ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ် လ ၂၉၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ အပြည့်အစုံ လူမျိုးရေးပဋိပက္ခကြောင့် လူမှုအကြပ်အတည်းဖြစ်ဖွယ် ကုလ သတိပေး မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့လူမျိုးရေး ပဋိပက္ခအသွင်ဆောင်တဲ့ အကြမ်းဖက်အဓိကရုဏ်းတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ကြုံနေရပြီလို့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA က အကြီးတန်းအရာရှိတဦးက သတိပေးပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ ဆူပူမှုတွေကို အရပ်ဘက်အုပ်ချုပ်မှုအာဏာ နဲ့ ထိရောက်စွာနှိမ်နင်းမည် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှု ထိပါးတဲ့လုပ်ရပ်မှန်သမျှ အုပ်ချုပ်မှုအာဏာအင်အားသုံး တားဆီးနှိမ်နှင်းသွားမှာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေနဲ့အညီ ရဲဝင့်ပြတ်သားစွာ ဆောင်ရွက်ကြဖို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ ။ အပြည့်အစုံ မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိထ္ထီလာမြို့နဲ့ ပဲခူးတိုင်း အနောက်ခြမ်းကမြို့နယ်တွေမှာ အခြေအနေတွေဟာ အနည်းငယ်ငြိမ်သက်သွားပြီလို့ ဆိုနိုင်ပေမဲ့ လုံခြုံရေးအခြေအနေကတော့ စိုးရိမ်နေရဆဲအနေအထားမှာရှိနေတယ်။ အပြည့်အစုံ သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ဘယ်လို အကူအညီပေးမလဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက်အခုလာမယ့် ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ် အပြည့်အစုံ ဆိုက်ပရက် ဘဏ်တွေ ပြန်ဖွင့် Cyprus ကျွန်းနိုင်ငံရဲ့စီးပွားရေး ပြိုပျက်လုဖြစ်ခဲ့တဲ့အတွက် ပိတ်ထားခဲ့ရတဲ့ နိုင်ငံတဝန်းက ဘဏ်တွေကို သီတင်း ၂ ပါတ်အကြာမှာ ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ အပြည့်အစုံ မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရတဲ့ တောင်ကိုရီးယားနိုင်ငံက စစ်တမ်းတခုမှာ စစ်ရေးနဲ့ တုံ့ပြန်ဖို့အများစုက လက်ခံတာကို တွေ့ရပါတယ်၊ အပြည့်အစုံ ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့  ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီအကြီးအကဲ က အကောင်းမြင်ပြောဆိုပေမဲ့ အချိန်အတိုင်းအတာတော့ ကြာလိမ့်မယ်လို့ ခန့် မှန်းပါတယ်။ အပြည့်အစုံ တောင်နဲ့မြောက်ကိုရီးယား နယ်စပ်ဖြတ်သန်းမှုရှိဆဲ နှစ်နိုင်ငံအကြား အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ အခြေအနေရှိနေတာကြောင့် ဆက်သွယ်ရေး လမ်းကြောင်း ဆက်ထားစရာ မလိုတော့ဘူးဆိုပြီးတော့ မြောက်ကိုရီးယားက စစ်ဘက်ဆိုင်ရာ တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်းကို ဗုဒ္ဓဟူးနေ့မှာ ဖြတ်တောက် လိုက်တာပါ။ အပြည့်အစုံ အင်္ဂလိပ်စာနဲ့ သီချင်းသံ ၁၇ရာစုကစပြီး နံမည်ကျော်ခဲ့တဲ့ သီချင်းကအစ အခုခေတ် ခေတ်စားနေတဲ့ သီချင်းအဆုံး နွေဦးပေါက်နဲ့ စတဲ့သီချင်းလေးတွေကို နားထောင်ရင်း အင်္ဂလိပ်စာလေ့လာလိုသူတွေအတွက် အထောက်အကူရမယ့် သီချင်းလေးတွေကို တင်ဆက်ထားပါတယ်။ အပြည့်အစုံ အကြမ်းဖက်မှုတွေကို လိုအပ်ရင်မြို့ ပြအင်အားသုံးပြီး ထိထိ ရောက်ရောက် တားဆီးသွားမှာဖြစ်တဲ့အကြောင်း မြန်မာသမ္မတဦးသိန်းစိန် ပြောဆို၊ ရန်ကုန်မြို့ မှာကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့သင့်မြတ်ရေး ဆုတောင်ပွဲ၊ လိင်တူချင်းလက်ထပ်ခွင့် နဲ့ မူစလင်နိုင်ငံတွေအပေါ် ရိုက်ခက်မှုတွေအကြောင်း... စသည် အပြည့်အစုံ အဓိကရုဏ်းတွေကို လိုအပ်ရင် အင်အားသုံး ဖြေရှင်းမယ်လို့ သမ္မတ ဦးသိန်းစိန် ပြောဆို၊ ကချင်ဒေသ စစ်ရေး သတင်းနဲ့ ငြိမ်းချမ်းရေး အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ မတူညီတဲ့ ဘာသာဝင်တွေ အကြားမှာ အကြမ်းဖက် ဆူပှုမှုတွေ ဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေပြီးတော့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေကို လက်မခံနိုင်ဘူးလို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ခေါင်းဆောင်ပိုင်းတွေက မတ်လ ၂၈ရက် နေ့မှာသတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ပြီးတော့ ပြောလိုက်တာပါ။ အခုလို ဘာသာရေးနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်လှုပ်ရပ်တွေ ဖြစ်ပွားနေတဲ့ ကိစ္စတွေအပ်ါမှာ ၈၈မျိုးဆက်ကျောင်းသားတွေက ဘယ်လို ရှုမြင်သလဲ ဆိုတာနဲ့ ပါတ်သတ်ပြီး ကိုအောင်အောင် က ဆက်လက်တင်ပြပါလိမ့်မယ်။ အပြည့်အစုံ လိင်တူချင်းထိမ်းမြားလက်ထပ်တဲ့အပေါ် အငြင်းအခုန်ဖြစ်နေတဲ့ကိစ္စ နဲ့ ပက်သက်ပြီး အမေရိကန် တရားရုံးချုပ်မှာ ကြားနာစစ် ဆေးနေပါတယ်။ လက်ထပ်တယ်ဆိုတာ အမျိုးသားတဦး နဲ့ အမျိုးသမီးတဦးအကြားမှာပဲရှိရမယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ ၁၉၉၆ ခုနှစ် ပြည်ထောင်စုဥပဒေအပေါ်ကို အခြေခံပြီးတော့ တရားရုံးမှာ ကြားနာစစ်ဆေးမှုတွေပြုလုပ်နေတာပါ။ တရားရုံးချုပ်ရဲ့ ဒီ ကြားနာစစ်ဆေးမှုဟာ ပါကစ္စတန်အပါအ၀င် ကမ္ဘာတ၀ှမ်းမှာရှိတဲ့ မွတ်စလင်နိုင်ငံတချို့ကိုလည်း ရိုက်ခတ် မှုတွေရှိနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Sharon Behn ရဲ့ သတင်းပေးပို့ချက်ကိုကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။ အပြည့်အစုံ အိန္ဒိယ နိုင်ငံမှာ ဆယ်စုနှစ် တခုအတွင်း ပထမဆုံး အကြိမ် အဖြစ်နဲ့ ကား ရောင်းအား ကျလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ တချိန်တခါက ကမ္ဘာ့ ကုမ္ပဏီတွေ လုပ်ငန်း တိုးချဲ့ဖို့ အတွက် ရွေးချယ်ကြတဲ့ အိန္ဒိယရဲ့စီးပွားရေး နှေးကွေးလာတာက ကားထုတ်လုပ်ရေး လုပ်ငန်းပေါ်မှာ ဘယ်လို ရိုက်ခတ်မှု ရှိနေလဲ ဆိုတာကိုတော့ ဗွီအိုအေ သတင်းထောက် Aru Pande သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက်က တင်ပြပေးမှာပါ။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို
လူမျိုးရေးပဋိပက္ခကြောင့် လူမှုအကြပ်အတည်းဖြစ်ဖွယ် ကုလ သတိပေး
မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး
သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်
ဆိုက်ပရက် ဘဏ်တွေ ပြန်ဖွင့်
မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို
ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ
တောင်နဲ့မြောက်ကိုရီးယား နယ်စပ်ဖြတ်သန်းမှုရှိဆဲ
အင်္ဂလိပ်စာနဲ့ သီချင်းသံ
No comments:
Post a Comment