Thursday, March 7, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မတ်လ ၀၇၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မတ်လ ၀၇၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

NLD ပါတီညီလာခံမတိုင်မီ ကိုယ်စားလှယ်တချို့ ထုတ်ခံရ NLD ပါတီညီလာခံမတိုင်မီ ကိုယ်စားလှယ်တချို့ ထုတ်ခံရ
"ဗဟိုကော်မတီက စစ်ဆေးကြည့်တဲ့အခါ တချို့ လုပ်ရပ်တွေက မှန်နေတယ်ဗျ။ အုပ်စုဖွဲ့တဲ့ သဘောမျိုးလေးတွေ ဖြစ်နေတာပေါ့ဗျာ။ အဲ့ဒီသတင်းကို လူကြီးတွေကို တင်ပြတယ်။ လူကြီးတွေက အဲ့ဒါဆိုရင်တော့..." အပြည့်အစုံ
 
လက်ပံတောင်းကြေးနီစီမံကိန်းတ၀ိုက် ပုဒ်မ ၁၄၄ သက်တမ်းတိုး လက်ပံတောင်းကြေးနီစီမံကိန်းတ၀ိုက် ပုဒ်မ ၁၄၄ သက်တမ်းတိုး
"ဒီနေ့ဆိုရင် အသစ်ပြောင်းလာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းကနေ မတ်လ ၁ ရက်နေ့က ဧပြီလ ၃၀ ရက်နေ့အထိ ဆိုပြီးတော့ ၂ လ သက်တမ်းတိုးပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကိုလည်း ထပ်မံ ထုတ်ပြန်လိုက်ပါတယ်" အပြည့်အစုံ
 
သမ္မတဦးသိန်းစိန် အီတလီအစိုးရနဲ့ တွေ့ဆုံ သမ္မတဦးသိန်းစိန် အီတလီအစိုးရနဲ့ တွေ့ဆုံ
"၂၀၁၅ ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင် အာင် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ သမ္မတကို ကျနော်တို့ အားပေးပါတယ်" အပြည့်အစုံ
 
KIO နဲ့ဆက်နွယ်သူအဖြစ် ဖမ်းဆီးခံရသူအများအပြားရှိနေဆဲ KIO နဲ့ဆက်နွယ်သူအဖြစ် ဖမ်းဆီးခံရသူအများအပြားရှိနေဆဲ
"ဒီလူတွေ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် ဆွေးနွေးနေတာတွေ ရှိပါတယ်။ နောက်တခုဆိုးတာက ဒီလူတွေထဲက တချို့ဟာ စွပ်စွဲပြီး အဖမ်းခံရတာမျိုးတွေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရပါတယ်" အပြည့်အစုံ
 
နိုင်ငံတကာ

တောင်ကိုရီးယားနှင့် ပဋိပက္ခအလားအလာ မြောက်ပိုင်းကြိုပြင် တောင်ကိုရီးယားနှင့် ပဋိပက္ခအလားအလာ မြောက်ပိုင်းကြိုပြင်
"အများပြည်သူသုံး ဘတ်စ်ကားတွေ၊ ရထားတွေကို ရန်သူမမြင်အောင် အကာအကွယ်လုပ် ဖုံးကွယ်ထားတာတွေကို မြောက်ကိုရီးယား အာဏာပိုင်တွေ စတင် လုပ်ဆောင်နေပြီလို့" အပြည့်အစုံ
 
ဝါရှင်တန် နှင်းမုန်တိုင်း နယူးယောက်ခ်ဘက်ကို ရွေ့ ၀ါရှင်တန် နှင်းမုန်တိုင်း နယူးယောက်ခ်ဘက်ကို ရွေ့
"ဗုဒ္ဓဟူးနေ့မှာတော့ ကြီးမားတဲ့ နှင်းမုန်တိုင်းနဲ့ ယာဉ်အသွားအလာ အန္တရာယ်ကြီးမယ်ဆိုပြီး ခန့်မှန်းချက်နဲ့ ဖယ်ဒရယ်အစိုးရ ရုံးတွေ၊ ကျောင်းတွေကို ပိတ်ပစ်လိုက်ပါတယ်" အပြည့်အစုံ
 
ဗင်နီဇွဲလားသမ္မတ ကွယ်လွန်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ၀မ်းနည်း ဗင်နီဇွဲလားသမ္မတ ကွယ်လွန်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ၀မ်းနည်း
"ဗင်နီဇွဲလားနိုင်ငံ သမ္မတ ဟူဂို ချားဗက်ဇ် ကွယ်လွန်တဲ့အပေါ် အများအပြားက ဝမ်းနည်းစကား ဆိုခဲ့ကြသလို ဗင်နီဇွဲလား ပြည်သူတွေကို မျှော်လင့်ချက် မပျက်ကြဖို့ အားပေးခဲ့ကြ" အပြည့်အစုံ
 
တောင်-မြောက် ကိုရီးယား တင်းမာမှုကြီးထွား တောင်-မြောက် ကိုရီးယား တင်းမာမှုကြီးထွား
"မြောက်ကိုရီးယားက စစ်အင်အားသုံးပြီး တောင်ကိုရီးယား ပြည်သူလူထု အသက်အိုး အိမ် လုံခြုံမှုကို ထိပါးလာမယ်ဆိုရင် ရန်လိုသူတွေရော အမိန့်ပေးသူတွေကိုပါ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့ တောင်ကိုရီးယား ဗိုလ်ချုပ်ကြီး Kim Yong hyun က ပြောဆို" အပြည့်အစုံ
 
ဘော်နီယိုပဋိပက္ခ ဖိလစ်ပိုင်လက်နက်ကိုင် ၁၃ ယောက်သေ ဘော်နီယိုပဋိပက္ခ ဖိလစ်ပိုင်လက်နက်ကိုင် ၁၃ ယောက်သေ
"ဖိလစ်ပိုင်လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ တစိတ်တပိုင်းလို့ ယူဆကြတဲ့ လက်နက်ကိုင် ၁၃ ယောက်ထက်မနည်းကို မလေးရှားတပ်ဖွဲ့တွေက သုတ်သင် လိုက်ပါတယ်။" အပြည့်အစုံ
 
ကျန်းမာရေး

ကိုယ်ဝန်ဆောင်မိခင် ထိခိုက်ဒဏ်ရာရရှိခြင်း ကိုယ်ဝန်ဆောင်မိခင် ထိခိုက်ဒဏ်ရာရရှိခြင်း
မတ် ၆၊ ၂၀၁၃ - ကိုယ်ဝန်ဆောင်မိခင်များ ထိခိုက်ဒဏ်ရာရကြတာကြောင့် အသက်ဆုံးရှုံးမှုတွေ လျှော့ချနိုင်အောင် ဘာတွေသိဖို့၊ လုပ်ဖို့ လိုအပ်ပါသလဲ။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

မြန်မာ့အပြောင်းအလဲအပေါ် VOA ဝိုင်းတော်သားတဦးအမြင် မြန်မာ့အပြောင်းအလဲအပေါ် VOA ဝိုင်းတော်သားတဦးအမြင်
မတ် ၆၊ ၂၀၁၃ - မြန်မာပြည်က ပြန်လည်ရောက်ရှိလာတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဝင်းမင်းနဲ့ မြန်မာ့အပြောင်းအလဲ ဆွေးနွေးသုံးသပ်ထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ (၀၃၊၀၇၊၂၀၁၃) နေ့ စဉ်တီဗွီသတင်းလွှာ (၀၃၊၀၇၊၂၀၁၃)
သမ္မတဦးသိန်းစိန်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ အီတလီနိုင်ငံရောမြို့ မှာ အီတလီခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ သတင်း၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့သတင်း၊ ဗင်နီဇွဲလားသမ္မတ Hugo Chavez ရဲ့ ဈာပနသတင်း...စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဗင်နီဇွဲလားနိုင်ငံရေးထဲက  Hugo Chavez ဗင်နီဇွဲလားနိုင်ငံရေးထဲက Hugo Chavez
ကင်ဆာရောဂါကို လပေါင်းအတော်ကြာခံစားနေရတဲ့ ဗင်နီဇွဲလား သမ္မတ Hugo Chavez ဟာ ဗင်နီဇွဲလားနိုင်ငံ Caracas မြို့မှာ အင်္ဂါနေ့ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက သူဟာ ကျူးဘားနိုင်ငံ Havana မြို့မှာ ကင်ဆာရောဂါ နဲ့ ပက်သက်ပြီး ပထမဆုံး ဆေးကုသမှုခံယူခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာတော့ သမ္မတ Hugo Chavez ဟာ သာမန်ပြည်သူလူထုရဲ့ အကျိုး ကို ရှေုးရှုတဲ့ အာဏာရှင်ခေါင်းဆောင် တယောက်အဖြစ်ရှုမြင်ကြ ပါတယ်။ ဒါပေမယ့် သူဟာ အမေရိကန်နိုင်ငံ နဲ့ ပက်သက် လို့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခဲ့သူ တဦးဖြစ်ပါတယ်။ သမ္မတ Hugo Chavez ရဲ့ အကြောင်းနဲ့ပက်သက်ပြီး ဗွီအိုအေ သတင်းထောက် Brian Padden နဲ့ Bill Rodgers တို့ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း
ဥရောပနိုင်ငံတွေကို ခရီးထွက်နေတဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ မနေ့က အီတလီနိုင်ငံရောမမြို့တော်ကို ရောက်ရှိပြီး အီတလီ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့သတင်း၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ရန်ကုန်မှာ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီး ကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာနဲ့ အတူ ကချင်သူပုန်နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ဥပဒေ ပညာရှင်တွေက တောင်းဆိုလိုက်တဲ့ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
မြန်မာ့အထည်ချုပ်လုပ်ငန်း အလားအလာ မြန်မာ့အထည်ချုပ်လုပ်ငန်း အလားအလာ
မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့ အရေးယူတာတွေ မချမှတ်ခင်တုန်းကဆိုရင် နိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းက ထွက်သမျှ ထက်ဝက်ကျော်ကို အမေရိကန်ပြည်ထောင်စုဆီ တင်ပို့ခဲ့တာပါ။ အခုတော့ အမေရိကန်ရဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်တာနဲ့အမျှ အမေရိကန်ဈေးကွက် ပြန်ပွင့်လာတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်မြင့်မားမား ရှိလာနေပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ရဲ့ အလုပ်အကိုင်နဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စံချိန်စံညွှန်းတွေကြောင့် ဈေးကွက်ပွင့်တဲ့အရှိန်ဟာ ခပ်နှေးနှေးပဲဖြစ်လိမ့်မယ်လို့ အထည် ချုပ်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Daniel Schearf ရန်ကုန်ကနေ ပေးပို့ ထားတဲ့သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။ အပြည့်အစုံ
 
အစ္စရေး အမေရိကန် ပြည်သူ့ရေးရာကော်မတီ အစ္စရေး အမေရိကန် ပြည်သူ့ရေးရာကော်မတီ
အမေရိကန် နိုင်ငံရေးအပေါ် အထူး သြဇာသက်ရောက်မှု ရှိတဲ့ AIPAC အစ္စရေး အမေရိကန် ပြည်သူ့ရေးရာကော်မတီက မကြာသေးခင်က ၀ါရှင်တန်မြို့တော်မှာ အစည်းအဝေးကြီး တရပ် ကျင်းပခဲ့ပါတယ်။ အီရန်နိုင်ငံရဲ့ နျုကလီးယားအရေး စိုးရိမ်မှုတွေအကြောင်း ပြောဆိုချက်တွေက အစည်းအဝေးကွှိုမ်းမိုးတဲ့အဓိက ကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။ VOA သတင်းထောက် Meredith Buel ရဲ့ သတင်းပေးပို့ချက်ကို ဦးသန်းလွင်ထွန်းက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
သီရိမင်္ဂလာ ဘုန်းကြီးသင်ပညာရေး သီရိမင်္ဂလာ ဘုန်းကြီးသင်ပညာရေး
တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်ထဲမှာရှိတဲ့ သီရိမင်္ဂလာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းလေးဟာ ရန်ကုန်တိုင်းရှိ ဘ က ကျောင်းပေါင်း ၁၈၀ အနက် ၁၉၆၃ ခုနှစ်ကတည်းက ရပ်တည်လာခဲ့တဲ့ကျောင်းလေးဖြစ်ပါတယ်။ မွေးစာရင်းနဲ့ နေရပ်လိပ်စာ အတည်တကျမရှိ၊ သတ်မှတ်အသက်ကျော်လို့ ကျောင်းဝင်ခွင့်မရှိ စတဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းလေးအကြောင်း ရန်ကုန်မြို့ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
Look Good Feel Good Look Good Feel Good
ဓာတ်ကင်တဲ့နည်းနဲ့ ဆေးကုသမှုခံယူနေကြတဲ့ ကင်ဆာဝေဒနာရှင် အများအပြားဟာ ရောဂါသက်သာစေဖို့ အတွက်သာမက ကုထုံးကရလာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ ဆံပင်ကျွတ်တာ၊ အရေပြားတွေ ပျက်စီးတာလို ပြဿနာတွေကြောင့် ကင်ဆာရောဂါက သက်သာလာပေမဲ့ ရောဂါကို ရင်ဆိုင်ရာမှာ ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ သုတေသနလေ့လာချက်တွေက တွေ့ရှိခဲ့ကြတာပါ။ အခုအခါမှာတော့ နေလို့လည်းကောင်း ကြည့်လို့လည်းကောင်းလို့ အမည်ပေးထားတဲ့ အစီအစဉ်သစ်မှာတော့ ဆေးဝါးနဲ့သာမကတော့ပဲ မိတ်ကပ်အကူနဲ့ပါ ဝေဒနာရှင်တွေကို ကုစားပေးနေပါပြီ။ ဒီအကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် Sarah Zaman သတင်းပေးပို့ထားတာကို မနန္ဒာချမ်း ကတင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
တရုတ်နိုင်ငံ အဂတိလိုက်စားမှု နှိမ်နင်း တရုတ်နိုင်ငံ အဂတိလိုက်စားမှု နှိမ်နင်း
တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ ဦးဆောင်ပြီး အဂတိလိုက်စားမှုတွေကို တိုးမြှင့် နှိမ်နင်းမှုပြုလုပ်နေပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ တရုတ်ပြည်တောင်ပိုင်းက မြို့ကြီးတမြို့ဖြစ်တဲ့ ဂွမ်ဂျူးမြို့ဟာ ဒီအဂတိလိုက်စားမှုကို နှိမ်နင်းရာမှာ အဓိက စံပြအဖြစ် စတင်လုပ်ဆောင်တဲ့မြို့ဖြစ်ပါတယ်။ မတ်လ နှောင်းပိုင်းမှာဆိုရင်လည်း နန်ရှား ခရိုင်မှာ နေထိုင်သူတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ ငွေကြေး ကား အိမ်ရာ စတာတွေနဲ့ နိုင်ငံခြားခရီးသွားလာမှုတွေကို တရားဝင် ထုတ်ဖေါ်ကြေညာတာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ တရုတ်ခေါင်းဆောင်တွေ ပိုမိုပွင့်လင်းမြင်သာမှုရှိအောင် တောင်းဆိုဖို့ အထောက်အကူလည်း ဖြစ်စေပါတယ်။ ဗွီအိုအေ သတင်းထောက် William Ide သတင်းပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြပါမယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment