Thursday, March 28, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မတ်လ ၂၈၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မတ် လ ၂ ၈၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ရိုဟင်ဂျာဒုက္ခသည်ရှေ့ရေး HRW ပူပန် ရိုဟင်ဂျာဒုက္ခသည်ရှေ့ရေး HRW ပူပန်
"ပထမဆုံး ကျနော်တို့ရဲ့ စိုးရိမ်မှုက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်တင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင် အားလုံးအတွက် စိုးရိမ်တာပါ" အပြည့်အစုံ
 
ဘာသာရေးပဋိပက္ခ ရေရှည်အဖြေရှာဖို့ ကုလ တိုက်တွန်း ဘာသာရေးပဋိပက္ခ ရေရှည်အဖြေရှာဖို့ ကုလ တိုက်တွန်း
"မိတ္ထီလာမှာဖြစ်တဲ့ ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေမှာ ပတ်သက် ဆက်နွယ်သူတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်လူမျိုး ပဲဖြစ်ဖြစ် ထိထိရောက်ရောက်အရေးယူပြဖို့ လိုပါတယ်" အပြည့်အစုံ
 
မင်းလှအကြမ်းဖက်မှု ရာဘာကျည်နဲ့ လူစုခွဲ
"ဗုဒ္ဓဘာသာထဲက လှုံ့ဆော်မှုကြောင့် တချို့ နိုင်ငံရေး ပယောဂ ရှိမယ်။ တချို့ ပစ္စည်းလို ချင်တဲ့ တောကြောင်တွေ ရှိမယ်။ ဒီလိုလူတွေက လုပ်တာပါ။ ဗုဒ္ဓသာသနာနဲ့ မပတ်သက် ဘူးလို့ ကျနော်တို့ ယူဆပါတယ်" အပြည့်အစုံ
 
ဆူပူအကြမ်းဖက်မှုတွေ မြေလတ်တလွှား ဆက်ဖြစ် ဆူပူအကြမ်းဖက်မှုတွေ မြေလတ်တလွှား ဆက်ဖြစ်
"မိတ္ထီလာမြို့ အကြမ်းဖက် တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ရှိနေသူတွေကို သိထားပြီးဖြစ် သလို၊ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာတွေ ရှိ တယ်လို့လည်း တာဝန်ရှိသူတွေက ပြောထားပါတယ်" အပြည့်အစုံ
 
နိုင်ငံရေးဦးဆောင်မှုမှာ တပ်မတော်ပါဝင်မှု ဦးစီးချုပ်ပြောကြား နိုင်ငံရေးဦးဆောင်မှုမှာ တပ်မတော်ပါဝင်မှု ဦးစီးချုပ်ပြောကြား
"အမျိုးသား ညီညွတ်ရေးနဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် ဖို့အတွက် စစ်ဘက် အင်အားတောင့်တင်းဖို့ လိုတယ်ဆိုပြီးတော့ ထောက်ပြ ပြောဆိုခဲ့ပါတယ်" အပြည့်အစုံ
 
နိုင်ငံတကာ

တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ
"ငလျင်ကြောင့် နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ ကယ်ဆယ်ရေးဌာနတွေကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်" အပြည့်အစုံ
 
တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက် တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက်
"မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေးမှာ နောက်ဆုံး ကျန်နေ သေးတဲ့ စစ်ဘက်အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက်လိုက်ပြီလို့ ပြော လိုက်ပါတယ်" အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ဒီမိုကရေစီခရီး နဲ့ ဆူးငြောင့်ခလုတ်များ ဒီမိုကရေစီခရီး နဲ့ ဆူးငြောင့်ခလုတ်များ
မတ် ၂၇၊ ၂၀၁၃ - မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီရေး ပြပြုပြောင်းလဲမှုကို ဘယ်လောက်အထိ အဟန့်အတားဖြစ်စေပါသလဲ။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ (၀၃၊၂၈၊၂၀၁၃) နေ့ စဉ်တီဗွီသတင်းလွှာ (၀၃၊၂၈၊၂၀၁၃)
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရေးမှာစစ်တပ်ရဲ့ အခန်းကဏ္ဍအကြောင်း ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ တပ်မတော်နေ့ အခမ်းအနားက ပြောကြားချက်တွေ၊ မြန်မာနို်င်ငံမှာ နေ့ စဉ်သတင်းစာထုတ်ဝေခွင့်ရတော့မယ့် အခြေအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေအကြောင်း...စတဲ့သတင်း အပြည့်အစုံ
 
ဗွီဒီယိုသတင်း

နေ့စဉ်ထုတ်သတင်းစာနဲ့ စာပေလွတ်လပ်ခွင့် နေ့စဉ်ထုတ်သတင်းစာနဲ့ စာပေလွတ်လပ်ခွင့်
လာမယ့်ဧပြီလ ၁ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာလက်ရှိထုတ်ဝေနေတဲ့ ဂျာနယ် ၁၆စောင်ကို နေ့စဉ်သတင်းစာ အဖြစ် အာဏာပိုင်တွေက ထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နှစ်၅၀ အတွင်းနေ့စဉ်ထုတ် သတင်းစာကို အခုလိုပြန်လည်ထုတ်လည် ခွင့်ရတာဖြစ်ပါတယ်။ အသစ်ရေးဆွဲလိုက်တဲ့ မီဒီယာ ဥပဒေကြမ်းနဲ့ သတင်းမီဒီယာ အပေါ် တင်းတင်းကျပ်ကျပ်ထိန်းချုပ်မှုတွေနဲ့ ပတ်သက်ပြီး မကျေမနပ်မှုတွေ ရှိနေတဲ့ ကြားမှာ အခုလို သတင်းစာတွေ ထုတ်ဝေခွင့်ရပေမဲ့ အခြေအနေ နောက်ကြောင်းပြန်လှည့် မှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဗွီအိုအေသတင်းထောက် Mark Snowiss ပေးပို့ထားတဲ့သတင်းကို မမေစန္ဒီက ပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီးယား ခြိမ်းခြောက်မှု မြောက်ကိုရီးယား ခြိမ်းခြောက်မှု
မြောက်ကိုရီးယားဒုံးကျည်တွေဟာ အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်းစုမှာရှိတဲ့ ဂူအမ်ကျွန်း နဲ့ အမေရိကန် ပြည်မကြီး အထိ ရောက်အောင်ပစ်နိုင်တယ်ဆိုပြီး မြောက်ကိုရီးယားက အမေရိကန် ပြည်ထောင်စုကို ခြိမ်းခြောက်လိုက်ပါတယ်။ မြောက် ကိုရီးယားနိုင်ငံအနေနဲ့သူ့ရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ရေး အစီအစဉ်ကို စွန့်လွှတ်ဖို့ နဲ့ တောင်ကိုရီးယားနိုင်ငံအပေါ် ရန်စနေ တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ တောင်ကိုရီးယားသမ္မတ က ပြောလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ အခုလိုမြောက်ကိုရီးယား က ခြိမ်းချောက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Jeff Custer ပေးပို့ထားတဲ့ သတင်းကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
အစ္စလာမ် သာသနာရေး ကောင်စီ သဘောထား အစ္စလာမ် သာသနာရေး ကောင်စီ သဘောထား
မိတ္ထီလာမြို့က စတင်လိုက်တဲ့ အကြမ်းဖက်မှုတွေက အခြားဒေသတွေကို ကူးစက်နေပါတယ်။ အစ္စလာမ် သာသနာရေး ကောင်စီရဲ့ တွဲဖက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေကတော့ အကြမ်းဖက်မှုတွေကို အစိုးရ အနေနဲ့ ထိထိရောက်ရောက် တားဆီးနိုင်ဖို့ လိုအပ်ပြီး တရားဥပဒေ စိုးမိုးမှု ရှိအောင် လုပ်ဆောင်ဖို့သလို လူမျိုးဘာသာ မရွေး တရားဥပဒေ အတိုင်း တန်းတူညီမှု ရှိဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။ အပြည့်အစုံ
 
ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း
မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ တပ်မတော် ပါဝင်ဖို့ ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်နေ့မှာ ပြောကြားလိုက်တဲ့ သတင်း၊ မိတ္ထီလာ အဓိကရုဏ်း နောက်ဆက်တွဲ အခြေအနေနဲ့ ကုလရဲ့ တုန့်ပြန်မှု၊ ရိုဟင်ဂျာတွေကို ပြန်လည်ထူထောင်ရေး နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး အဖွဲ့ကြီးက ဝေဖန်လိုက်တဲ့ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
ပါကစ္စတန် ရွေးကောက်ပွဲနဲ့ အရပ်သားအစိုးရ ပါကစ္စတန် ရွေးကောက်ပွဲနဲ့ အရပ်သားအစိုးရ
ပါကစ္စတန်နိုင်ငံမှာ လာမယ့်မေလ ၁၁ ရက်နေ့ကြရင် ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲကနေ အစိုးရသစ်တရပ် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ နိုင်ငံရေး ပြဿနာတွေ ကြုံခဲ့ရတဲ့ ပါကစ္စတန် သမိုင်းမှာတော့ အခုရွေးကောက်ပွဲက အရပ်သားအစိုးရတရပ် ပထမဆုံးအကြိမ် သက်တမ်းပြည့် တာဝန်ယူပြီး ဆန္ဒမဲတွေနဲ့ အာဏာလွှဲပြောင်းနိုင်မယ့် မှတ်ကျောက်တခု ဖြစ်လာမယ့် အလားအလာတွေလည်း ရှိနေတာပါ။ ပါကစ္စတန်နိုင်ငံမှာ စစ်ဖက်နဲ့ အရပ်ဖက်ကြား ဆက်ဆံရေး အပြောင်းအလဲတွေက ရောင်ပြန်ဟပ်လာတဲ့ နိုင်ငံရေး အကျိုးဆက်တွေအကြောင်းကိုတော့ အစ္စလမ်မာဘတ်မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Sharon Behn သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment