ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၂ ၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ အရေးပေါ်ကြေညာပြီး မိတ္ထီလာငြိမ်သက် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက် လမ်းတွေပေါ်မှာ စစ်တပ်က တာဝန်ယူထားလိုက်ပြီး အခြေအနေ ငြိမ်သက်သွားပြီလို့ ဒေသခံ NLD ပါတီဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။ အပြည့်အစုံ အင်တာနက်လွတ်လပ်ခွင့်ပေးဖို့ Google ဥက္ကဋ္ဌတိုက်တွန်း မြန်မာနိုင်ငံရဲ့ ဟောင်းနွမ်းနေတဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အခြေခံ အဆောက်အဦးတွေကို ပြုပြင်ဖို့ လိုအပ်ကြောင်း Google ကုမ္ပဏီအကြီးအကဲက ရန်ကုန်မှာရှိခိုက် ပြောပါတယ်။ အပြည့်အစုံ အရေးပေါ်မကြေညာမီ မိတ္ထီလာအခြေအနေ လုယက်မှုတွေကို မိတ္ထီလာမြို့ခံတွေက ကျူးလွန်တာမဟုတ်ဘဲ အနားဝန်းကျင်ကလူတွေ တုတ်၊ ဓားတွေနဲ့ ဝင်လာပြီး ကျုးလွန်နေတာကြောင့် ဒေသခံတွေက မီးရှို့မှာကို စိုးရိမ်နေကြပါတယ်။ အပြည့်အစုံ မိတ္ထီလာ အရေးပေါ် အခြေအနေကြေညာ "လက်ရှိ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ဥပဒေက ပေးထားတဲ့အတိုင်း အကောင်းဆုံးဖြစ်အောင် လုပ်သွားပါမယ်။" ( ဦးရဲထွဋ်- ဒု-ပြန်ကြားရေးဝန်ကြီး) အပြည့်အစုံ နိုင်ငံတကာ မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၃၀ နီးပါး သြစတြေးလျမှာ ဖမ်းမိ နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်း အဖွဲ့ဝင် ၂ ဒါဇင်ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ သြစတေးလျ ရဲတပ်ဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။ အပြည့်အစုံ တရုတ်သမ္မတရဲ့ ရုရှားခရီးစဉ် တရုတ်သမ္မတ Xi Jinping ဟာ သူ့ရဲ့ သမ္မတသက်တမ်းမှာ စီးပွားရေးနဲ့ မဟာဗျူဟာအကျိုးစီးပွားတွေတိုးမြှင့်ဖို့ ပထမဆုံးခရီးစဉ်အဖြစ် ရုရှားနိုင်ငံကို သွားခဲ့ပါတယ်။ အပြည့်အစုံ ပုဂ္ဂလိကကုမ္မဏီ နဲ့ မြေယာသိမ်းယူမှု ပြဿနာ မတ် ၂၃၊ ၂၀၁၃ - အစိုးရရဲ့  လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကြောင့် ပုဂ္ဂလိက ကုမ္မဏီလက်ထဲ မြေယာတွေ ရောက်သွားပုံကို သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ . အပြည့်အစုံ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့မှာ ရုန်းရင်းဆန်ခတ် ပဋိပက္ခတွေ ကြီးထွားလာရာက အခုနောက်ဆုံး အစိုးရက အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေ၊ လုယက်ဖျက်ဆီးမှုတွေ ကြုံနေရတဲ့အတွက် အစိုးရက စစ်တပ်အကူအညီနဲ့ လုံခြုံရေးကို ထိန်းသိမ်းသွား မှာ ဖြစ်တယ်လို့လည်း သမ္မတရုံးက ပြောပါတယ်။ မတ္ထီလာမြို့မှာ ဖြစ်ပွါးနေတဲ့ အခြေအနေ၊ နိုင်ငံတကာရဲ့ တုန့်ပြန်မှု အကြောင်းစတာတွေကို ကိုအောင်အောင်က တင်ပြပေးသွားမှာပါ။ အပြည့်အစုံ မိထ္ထီလာမြို့မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း လမ်းပေါ်မှာ အကြမ်းဖက် ဆူပူမှုတွေကို မတွေ့ရသလောက် ဖြစ်သွားပြီလို့ ဒေသခံတချို့က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ ဒါပေမယ့်လည်း မွတ်ဆလင်တွေပိုင်တဲ့ စတိုးဆိုင်တွေကို ဖျက်ဆီးပြီးတော့ ပစ္စည်းတွေယူတာ၊ အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တွေကနေ ၊ ရေခဲသေတ္တာလို ပစ္စည်းမျိုးတွေ လုယူတာတွေ ရှိခဲ့ပါတယ်။ မိထ္ထီလာမြို့အခြေအနေကို ကိုယ်တိုင် သတင်းသွားယူတဲ့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုရော်နီညိမ်းက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ ဆက်သွယ်ရေးလုပ်ငန်းတွေကို ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပြုရေး၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အားပေးရေးတိုက်တွန်းလိုက်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးနယ်ပယ်အသီးသီးအတွက် အကျိုးရှိရှိ အသုံးချနိုင်အောင် Google ကုမ္မဏီက ဒီနှစ်အတွင်း မြန်မာပြည်မှာ လုပ်ငန်းတွေ စတင်ဖို့ရှိတယ်လို့ လည်း ဆိုပါတယ်။ Google ကုမ္မဏီအကြီးအကဲ Eric Schmidt ရဲ့ တွေ့ဆုံပွဲအကြောင်း ဒေါ်ခင်စိုးဝင်းက ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
အရေးပေါ်ကြေညာပြီး မိတ္ထီလာငြိမ်သက်
အင်တာနက်လွတ်လပ်ခွင့်ပေးဖို့ Google ဥက္ကဋ္ဌတိုက်တွန်း
အရေးပေါ်မကြေညာမီ မိတ္ထီလာအခြေအနေ
မိတ္ထီလာ အရေးပေါ် အခြေအနေကြေညာ
နိုင်ငံတကာ မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၃၀ နီးပါး သြစတြေးလျမှာ ဖမ်းမိ
တရုတ်သမ္မတရဲ့ ရုရှားခရီးစဉ်
ပုဂ္ဂလိကကုမ္မဏီ နဲ့ မြေယာသိမ်းယူမှု ပြဿနာ
No comments:
Post a Comment