Tuesday, March 19, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မတ်လ ၁၉၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မတ်လ ၁၉၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မြန်မာ့လူ့အခွင့်အရေး အမေရိကန်နဲ့ သြစတြေးလျ ဆွေးနွေး မြန်မာ့လူ့အခွင့်အရေး အမေရိကန်နဲ့ သြစတြေးလျ ဆွေးနွေး
"မြန်မာနိုင်ငံတွင်း မဖြေရှင်းရသေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ အကဲစမ်းချက်တွေ ရှိပေမဲ့လို့ နှိုင်းယှဉ်ချက်အရဆိုရင်တော့ မြန်မာနိုင်ငံက ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်မှုတွေအပေါ်မှာ ကျေနပ်စရာ ဆွေးနွေးခဲ့ပါတယ်" အပြည့်အစုံ
 
လက်ကျန်နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ရှိ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ရှိ
"လူ့အခွင့်အရေး ချိုးဖောက်မှုကလည်း ထောင်အသီးသီးမှာ ရှိနေသေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း ထိုနည်းတူစွာပဲ ရှိနေသေးတယ်။ အပြောင်းအလဲဆိုတာက နည်းနည်းလေး တိုးတက်မှု ရှိတယ်။" အပြည့်အစုံ
 
မြန်မာနဲ့ဆက်ဆံရေး သြစတြေးလျ တိုးမြှင့်သွားမည် မြန်မာနဲ့ဆက်ဆံရေး သြစတြေးလျ တိုးမြှင့်သွားမည်
"ကျနော်တို့နိုင်ငံအနေနဲ့ သြစတြေးလျနိုင်ငံကို နမူနာယူပြီး လေ့လာစရာတွေ အများကြီးရှိပါတယ်။ သြစတြေးလျနိုင်ငံကလည်း ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ လမ်းခရီးအတွက် လိုအပ်တာတွေ ကူညီထောက်ပြပေးစရာတွေကို ကူညီပေးနိုင်မယ်" အပြည့်အစုံ
 
မြန်မာကို လက်နက်တင်ပို့သူတွေထဲ တရုတ်ထိပ်ဆုံးစာရင်းဝင် မြန်မာကို လက်နက်တင်ပို့သူတွေထဲ တရုတ်ထိပ်ဆုံးစာရင်းဝင်
"လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက မြန်မာနိုင်ငံကို လက်နက် ထောက်ပံ့နေတဲ့ နိုင်ငံထဲမှာ တရုတ်က နံပါတ် ၁ ဖြစ်တယ်ဆိုတာကိုတော့ သိထားဖို့ အရေးကြီးပါတယ်။ ဥပမာ ရေယာဉ်ပေါ်ကနေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်လက်နက် မျိုးတွေပါ။" အပြည့်အစုံ
 
နိုင်ငံတကာ

မြောက်ကိုရီးယား အန္တရာယ် အမေရိကန် ကာကွယ်မည် မြောက်ကိုရီးယား အန္တရာယ် အမေရိကန် ကာကွယ်မည်
အပြည့်အစုံ
 
တီဗွီ

 နေ့ စဉ် တီဗွီသတင်းလွှာ (၀၃.၁၉.၂၀၁၃) နေ့ စဉ် တီဗွီသတင်းလွှာ (၀၃.၁၉.၂၀၁၃)
ဒီကနေ့အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အခြေခံ ပိုပြီးခိုင်မာစေရေးအတွက် သြစတေးလျနိုင်ငံက ဒေါ်လာ သန်းနှစ်ဆယ် ကူညီသွားမှာဖြစ်တဲ့အကြောင်း သြစတေးလျဝန်ကြီးချုပ် Julia Gillard က ပြောဆိုတဲ့သတင်း၊ အပြည့်အစုံ
 
အင်္ဂလိပ်စာ သင်ခန်းစာ

Thoughts အတွေးဆိုင်ရာ အီဒီယံအသုံးအနှုန်း Thoughts အတွေးဆိုင်ရာ အီဒီယံအသုံးအနှုန်း
မတ် ၁၈၊ ၂၀၁၃ - ဒီတပတ် to have second thought, food for thought, collect one’s thoughts, lost in thought နဲ့ a penny for your thoughts စတဲ့ အသုံးအနှုန်းများကို တင်ပြထားပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ကိုဌေးကြွယ် DC မြန်မာမိသားစုနဲ့တွေ့ ကိုဌေးကြွယ် DC မြန်မာမိသားစုနဲ့တွေ့
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲတွေ ပေါ်လာနေပြီဆိုပေမယ့်လည်း ပြုပြင်ပြောင်းလဲစရာတွေ အများကြီး ကျန်နေသေးတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ပြောပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန် ရှစ်ဆယ့်ရှစ်မျိုး ဆက် ကျောင်းသားခေါင်းဆောင်တွေထဲက ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အင်အားစုတွေ ပေါ်လာမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောဆိုပါတယ်။ ၀ါရှင်တန်မြို့တော် တ၀ိုက်က မြန်မာ မိသားစုတွေနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် တွေ့ဆုံပွဲအကြောင်း ကိုအောင်အောင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ယဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး နည်းပညာသစ် ယဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး နည်းပညာသစ်
ကမ္ဘာအနှံ့က မြို့ကြီးပြကြီးတွေမှာ အလုပ်လုပ်သူတွေဟာ ယဉ်ကြောပိတ်ဆို့မှုတွေကြောင့် လမ်းတွေပေါ်မှာ အချိန်ကုန်နေကြရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ လော့အိမ်းဂျလိစ်၊ ဆန်ဖရန်စစ္စကို နဲ့ ၀ါရှင်တန်ဒီစီမြို့တော်တွေဟာ ယဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ်တယ်လို့ Texas ပြည်နယ်က A & M ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ပညာပေးအဖွဲ့အစည်းက ပြောပါတယ်။ တချို့ ယဉ်မောင်းတွေကတော့ ဒီ ယဉ်ကြောပိတ်ဆို့တာကို ရှောင်ရှားဖို့ GPS လို့ခေါ်တဲ့ ဂြိုဟ်တုစံနစ်သုံး လမ်းကြောင်းပြ ကိရိယာကို အားကိုးနေရတာပါ။ အခုအခါမှာတော့ ကားကို အိမ်ကနေ စပြီးမထွက်ခင်ကတည်းက ယဉ်ကြောအခြေအနေကို ကြိုတင်ပြောပြနိုင်မယ့် နည်းပညာသစ်တခုပေါ် လာပါပြီ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Elizabeth Lee လော့စ်အိမ်းဂျလိစ်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
ဓာတုပစ္စည်းနဲ့ လူသုံးကုန် အဆိပ်သင့်မှု ဓာတုပစ္စည်းနဲ့ လူသုံးကုန် အဆိပ်သင့်မှု
လျှပ်စစ်ပစ္စည်းတွေကအစ ပရိဘောဂနဲ့ ညအိပ်ဝတ်စုံတွေအဆုံး လူတွေ အသုံးပြုတဲ့ ပစ္စည်းတွေမှာ မီးလောင် မလွယ်တဲ့ အရာဝတ္ထုမျိုး တွေကို အတော်လေး ထည့်သွင်းအသုံးပြုကြတာ တွေ့ရပါတယ်။ တချိန်တုန်းကဆိုရင် ဒီပစ္စည်းမျိုးကို မီးဘေးအန္တရာယ်က ကာကွယ် ရာမှာ အဓိကကျတဲ့အရာအဖြစ် အမေရိကန်နဲ့ တခြား ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ ကုန်ထုတ်လုပ်သူတွေ ထည့်သွင်းအသုံးပြုကြဖို့ အထိ ညွှန်ကြားထားတာပါ။ ဒါပေမဲ့လည်း ဒီဓာတုပစ္စည်းတွေက အဆိပ်သင့် တတ်တဲ့အတွက် ပြဿနာ ဖြစ်လာရပါတယ်။ ဒီပစ္စည်းတွေကို ရှင်းလင်းပစ်နေပေမဲ့လည်း ရေ၊ မြေ နဲ့ လေထုထဲ ပျံ့နှံ့သွရာက - လူတွေရဲ့ ကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်မှုတခု ဖြစ်လာနေပါတာကြောင့် ဒီလိုအဆိပ်သင့်ဓာတ်တွေ ရှိနေတဲ့ ပမာဏကို သိရအောင် တိုင်းတာစစ်ဆေးရတာဟာ ပြသနာတခု ဖြစ်လာနေပါတယ်။ ဗွီအိုအေ သတင်းထောက် အရီကာ စလတ်စ် (Erika Celesta) က သတင်းပေးပို့ ထားတာကိုတော့ မနန္ဒာချမ်း က အပြည့်အစုံ တင်ပြထားပါတယ်။ အပြည့်အစုံ
 
အင်္ဂါနေ့ မြန်မာတီဗွီ သတင်းများ အင်္ဂါနေ့ မြန်မာတီဗွီ သတင်းများ
၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
သမ္မတဦးသိန်းစိန်နဲ့ ၀န်ကြီးချုပ် Gillard သတင်းစာရှင်းလင်းပွဲ သမ္မတဦးသိန်းစိန်နဲ့ ၀န်ကြီးချုပ် Gillard သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အခြေခံတွေ ပိုပြီးခိုင်မာစေဖို့အတွက် အတွက် သြစတေးလျနိုင်ငံက အကူအညီ ဒေါ်လာ သန်း ၂၀ ကူညီပေးအပ်မှာဖြစ်တဲ့အကြောင်း သြစတေးလျ ၀န်ကြီးချုပ် Julia Gillard က မနေ့က မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွက် သြစတေးလျနိုင်ငံဘက်က စစ်ဖက်ဆိုင်ရာ ထောက်ပံ့မှု ကန့်သတ်ချက်တွေကို လျော့ချပေးမှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ သုံးရက်ကြာ သြစတေးလျ ခရီးစဉ်နဲ့ပတ်သက်ပြီး ဒေါ်ခင်မျိုးသက်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment