ၁၆၊ ၂၀၁၃ - အစိုးရစစ်တပ် တိုးချဲ့ မှုနဲ့ မြေယာသိမ်းပိုက်မှု ဆက်စပ်နေပုံကို ဦးအောင်ခင် နဲ့ ကိုဇော်ဝင်းလှိုင်တို့က သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ် တီဗွီသတင်းလွှာ (၀၃-၁၆-၂၀၁၃) နေ့ စဉ် တီဗွီသတင်းလွှာ (၀၃-၁၆-၂၀၁၃)
ဝန်ထမ်းလစာတွေတိုးပေးဖို့ မြန်မာအစိုးရပြင်ဆင်၊အခြေခံဥပဒေပြင်ဆင်ရေးတင်သွင်းတဲ့ အဆိုတရပ် လွှတ်တော်လက်ခံအတည်ပြု၊ အီရတ်ကိုကျူးကျော်တိုက်ခိုက်ခဲ့ တဲ့ စစ်ပွဲ ၁၀ နှစ်ပြည့်သုံးသပ်ချက် ..... စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အမေရိကန်နဲ့ သေနတ်ကိုင်ခွင့် ထိန်းချုပ်ရေး အမေရိကန်နဲ့ သေနတ်ကိုင်ခွင့် ထိန်းချုပ်ရေး
လွန်ခဲ့တဲ့ ၃ လက အမေရိကန် မူလတန်းကျောင်း တခုမှာ သေနတ်ပစ်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက် သေကြေခဲ့ရတဲ့ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီးကို အမေရိကန်ပြည်သူတွေကြားမှာ မမေ့နိုင်ကြသေးပါဘူး။ ဒီဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပြီး ၃ လ အကြာမှာတော့ အမေရိကန် ဥပဒေပြု အမတ်တွေဟာ သေနတ်အသုံးပြုခွင့်အပေါ် ထိန်းချုပ်ဖို့ အတွက် အဆိုပြုချက်တွေ အများအပြား တင်သွင်းလာခဲ့ပါတယ်။ ၀ါရှင်တန်က အမေရိကန် အစိုးရ အတွင်းမှာ ဒီိကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ထွန်းတိုးတက်မှု နှေးကွေးနေပေမယ့်လည်း ပြည်နယ်တွေအကြားမှာတော့သေနတ် ထိမ်းချုပ်ရေး နဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုံမှုတွေ မြင့်တက်လာပါတယ်။ ဗွီအိုအေ သတင်းထောက် Jeff Seldin ရဲ့ သတင်းကို မသိင်္ဂီထိုက်က ပြန်ပြောပြမှာပါ။ အပြည့်အစုံ
 
လက်ပံတောင်းအရေး  နှင့် ဒေါ်စု လက်ပံတောင်းအရေး နှင့် ဒေါ်စု
လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ဒေသခံတွေ ဆက်ပြီး ဆန့်ကျင်နေတဲ့တချိန်တည်းမှာ ဒီအစီရင်ခံစာကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံ ယုံကြည်မှုကို ထိခိုက်နေပြီလားဆိုတဲ့ မေးခွန်းထုတ်မှုနဲ့ စိုးရိမ်မှုတွေ ပေါ်ပေါက်နေပါတယ်။ လက်ပံတောင်းတောင် အစီရင်ခံစာဟာ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာ သက်ရောက်မှု အပေါ် အကဲစမ်းလိုက်တဲ့ စိန်ခေါ်မှုတခုအဖြစ်လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
လက်ပံတောင်း သပိတ်နဲ့ ဒေါ်အောင်ဆန်း စုကြည် လက်ပံတောင်း သပိတ်နဲ့ ဒေါ်အောင်ဆန်း စုကြည်
လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ဒေသခံတွေ ဆက်ပြီး ဆန့်ကျင်နေတဲ့တချိန်တည်းမှာ ဒီအစီရင်ခံစာကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံ ယုံကြည်မှုကို ထိခိုက်နေပြီလားဆိုတဲ့ မေးခွန်းထုတ်မှုနဲ့ စိုးရိမ်မှုတွေ ပေါ်ပေါက်နေပါတယ်။ လက်ပံတောင်းတောင် အစီရင်ခံစာဟာ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာ သက်ရောက်မှု အပေါ် အကဲစမ်းလိုက်တဲ့ စိန်ခေါ်မှုတခုအဖြစ်လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
စနေနေ့ မြန်မာတီဗွီသတင်းများ စနေနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ ခုနှစ် မတ်လ ၁၆ ရက် စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများ ကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
အီရတ်စစ်ပွဲ နှစ်ပတ်လည် အီရတ်စစ်ပွဲ နှစ်ပတ်လည်
အမေရိကန်သမ္မတ ဘရက်အိုဘားမား အစိုးရအဖွဲ့ တက်လာပြီးနောက်ပိုင်းမှာ အီရတ်က အမေရိကန် စစ်သည်အင်အားလျော့ချတာ နောက် သံတမန်အရေအတွက်ကို လျှော့ချလာခဲ့ပါတယ်။ ဒီလို ဆောင်ရွက်လာတာတွေဟာ သူ့အရင် အမေရိကန်သမ္မတ George W. Bush ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်။ အီရတ်ကို တိုက်ခိုက်အပြီး ၁၀ စုနှစ် တနှစ်ကြာပြီးချိန်မှာ အမေရိကန်အနေနဲ့ ဒီစစ်ပွဲကနေ ဘယ်လို ထွက်ခွာခဲ့သလဲဆိုတာကို အမေရိကန်နိုင်ငံခြားရေးဌာန ဆိုင်ရာ ဗွီအိုအေ သတင်းထောက် စကော့စတန်းက သတင်းပေးပို့ထားပါတယ်။ ကိုအောင်အောင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ဝန်ထမ်းလစာနဲ့  ကုန်ဈေးနှုန်း ၀န်ထမ်းလစာနဲ့ ကုန်ဈေးနှုန်း
မြန်မာနိုင်ငံမှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့ ပြင်ဆင်နေတဲ့အ ကြောင်း အစိုးရခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။ ၀န်ထမ်း မဟုတ်တဲ့ အောက်ခြေပြည်သူတွေရဲ့ ၀င်ငွေတိုးလာဖို့လိုသလို ၀န်ထမ်းတွေလစားတိုးတိုင်း တက်လာတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိရောက်အောင် ကာကွယ်ဖို့ လိုမယ်ဆိုပြီး သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။ မိုးမခမီဒီယာက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့် မယ်။ အပြည့်အစုံ
 
ဂျယ်ဂေါင်က မြန်မာလုပ်ငန်းရှင်များ ဂျယ်ဂေါင်က မြန်မာလုပ်ငန်းရှင်များ
တရုတ်မြန်မာနယ်စပ် ဂျယ်ဂေါင်မြို့လေးမှာ အခြေချနေထိုင်ရင်း တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေကို အောင်အောင်မြင်မြင်လည်ပတ်နေတဲ့ မြန်မာမိသားစုတွေက ပြည်တွင်း အခွင့်အလန်းတွေ ပွင့်လာတဲ့နဲ့အမျှ မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ဖို့ စဉ်းစားနေကြတယ်လို့ဆိုပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့တဘက်ခြမ်း တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့က မြန်မာစီးပွားရေးလုပ်ငန်းရှင် ၂ ဦးကို ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ကိုယ်တိုင် တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment