ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၂၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မဲ့စရင်းစခန်း မီးဘေးဒုက္ခသည်တွေ UNHCR ဦးဆောင်ကူညီ "လူတွေအနေနဲ့ သူတို့နေအိမ်တွေကို ပြန်နေကြဖို့ သိပ်ကို ခြောက်ခြား ကြောက်လန့်နေ ကြတဲ့အတွက် ယာယီနေရာတွေမှာ သူတို့တွေကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးမှုတွေ လုပ်နေ ကြပါတယ်" အပြည့်အစုံ ဘာသာရေးပဋိပက္ခ ပျံ့နှံ့မှု အမေရိကန်စိုးရိမ် "မြန်မာအာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားပြီး တရားဥပဒေနဲ့အညီ ကိုင်တွယ်မှုတွေနဲ့ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ ပြန်ရောက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ အိုးအိမ်မဲ့ခဲ့ရသူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးသွားဖို့ ကျနော်တို့ တိုက်တွန်းပါတယ်" အပြည့်အစုံ ဘာသာရေးအကြမ်းဖက်မှု တိကျစွာအရေးယူဖို့ ကုလတောင်းဆို "အသေအချာ ပြောနိုင်တာကတော့ တိုက်ခိုက်မှုတွေဟာ တကယ့်ကို ပစ်မှတ်ထားပြီး ဆောင်ရွက်ကြတာပါ။ မူဆလင်အိမ်တွေ ဟုတ် မဟုတ်ဆိုတာကို အသေအချာ ခွဲပြီး တိုက်ခိုက်မှုတွေ လုပ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူတွေ ရှိသလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး" အပြည့်အစုံ "မူဆလင် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ပဋိပက္ခကို ပိုပြီးတော့ ဆိုးမလာအောင်လို့ တားတဲ့အနေနဲ့ ၁၄၄ ထုတ်တာ ဖြစ်ပါတယ်ခင်ဗျ။ အခုလက်ရှိ မြို့လူထုကတော့ ဘယ်လို ခေါ်မလဲဆိုတော့ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ ကြောက်ကြတာပေါ့လေ" အပြည့်အစုံ ပုဂ္ဂလိကသတင်းစာ ၈ စောင် ထုတ်ဝေခွင့်ပြု "၃ ခုကတော့ ဧပြီလ ၁ ရက်နေ့ ထွက်မယ်လို့ တရားဝင် ကြေညာထားတာရှိတယ်။ သို့သော် တော်တော်များများကတော့ ဧပြီ ၁ ရက်နေ့ ထွက်နိုင်မယ် မထင်သေးဘူး။" အပြည့်အစုံ မိတ္ထီလာဆူပူမှု သေဆုံးသူ ၄၀ ရှိကြောင်း အစိုးရ ကြေညာ "ကျနော်တို့ အခု လောလောဆယ်အခြေအနေမှာက သူတို့ကိုလည်း ကျနော်တို့ က ပြန်စောင့်ကြည့်၊ သူတို့ကလည်း ကျနော်တို့ကို ပြန်စောင့်ကြည့် အဲ့လို အခြေအနေမျိုးတော့ ရှိတယ်" အပြည့်အစုံ Secret Service အကြီးအကဲ ပထမဆုံး အမျိုးသမီးခန့်အပ် "အဆိုပါ ထောက်လှမ်းရေးဌာနဟာ သမ္မတနဲ့ သူရဲ့မိသားစုကို အကာအကွယ်ပေးတဲ့ ဌာနလည်း ဖြစ်ပါတယ်။" အပြည့်အစုံ လိင်တူထိမ်းမြားမှု နိုင်ငံတော် တရားရုံးချုပ်ကြားနာ "လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့်ကို တားမြစ်တဲ့ California ဥပဒေတရပ်အပေါ်မှာ အင်္ဂါနေ့တုန်းက အမေရိကန် တရားရုံးချုပ်ကနေ တနာရီကျော် ကြားနာ စစ်ဆေးပါတယ်" အပြည့်အစုံ မထ္ထီလာဒုက္ခသည်တွေအတွက်အမေရိကန်က ဒေါ်လာတသိန်းလှူမည်၊ မြန်မာနိုင်ငံသွားမယ့် အမေရိကန်နဲ့ သြစတေးလျနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေသတိပေး၊ပဲခူးမှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ... စသည် အပြည့်အစုံ ၂၀၁၃ခုနှစ်မတ်လ၂၇ရက်ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ တောင်နဲ့ မြောက်အမေရိကတိုက် နိုင်ငံတွေနဲ့ အာရှဒေသ ကုန်သွယ်ရေး ဆွေးနွေးမှုတွေမှာ ဂျပန်က ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ကုန်သွယ်ရေး ဈေးကွက်ချဲ့ထွင်မယ့် ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး ဒေသတွင်း စီးပွါးရေး အင်အားကြီး နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံ တနိုင်ငံပဲ မပါဝင်ပဲ ကျန်ရစ်နေတဲ့အတွက် ဒီကိစ္စအပေါ် သုံးသပ်ဝေဖန်မှုတွေ အမျိုးမျိုး ရှိနေပါတယ်။ ဒီအကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ရဲ့ VOA သတင်းထောက် Scott Stearns သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။ အပြည့်အစုံ အမေရိကန် ပြည်ထောင်စုမှာ အခုအခါမှာတော့ နွေဦးရာသီကို ကူးပြောင်းခဲ့ပြီဖြစ်ပါတယ်။ မြို့တော်ဝါရှင်တန်ဒီစီကို အလည်လာကြ တဲ့ ခရီးသွားဧည့်သည်တွေကတော့ နွေဦးရာသီရဲ့ အားပျော့တဲ့ အပူချိန်အောက်မှာ ချယ်ရီပန်းတွေကို ကြည့်ရှုခွင့်ရဖို့ မျှော်လင့်နေကြ တာပါ။ ဒါပေမယ့် ဒီနွေဦးရာသီမှာပဲ နှင်းမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အတွက် ဒီအခြေအနေက ချယ်ရီပန်းတွေကို ကြည့်ရှုဖို့လာကြတဲ့ ခရီးသွားဧည့်သည်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ရာသီဥတုအေးနေသေးပေမယ့် အပြင်ထွက်ပြီး ချယ်ရီပန်းကြည့် ရှုသူတွေကိုတော့ တွေ့နေရပါပြီ၊ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Marcus Harton ရဲ့ သတင်းဆောင်းပါးကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။ အပြည့်အစုံ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ လူသေဆုံးထိခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ အရေအတွက်ဟာ ၄၀ အထိ ရှိခဲ့ပြီး အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်တဲ့အကြောင်း အစိုးရက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း မြို့ခံတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ သွေးထွက်သံယို ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြဆဲပါ။ မိတ္ထီလာမြို့က နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဘာသာရေးပဋိပက္ခ ပျံ့နှံ့မှု အမေရိကန်စိုးရိမ်
ဘာသာရေးအကြမ်းဖက်မှု တိကျစွာအရေးယူဖို့ ကုလတောင်းဆို
ပုဂ္ဂလိကသတင်းစာ ၈ စောင် ထုတ်ဝေခွင့်ပြု
မိတ္ထီလာဆူပူမှု သေဆုံးသူ ၄၀ ရှိကြောင်း အစိုးရ ကြေညာ
Secret Service အကြီးအကဲ ပထမဆုံး အမျိုးသမီးခန့်အပ်
လိင်တူထိမ်းမြားမှု နိုင်ငံတော် တရားရုံးချုပ်ကြားနာ
No comments:
Post a Comment