Friday, March 22, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မတ်လ ၂၂၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မတ်လ ၂၂၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု အမေရိကန်ဦးစားပေးမည် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု အမေရိကန်ဦးစားပေးမည်
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အရင်နဲ့မတူ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစေရေးဟာ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံမူဝါဒနဲ့ပတ်သက်လို့ ဦးစားပေး ကူညီဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ အစိုးရပိုင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
မိတ္တီလာအရေး နိုင်ငံတကာစိုးရိမ် မိတ္တီလာအရေး နိုင်ငံတကာစိုးရိမ်
မိတ္တီလာမြို့က အကြမ်းဖက်မှုတွေအပေါ် နိုင်ငံတကာက စိုးရိမ်မှုတွေ တိုးလာနေ သလို နောက်ကွယ်က လှုံ့ဆော်မှုတွေရှိတယ် လို့လည်း ယူဆမှုနေကြပေမဲ့ နားလည်မှုလွဲနေတဲ့ လူမှုအသိုင်း အ၀ိုင်းကြား ပြန်လည် သင့်မြတ်လာအောင် အစိုးရနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ ကြိုးပမ်းနေတာတွေကိုလည်း အသိအမှတ်ပြု ကြိုဆိုကြပါတယ်။ အပြည့်အစုံ
 
မိတ္ထီလာအခြေအနေ ငြိမ်သက်မှုမရှိသေး မိတ္ထီလာအခြေအနေ ငြိမ်သက်မှုမရှိသေး
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့မှာ ရွှေဆိုင်ကနေစတင်လိုက်တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် မနေ့ညက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမဲ့ အခြေအနေဟာ အေးဆေးငြိမ်သက်မသွားသေးဘဲ ဒီကနေ့ နေ့ခင်းပိုင်းထိ မီးရှို့တာတွေ၊ ရိုက်နှက်သတ်ဖြတ်တာတွေ ဆက်လက်ဖြစ်ပွားနေပြီး အနည်းဆုံး လူ၁၀ယောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ အပြည့်အစုံ
 
ဝန်ကြီးချုပ်ဟောင်း Blair မြန်မာခရီးစဉ် ပွင့်လင်းမှုရှိသင့် ၀န်ကြီးချုပ်ဟောင်း Blair မြန်မာခရီးစဉ် ပွင့်လင်းမှုရှိသင့်
"သူ့အနေနဲ့ ဘာကြောင့် မြန်မာနိုင်ငံကို သွားတယ်။ ဘာတွေလုပ်နေတယ် ဆိုတဲ့အပေါ်မှာ ပွင့်ပွင့်လင်းလင်း မရှိတဲ့အပေါ်မှာရော၊ လူ့အခွင့်အရေးကိစ္စမှာ အာရုံထား ဆောင်ရွက်ခြင်း မရှိတဲ့ အပေါ်မှာပါ ကျနော်တို့ တကယ်ကို စိတ်ပျက်မိပါတယ်" အပြည့်အစုံ
 
နိုင်ငံတကာ

အစ္စရေးလုံခြုံရေး သမ္မတအိုဘားမား အာမခံချက်ပေး အစ္စရေးလုံခြုံရေး သမ္မတအိုဘားမား အာမခံချက်ပေး
အစ္စရေးလူငယ်တွေကိုလည်း ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တာဟာ အစ္စရေးနိုင်ငံ အမှန်တကယ် လုံခြုံမှုရှိလာဖို့အတွက် တခုတည်းသောနည်းလမ်းဖြစ်တယ်လို့ အမေရိကန်သမ္မတက တိုက်တွန်းပြောကြားလိုက်ပါတယ်။ အပြည့်အစုံ
 
မြန်မာကို ကုန်သွယ်ရေးခွန် ကင်းလွတ်ခွင့် ဥရောပပါလီမန်တွင်း တင်သွင်း မြန်မာကို ကုန်သွယ်ရေးခွန် ကင်းလွတ်ခွင့် ဥရောပပါလီမန်တွင်း တင်သွင်း
ဥရောပဈေးကွက်တွေကို မြန်မာနိုင်ငံအနေနဲ့ အခွန်ကင်းလွတ်စွာ၊ ကုန်ပစ္စည်းပမာဏ အပေါ်သတ်မှတ်တဲ့ ကိုတာကင်းလွတ်စွာနဲ့ ကုန်သွယ်နိုင်ရေး ဥရောပသမဂ္ဂက ပြန်ခွင့်ပေးဖို့ ဥရောပပါလီမာန် နိုင်ငံတကာကုန်သွယ်ရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီးယား လူ့အခွင့်အရေးကော်မရှင် ကုလ ဖွဲ့စည်း မြောက်ကိုရီးယား လူ့အခွင့်အရေးကော်မရှင် ကုလ ဖွဲ့စည်း
မြောက်ကိုရီးယားနိုင်ငံက တချို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်တွေအပေါ် ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေတောင်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂကပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
အာရှအမေရိကန် စစ်စခန်းတွေကို မြောက်ကိုရီးယား ခြိမ်းခြောက် အာရှအမေရိကန် စစ်စခန်းတွေကို မြောက်ကိုရီးယား ခြိမ်းခြောက်
ဂွမ်ကျွန်းနဲ့ ဂျပန်နိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှု ပြုလုပ်နိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေး ပြောကြားလိုက်ပါတယ်။ အပြည့်အစုံ
 
ပါလက်စတိုင်းနဲ့ အစ္စရေးငြိမ်းချမ်းရေးဆွေးနွေးဖို့ အိုဘားမား တိုက်တွန်း ပါလက်စတိုင်းနဲ့ အစ္စရေးငြိမ်းချမ်းရေးဆွေးနွေးဖို့ အိုဘားမား တိုက်တွန်း
အစ္စရေးနဲ့ ပါလက်စတိုင်းအကြား တည်ရှိနေတဲ့ ဖြေရှင်းမရနိုင်တဲ့ ပြဿနာတွေ အရင် ပြေလည်အောင် လုပ်ဆောင်နေတာထက် အခြေခံကျတဲ့ ပြဿနာတွေကစပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ က တိုက်တွန်း လိုက်ပါတယ်။ အပြည့်အစုံ
 
စကားပြောကြရအောင်

နွေဦးတေးသံ နွေဦးတေးသံ
အမေရိကန်ပြည်ထောင်စုမှာ မနေ့က မတ်လ ၂၀ရက်နေ့ ကပဲ နွေဦးပေါက် ရာသီကို ရောက်ပါပြီ။ ရာသီဥတုကတော့ တချို့ နေ့ တွေမှာ တော်တော်လေးပဲ ချမ်းအေး ဆဲရှိနေပါတယ်။ ဒါပေမဲ့လည်း တချို့နေ့တွေမှာဆိုရင်တော့ နွေဦးရဲ့ လေပြေနဲ့အတူ ပူနွေးမှုကို ခံစားနေရပြီမို့ ရာသီအလိုက် သီချင်းလေးတွေနဲ့ မိတ်ဆက်ပေးထားပါတယ်။ အပြည့်အစုံ
 
အမေရိကန် နိုင်ငံရေး

အမေရိကန်နိုင်ငံရေးနဲ့ အစ္စရေး အမေရိကန်နိုင်ငံရေးနဲ့ အစ္စရေး
အာရပ်နိုင်ငံ ပတ်လည်ဝိုင်းနေတဲ့ အစ္စရေးနိုင်ငံရဲ့ စိုးရိမ်ပူပန်မှုနဲ့ အကာအကွယ်ပြုမှုတွေအကြောင်း ဒီတပတ် အမေရိကန်နိုင်ငံရေးမှာ နားဆင်ရပါမယ်။ အပြည့်အစုံ
 
နေ့စဉ် တီဗွီသတင်းလွှာ

 နေ့ စဉ် တီဗွီသတင်းလွှာ (၀၃.၂၂.၂၀၁၃) နေ့ စဉ် တီဗွီသတင်းလွှာ (၀၃.၂၂.၂၀၁၃)
ဒိကနေ့အစီအစဉ်မှာ မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့မှာ ရွှေဆိုင်ကနေစတင်လိုက်တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပေမဲ့ မနေ့က နေ့ခင်းပိုင်းထိ မီးရှို့တာတွေ၊ ရိုက်နှက် သတ်ဖြတ်တာတွေ ဆက်လက်ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေ ရှိတဲ့အကြေင်း သတင်းတွေ၊ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ကုလသမဂ္ဂက အဖွဲ့အစည်းတွေက စိုးရိမ်တဲ့အကြောင်း ပြောဆိုကြတဲ့သတင်းတွေအပါအ၀င် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

သောကြာနေ့ မြန်မာတီဗွီသတင်းများ သောကြာနေ့ မြန်မာတီဗွီသတင်းများ
မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံး အခြေအနေ ဆိုင်ရာ သတင်းတွေနဲ့ နိုင်ငံတကာရဲ့ တုန့်ပြန်မှု အပြည့်အစုံ
 
Asia Society ဒု-ဥက္ကဌ Suzanne DiMaggio နဲ့ VOA Asia Society ဒု-ဥက္ကဌ Suzanne DiMaggio နဲ့ VOA
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် Asia Society ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေနဲ့အတူ ရင်ဆိုင်နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေကို ဆန်းစစ်ဖို့ တပတ်ကြာခရီးရောက်ရှိနေပါတယ်။ အမေရိကန်-မြန်မာ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာတာကြောင့် တရုတ်နဲ့ ဆက်ဆံရေးကြဲဖို့မဟုတ်ဘဲ အမေရိကန်-မြန်မာ-တရုတ် သုံးပွင့်ဆိုင်ဆက်ဆံရေးအရ၊ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်လို့ Asia Society ဒု-ဥက္ကဌ Suzanne DiMaggio က ပြောဆိုလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက Asia Society ဒု-ဥက္ကဌ Suzanne DiMaggio ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
ကင်ဆာဝေဒနာရှင်တွေ အလှမပျက်ဖို့ ကင်ဆာဝေဒနာရှင်တွေ အလှမပျက်ဖို့
ဓါတ်ကင်တဲ့နည်းနဲ့ ဆေးကုသမှုခံယူနေကြတဲ့ ကင်ဆာဝေဒနာရှင် အများအပြားဟာ ရောဂါသက်သာစေဖို့ ကုထုံးကရလာတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ဆံပင်ကျွတ်တာ၊ အရေပြားပျက်စီးတာတွေစတဲ့ ထိခိုက်မှုကို သုတေသနလေ့လာချက်တွေကတွေ့ ရှိခဲ့ကြပါတယ်။ အခုအခါမှာတော့ နေလို့လဲကောင်း ကြည့်လို့လဲကောင်း လို့ အမည်ပေးထားတဲ့ အစီစဉ်သစ်မှာ ဆေးဝါးအပြင် မိတ်ကပ်အကူပါ ဝေဒနာရှင်တွေကို ကုစားပေးနေပါပြီ။ ဗွီအိုအေသတင်းထောက် Sarah Zaman ရဲ့သတင်းကို မနန္ဒာချမ်းက တင်ပြထားပါတယ်။ အပြည့်အစုံ
 
ရှစ်ဆယ့်ရှစ် မျိုးဆက်နဲ့ အနာဂတ်နိုင်ငံရေး ရှစ်ဆယ့်ရှစ် မျိုးဆက်နဲ့ အနာဂတ်နိုင်ငံရေး
မန်မာနိုင်ငံမှာ လွှတ်တော်အတွင်း ဒီမိုကရေစီကနေ ပြုပြင်ပြောင်းလဲဖို့ ဆိုရင် လွှတ်တော်အတွင်းမှာ ဒီမိုကရေစီ အင်အားစုတွေ နေရာအများစု ရှိဖို့ လိုအပ်သလိုပဲ။ မြန်မာ့နိုင်ငံ့ရေးမှာ ၈၈ မျိုးဆက်တွေအနေနဲ့ ခိုင်မာတဲ့ နိုင်ငံရေးအင်အားစုအဖြစ် ပေါ်ပေါက်လာဖို့ ရှိတယ်လို့ ဂဂ မျိုးဆက် အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဌေးကြွယ်က ပြောဆိုပါတယ်။ ၀ါရှင်တန်မြို့တော့ ဗွီအိုအေ ရုံးချုပ်ကို ရောက်လာတဲ့ ကိုဌေးကြွယ်ကို ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
ကချင်ဒေသ မူးယစ်ဆေးပြဿနာ ကချင်ဒေသ မူးယစ်ဆေးပြဿနာ
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေအပြင် လူမှုရေးပြဿနာ တခုအဖြစ် မူးယစ်ဆေးစွဲတဲ့ ကိစ္စဟာ ကြီးမားတဲ့ စိမ်ခေါ်မှုတခု ဖြစ်နေပါတယ်။ ကချင်ပြည်နယ်တွင်း တချို့ဒေသတွေမှာ လူငယ်တွေ ဘိန်းဖြူစွဲနေကြတဲ့နှုန်းဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးလို့တောင် ဆိုကြပါတယ်။ လူငယ်တွေကြား ကြီးထွားနေတဲ့ မူးယစ်ဆေးစွဲတဲ့ ပြဿနာကိုတော့ အခုအခါ ဘာသာရေးနဲ့ တဖက်တလမ်းကနေ ကုစားပေးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ အကြောင်းကိုတော့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment